၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအကြောင်း ကော်မရှင် ထုတ်ပြန်

Friday, January 2, 2015

၂၀၁၅ ခုနှစ်မှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမှာဖြစ်တဲ့အကြောင်း၊ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ကိစ္စတချို့ကို   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင်အသိပေးကြေညာချက်ထုတ်ပြန် လိုက်ပါပြီ။ 

၂၀၁၀ ရွေးကောက်ပွဲ၌ နေပြည်တော်မဲဆန္ဒနယ် တခုတွင် မဲပေးနေစဉ် (ဓာတ်ပုံ – သာလွန်ဇောင်းထက် / ဧရာဝတီ)

၂၀၁၅ ခုနှစ်ရဲ့ ပထမဆုံးနေ့သစ် ဖြစ်တဲ့ ဇန်နဝါရီလ ၁ ရက်နေ့မှာပဲ နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ အခု ၂၀၁၅ ခုနှစ် အောက်တိုဘာလကုန်/ နိုဝင်ဘာလဆန်းမှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမှာဖြစ် သ လို ရွေးကောက်ပွဲ အောင်မြင်ဖို့ ပြည့်စုံမှန်ကန်တဲ့ မဲစာရင်းလိုအပ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်က မဲစာရင်းကို အခု ပြုစုနေကြောင်း၊ နိုင်ငံသားတိုင်း မဲပေးရွေးကောက်တင်မြောက်ခွင့် ရှိကြောင်း ထုတ်ပြန်ပါတယ်။ 

 နိုင်ငံသားတိုင်းရွေးကောက် တင်မြောက်ခွင့်ရှိတဲ့ အခွင့်မရေး မဆုံးရှုံးစေဖို့ မဲစာရင်း ကြေညာတဲ့အခါ မိမိနာမည် ပါ၊ မပါ သွားကြည့်ပြီး နာမည်မတွေ့ရဘူးဆိုရင် ပုံစံ ၃ နဲ့ မဲပေးခွင့် တောင်းခံဖို့လိုတယ်လို့ ဆိုပါတယ်။ 

တခါ မဲပေးရမည့်သူရဲ့ အချက်အလက်မှားနေတယ်ဆိုရင်လည်း ပုံစံ ၄ နဲ့ ကန့်ကွက်ဖို့နဲ့ ပြင်ဆင်ပေး ဖို့ တောင်း ဆို ဖို့ လိုတယ်လို့ သိရပါတယ်။ 

မဲဆန္ဒရှင်ဟာ မြို့နယ် တခုကနေ အခြား မြို့နယ်တခုကို ပြောင်းရွှေ့နေထိုင်တဲ့အခါ အိမ်ထောင်စု စာရင်း ပုံစံ ၆၆/၆ ကို မပြောင်းပဲ ထားမယ်ဆိုရင် မဲဆန္ဒရှင်ရဲ့ အမည်ဟာ ယခင်နေထိုင်စာရင်းသွင်းထားတဲ့ မြို့နယ် မှာသာ ရှိနေမယ်ဆိုတာ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ပါတယ်။ 

 နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေက မြန်မာနိုင်ငံမှာ ကျင်းပမယ့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေဖို့ တိုက်တွန်း
ပြောဆိုနေကြပါတယ်။ 





 အိမ့်သံစဉ် ~ 





0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved