ဆုနှစ်ဆုရခဲ့တဲ့ အလှမယ်ဟန်သီ ဂုဏ်ပြုပွဲမှာ ဘာတွေပြောသွားလဲ

Wednesday, December 10, 2014











 


ပိုလန်နိုင်ငံမှာကျင်းပခဲ့တဲ့ Miss Supranational 2014 ပြိုင်ပွဲကိုသွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာ အလှမယ် ဟန်သီဟာ ဒီဇင်ဘာလ(၅)ရက်နေ့မှာ မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာခဲ့ပြီး သူ့ရဲ့ Congratulation Party ကို ဒီဇင်ဘာလ(၈)ရက်နေ့ ညနေ(၆)နာရီ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲကို အနုပညာ မောင်နှမများ၊ ပြိုင်ပွဲအတွက်ပါဝင်ကူညီပေးခဲ့သူများ၊ သူငယ်ချင်းများနဲ့ စာနယ်ဇင်းဆရာ၊ ဆရာမများ လည်း တက်ရောက်ခဲ့ကြတာပါ။

အလှမယ် ဟန်သီဟာ Miss Supranational 2014 ပြိုင်ပွဲမှာ Miss Supranational Asia & Oceania 2014 နဲ့ Miss Internet ဆုနှစ်ဆုကို ရရှိခဲ့တာပါ။ ဒါကြောင့်လည်း အခုလို Congratulation Party ကို ပြုလုပ်ခဲ့ခြင်းပါ။





ဒီပါတီပွဲမှာ သူ့ရဲ့ ပြိုင်ပွဲဝင် အတွေ့အကြုံတချို့နဲ့ ကျေးဇူးတင်ထိုက်သူတချို့ကို ကျေးဇူးတင်မိကြောင်း ပြောကြားခဲ့သမျှကို ဧရာဝတီဘလော့ဂ် ပရိတ်သတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

“ဟန်သီဒီဆုနှစ်ဆုကို ရခဲ့ပါတယ်၊ Miss Internet ဆုကိုရခဲ့တယ်ဆိုတာ ဟန်သီရဲ့ပရိသတ်တွေက အားပေးခဲ့လို့ရခဲ့တာပါ။ အားပေးတယ်ဆိုတာကလည်း ပရိသတ်တဦးချင်းစီရဲ့ အားပေးမှုကြောင့်ရခဲ့တာပါ။ ဟန်သီပြိုင်တဲ့ပြိုင်ပွဲက တခြားပွဲတွေနဲ့မတူဘဲ ပိုက်ဆံပေးပြီး Vote လုပ်ရတဲ့ပွဲပါ။ ဒါကြောင့်ပိုက်ဆံတွေကုန်ခံပြီး Vote လုပ်ပေးခဲ့တဲ့ပရိသတ်တွေ တဦးတယောက်ချင်းစီကိုလည်း ဟန်သီကျေးဇူးတင်ပါတယ်။ ဟန်သီကို Vote မလုပ်ပေးခဲ့ဘူးဆိုရင် ဟန်သီ ဒီဆုကိုရခဲ့မှာမဟုတ်ပါဘူး။ နောက်ထပ်ဆုတခုဖြစ်တဲ့ Miss Supranational Asia & Oceania ဆုကလည်း အာရှတိုက်တခုလုံး ကိုယ်စားရခဲ့တဲ့အတွက် အာရှတိုက်တခုလုံးကိုယ်စား
ဟန်သီကြိုးစားသွားပါမယ်။ နောက်ပြီး ဟန်သီရခဲ့တဲ့ အတွေ့အကြုံတွေကလည်း အများကြီးပါပဲ။

ပွဲတလျှောက်လုံးမှာလည်း အတွေ့အကြုံတွေများသလို အခက်အခဲတွေလည်း အများကြီးတွေ့ခဲ့ရပါတယ်။ အဓိကကတော့  Friendship အတွေ့အကြုံတွေသိခဲ့ရပါတယ်။ ပြိုင်ပွဲဝင်အယောက်(၇၀)နဲ့ ညီအမတွေလို
 နေထိုင်ခဲ့ရတဲ့အတွက် အရမ်းကိုပျော်ရွှင်ခဲ့ပြီး ဘာနဲ့မှမလဲနိုင်တဲ့ ပျော်ရွှင်မှုတခုပါပဲ။ ပြိုင်ပွဲရဲ့ဝတ်စုံ အကုန်လုံး အတွက်ကြိုးစားခဲ့ရပါတယ်။ ဟန်သီ ပိုလန်နိုင်ငံမှာ ပြိုင်နေတဲ့အချိန်မှာ မြန်မာနိုင်ငံကို ချစ်တဲ့စိတ် တခုထဲနဲ့ ယှဉ်ပြိုင်ခဲ့တာပါ။ မြန်မာနိုင်ငံအတွက် ကြိုးစားရမယ်ဆိုတဲ့စိတ်တခုထဲနဲ့ပဲ ပြိုင်ခဲ့ပါတယ်။  ဒီလို မြန်မာနိုင်ငံအတွက် ဂုဏ်ဆောင်ပြီးသွားရောက်ယှဉ်ပြိုင်ခဲ့တာကလည်း ဟန်သီရဲ့ Organization ကျေးဇူးကြောင့်ပါပဲ။ အဲ့ဒီအတွက်လည်း ကျေးဇူးတင်ပါတယ်။

မြန်မာနိုင်ငံကိုယ်စားသွားရောက်ယှဉ်ပြိုင်ခဲ့တာကိုလည်း အရမ်းဂုဏ်ယူမိပါတယ်။ ဟန်သီရဲ့ Congratulation Party ကို လာရောက်ပေးကြတဲ့ လူကြီးမိဘတွေအကုန်လုံးနဲ့ သူငယ်ချင်းတွေ၊ စာနယ်ဇင်းက ဆရာဆရာမတွေအကုန်လုံးကိုလည်း ကျေးဇူး အများကြီး တင်ပါတယ်" လို့ ဟန်သီ က ကျေးဇူးတင်စကားဟြေခဲ့ပါတယ်။





0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved