ဆက်သွယ်မှုဧရိယာပြင်ပရောက်နေတဲ့ အကယ်ဒမီဆန်ခါတင် ဒါရိုက်တာများ

Monday, December 1, 2014


ဒီဇင်ဘာ ၂၇ ရက်နေ့တွင် စမ်းချောင်းမြို့နယ် ရှင်စောပုလမ်းမှာရှိတဲ့ Myanmar Event Park(M.E.P) မှာ ပြုလုပ်မယ့် ရုပ်ရှင်အကယ်ဒမီဆုပေးပွဲကြီးလည်း နီးလာပြန်ပါပြီ။


၂၀၁၂ အကယ်ဒမီမြင်ကွင်း (ဓာတ်ပုံ-ဂျေပိုင်/ ဧရာဝတီ)


ဒီနှစ်ပေးမယ့် အကယ်ဒမီပွဲကတော့ ၂၀၁၃ ခုနှစ်က ရုံတင်ခဲ့တဲ့ ဇာတ်ကားတွေကို ပေးမယ့်ပွဲလို့ဆိုနိုင်ပါတယ်။

၂၀၁၃ ခုနှစ်မှာ ရုံတင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား ၁၅ ကားထဲက ဆန်ခါတင် ၆ ကားကိုရွေးချယ်ထားပြီး အဲ့ဒီ ရုပ်ရှင်ဇာတ်ကား ခြောက်ကားထဲကမှ အကယ်ဒမီဆုတွေ ရွေးချယ်ပေးသွားမှာပါ။

ဒါရိုက်တာ ၄ ဦးရဲ့ ဆန်ခါတင်ရုပ်ရှင် ခြောက်ကားကတော့ ဒါရိုက်တာ ၀ိုင်းရဲ့ “စေတန်ရဲ့ကချေသည်”နဲ့ “နင်စေရင်”၊ ဒါရိုက်တာ ကိုဇော်(အာရုဏ်ဦး) ရဲ့
“ကိုယ့်အထာနဲ့ကိုယ်” နဲ့ “အဖြူရောင် ရဲတိုက်”၊ ဒါရိုက်တာ ၀င်းထွန်းထွန်းရဲ့ “စုန်းပြူး”၊ ဒါရိုက်တာ ပန်းချီစိုမိုးရဲ့ “ကြယ်စင်မော်ကွန်း” တို့ဖြစ်ပါတယ်။

အကယ်ဒမီပေးပွဲ နီးလာပြီဆိုရင် ဆန်ခါတင်ထဲမှာ ပါဝင်ကြတဲ့ ဟော့ပ်ဖြစ်နေတဲ့ သရုပ်ဆောင်တွေ ဒါရိုက်တာတွေရဲ့ ရင်တွင်းစကားသံတွေ အထင်တွေ အမြင်တွေကို မီဒီယာတွေကမေး အနုပညာရှင်တွေ ကလည်း ပြန်ဖြေကြတာ ထုံးစံပါပဲ။

ဒါကြောင့် ဒီလို ရွေးချယ်ခံရတဲ့ ဆန်ခါတင် ရုပ်ရှင်ဇာတ်ကား ခြောက်ကားရဲ့ ဖန်တီးရှင် ဒါရိုက်တာတွေဆီက ရင်တွင်းစကားသံတွေ ထင်မြင်ချက် အယူအဆလေးတွေများ ရလိုရငြား ဧရာဝတီက ဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပါတယ်။ ဒီလိုဆက်သွယ်တဲ့အခါမှာတော့ ..

ဒါရိုက်တာ ၀ိုင်း ကတော့ ဖုန်းအ၀င်ခေါ်ဆိုမှု ပိတ်ထားပါတယ်တဲ့။

ဒါရိုက်တာ ကိုဇော်(အာရုဏ်ဦး) က ဖုန်းပိတ်ထားပါတယ်တဲ့။

ဒါရိုက်တာ ၀င်းထွန်းထွန်းကတော့ ဖုန်းနဲ့ အင်တာဗျူးကို လက်မခံနိုင်ပါဘူးလို့ဆိုပါတယ်။

ဒါရိုက်တာ ပန်းချီစိုးမိုးကို ဆက်သွယ်တဲ့အခါမှာ ဖုန်းပိတ်ထားလို့ သူ့ရဲ့ အိမ်ဖုန်းကို ဆက်သွယ်မေးမြန်းတဲ့ အခါမှာ ခရီးထွက်သွားပါတယ်တဲ့။

ထူးထူးခြားခြားလို့ဆိုရမလားပါပဲ။ ဒါကြောင့်  ဒီနှစ်အကယ်ဒမီအတွက်  ရှားရှားပါးပါး ဒါရိုက်တာ လေးဦးရဲ့  မည်သည့်စကားသံမျှ  ဆက်သွယ်မရခဲ့ဘူးဆိုပါတော့။ 

များမကြာတဲ့ကာလတွေမှာလည်း ဝေဖန်သံတွေနဲ့ညံခဲ့တဲ့ ဒီနှစ် အကယ်ဒမီပေးပွဲကို ရုပ်ရှင်အစည်းအရုံးက တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved