ထိုင်းဘုရင့်သားရဲ့ ကြင်ယာတော် တော်ဝင်ဘွဲ့ စွန့်လွှတ်

Sunday, December 14, 2014


ထိုင်း ဘုရင့်သားတော် မင်းသား Maha Vajiralongkorn ရဲ့ ကြင်ယာတော်ထံက တော်ဝင် အဆောင် အယောင် ဘွဲ့တံဆိပ်အမည်နာမတို့ကို ရုပ်သိမ်းလိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ထိုင်းဘုရင် မင်းမြတ် ရဲ့ 
သောကြာနေ့က ကြေညာချက်မှာ လက်ခံခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။ 



 ထိုင်းဘုရင့်သားတော် မင်းသား မဟာနှင့် ကြင်ယာတော်၊ ဓာတ်ပုံ- EPA 

ထိုင်းဘုရင့်သားတော် မဟာ မင်းသားရဲ့ ကြင်ယာတော် Srirasmi အနေနဲ့ သီရီတော်ဝင်ဘွဲ့ကို စွန့်လိုက် လိုက်ရတာနဲ့ပတ်သက်ပြီး နန်းတော်ရဲ့ ကြေညာချက်မှာ ဘာမှ မပြောထားပါဘူး။ 

ဒါပေမယ့် မကြာသေးခင်ကပဲ ထိုင်းဘုရင့်သားတော်က ထိုင်းအစိုးရထံကို သူ့ကြင်ယာရဲ့ ဆွေမျိုးတွေ ဆက်ခံခွင့်ရထားတဲ့ တော်ဝင်ဘွဲ့တွေကို ရုပ်သိမ်းပေးဖို့ အကြောင်းကြားထားခဲ့ပါသေးတယ်။ 

ဒါကလည်း ထိုင်းနိုင်ငံမှာ အလွန်လူသိများနေတဲ့ အကျင့်ပျက် ခြစားမှုနဲ့ ရာဇ၀တ်မှု၊ တော်ဝင်နန်းတော် ဂုဏ်သိက္ခာ ထိခိုက် စေမှု စတာတွေနဲ့ ဖမ်းဆီးခံလိုက်ရသူ အထူးစုံစမ်းစစ်ဆေးရေး ရဲဌာန အကြီးအကဲ CIB ရဲချုပ်နေအိမ်မှ  ရရှိပိုင်ဆိုင်ထားတဲ့ ဘီလျံနဲ့ ချီတဲ့ ထိုင်း ဘတ်ငွေတွေ၊ ရှေးဟောင်း ပစ္စည်းတွေနဲ့ ရတနာတွေ၊ နေအိမ် နဲ့ မြေယာပိုင်ဆိုင်မှု စာချုပ် စာတမ်းတော်တော်များများ စတာတွေကို ထိုင်းရဲတွေက သိမ်းဆည်းရမိခဲ့ပါတယ်။

အဲဒီ ရဲချုပ်ဆိုသူနဲ့ ထိုင်းဘုရင့်သားတော် မင်းသားရဲ့ တတိယမြောက် ကြင်ယာတော်၏ ဦးလေးတော်စပ်ပြီး အဲဒီ အမှုတွေမှာ ပါဝင် ပတ်သက်သူတွေက ကြင်ယာတော်ရဲ့ ဆွေမျိုးတော်စပ်ကြပါတယ်။ 

အခုလို လူသိရှင်ကြား ဘုရင့်သားတော်၏  ကြင်ယာတော်ရဲ့ တော်ဝင်ဘွဲ့ကို စွန့်လွှတ်လိုက်တာဟာ ကွာရှင်းဖို့ အတွက်ဖြစ်မယ်လို့ ထိုင်း နိုင်ငံသားတွေက မှတ်ချက်ပေးနေကြပါတယ်။ 

ထိုင်းဘုရင့်သားတော် မင်းသား မဟာနဲ့ အဆိုပါ ကြင်ယာတော်တို့မှာ သား ယောက်ျားတဦး ထွန်းကားပါတယ်။ 


အိမ့်သံစဉ် ~








 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved