ပြည်တွင်းမှာတင်ဈေးနည်းနည်းနဲ့အသစ်ရနိုင်မယ့် MG3 2014

Tuesday, December 2, 2014


ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကျနော် ပြည်လမ်းပေါ်က ဟံသာဝတီအဝိုင်းနားမှာ Showroomဖွင့်ထားတဲ့ MG ဆီကို ရောက်ဖြစ်တယ်ပေါ့။ ဒီမှာ ကျနော်ကြိုက်တဲ့ မော်ဒယ်တမျိုးဖြစ်တဲ့ MG3ကို ဈေးကွက်တင် ထားတာ တွေ့ရပြီးကျနော်လည်းရောက်တုန်းရောက်ခိုက်သူ့အကြောင်းလေးမေးလာခဲ့တယ်ပေါ့။အခုတော့
ကျနော်အဲဒီMG3အကြောင်းကို ပြန်ပြီး ဖောက်သည်ချပါရစေနော်။ မော်ဒယ်က အင်္ဂလန်မော်ဒယ်ဆိုတော့ ဒီဇိုင်းပိုင်းက ရုပ်ထွက် အနေနဲ့ဆိုရင်ဆွဲဆောင်မှုတော်တော်ကို ကောင်းတဲ့အနေအထားပါ။ ဒါပေမယ့် အတွင်းခန်းကတော့ တော်တော်လေးကိုရိုးရှင်းလွန်းပါတယ်။တန်ကြေးနည်းကားတစီးဆိုတော့လည်းအပြစ်တော့ပြောလို့မရဘူးပေါ့။နောက်ပြီးDisplayစနစ်ကတခါတည်းထည့်သွင်းထားတာမျိုးတော့မဟုတ်ဘူး။Upgradeလုပ်တဲ့အနေနဲ့  Original ပစ္စည်းကို တပ်ချင်တယ်ဆိုရင်လည်းလက်ခအခမဲ့နဲ့ထည့်ပေးမယ်တဲ့၊ ဒါပေမယ့်ပစ္စည်းဖိုးကတော့ လေးသိန်းလောက်ကုန်မယ်ပေါ့။

ဒါပေမယ့်အတွင်းခန်းမှာတခုသဘောကျမိတာကနောက်ဘက်ထိုင်ခုံတန်းကိုခေါက်သိမ်းနိုင်တဲ့စနစ်တခု။တကယ်တမ်းဆိုMG3ရဲ့နောက်ဘက်ဝန်တင်ခန်းကတော်တော်ကိုကျဉ်းတာပါ။ဒါပေမယ့်နောက်ဘက်ထိုင်ခုံတန်းကိုခေါက်လိုက်မယ်ဆိုရင်၉၃၈လီတာလောက်ထိအောင်ဆံ့ဝင်နိုင်မယ်ဆိုတာတော့ကောင်းပါတယ်။ပြီးတော့ရှေ့ဘီးနဲ့နောက်ဘီးထောက်ပမာဏကိုလည်းပုံမှန်ဖြစ်သင့်တဲ့အတိုင်းအတာထက်ပိုပြီးရှည်အောင်ဖန်တီးထားတယ်၊ဒီ့အတွက်ကတော့ခရီးသည်ခန်းကျယ်ဝန်းလာတာကိုတွေ့ရပါတယ်။

အင်ဂျင်ပိုင်းမှာ၁ဒသမ၅လီတာသုံးLVTiဆိုတဲ့အင်ဂျင်စနစ်မျိုးကMG3မှာမှတွေ့ရတဲ့အင်ဂျင်စနစ်၊ထုတ်လုပ်မှုတော့နည်းတယ်။ဒါပေမယ့်အသေးစားမော်ဒယ်တွေအတွက်တော့အဆင်ပြေတယ်။ဆီစားနှုန်းကကီလိုမီတာ၁၀ဝအတွက်ဆီ၆ဒသမ၆လီတာကုန်မယ်ဆိုတော့သင့်တင့်တဲ့အနေအထားတခုလို့ဆိုရမှာဖြစ်ပေမယ့်ကိုယ်ထည်လည်းအသေးစား၊အင်ဂျင်လည်းအနေတော်အခြေအနေမှာအမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု ကတော့ တနာရီ ၆၂မိုင်နှုန်းအတွက်အချိန်၁၁စက္ကန့်ခွဲထိအောင်ကြာမယ်ဆိုတာတော့အားနည်းချက်လို့ကျနော်ကဆိုချင်ပါတယ်။ပျမ်းမျှဆိုရင်၉စက္ကန့်ဝန်းကျင်လောက်ပဲကြာသင့်ပါတယ်။

နောက်တချက်ပြောစရာရှိတာကတော့Suspnesionစနစ်၊ရှေ့ဘက်ကMacPhersonကတော့သုံးနေ၊တွေ့နေကျဖြစ်သလိုကောင်းပါတယ်။နောက်ဘက်က Multi Linkနဲ့မလာပဲ H-Shaped Twist-beamနဲ့ဆိုတော့ နည်းနည်း ထူးခြားတယ်။ Test Driveတော့ မလုပ်လိုက်ရလို့ သူ့ရဲ့အခြေအနေကို မပြောတတ်ပေမယ့် ဝယ်မယ့်သူ ဆိုရင်တော့Test Driveပေးမယ်ဆိုတော့ စမ်းမောင်းရင်Suspesnionရဲ့ အခြေအနေကို တချက်လောက်အာရုံထားပြီးစမ်းသပ်ကြည့်လိုက်ရင်တော့အဆင်ပြေလိမ့်မယ်လို့ထင်ပါရဲ့နော်။တခြားအရေးကြီးတဲ့အသက်ကယ်လေအိတ်စနစ်နဲ့ဘရိတ်ပိုင်းတွေကတော့တော်တော်လေးစနစ်တကျဖန်တီးထားတာတွေ့ရပြီးမော်ဒယ်ကဈေးနှုန်း၁၅၈သိန်းနဲ့ဟံသာဝတီအဝိုင်းနားကLS Autoမှာဝယ်ယူနိုင်မှာပါ။


လင်းထက်(IA)


"ဧရာဝတီ ဂျာနယ် အမှတ် ၄၈ က Car Buying ကဏ္ဍမှ ပြန်လည်ကူးယူ ဖော်ပြထားပါသည်"

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved