အထာကျမယ့်ဆောင်းဝတ်ဖက်ရှင်

Monday, January 12, 2015



ဓာတ်ပုံများ - တင်ထက်ပိုင်/ The Irrawaddy

 မင်္ဂလာရှိတဲ့၂၀၁၅ နှစ်သစ်ချိန်ခါကို ရောက်ရှိလာခဲ့ပါပြီ။ နှစ်တနှစ်ရဲ့နောက်ဆုံးလ အချမ်းအေးဆုံး ဒီဇင်ဘာလကို စွန့်ခွာခဲ့ပြီး နှစ်တနှစ်ရဲ့ ပထမဆုံးလ ဇန်နဝါရီထဲကို ရောက်လာခဲ့ပေမယ့် ချမ်းအေးမှု တို့က ပြေလျော့မသွားပါဘူး။

ဒီလိုချမ်းအေးတဲ့ဆောင်းရာသီကာလဟာဆိုရင်ရာသီဥတုအအေးဒဏ်ကိုကာကွယ်ရင်းအနွေးထည်၊မာဖလာ၊ ခေါင်းစွပ်ဝတ်လို့၊ရှူးဖိနပ်ဘွတ်ဖိနပ်အပြည့်အစုံဝတ်လို့ဆောင်းရာသီဖက်ရှင်တွေနဲ့ရှိုးထုတ်ပဲများလို့ကောင်းတဲ့အချိန်ပါ။

နောက်ပြီးဒီအချိန်ဟာ ခရီးသွားရာသီချိန်လည်း ဖြစ်လေတော့ရပ်ဝေးရပ်နီး၊ ပြည်တွင်းပြည်ပကို ခြေဆန့်ခရီး နှင်နေကြမယ့်သူတွေအတွက်ဘွတ်ဖိနပ်ကောင်းကောင်းတရံရှိဖို့လိုသလိုခရီးမသွားဘဲပုံမှန်ရုံးသွား၊ ကျောင်းတက်လုပ်နေတဲ့လူငယ်တွေအတွက်လည်းပေါ့ပေါ့ပါးပါးဝတ်ဖို့အနွေးထည်ပါးလေးတွေဆောင်ထားသင့်တဲ့ရာသီပါ။




 လူငယ်တွေကြားမှာအခုနောက်ပိုင်းအနွေးထည်တွေကိုကိုးရီးယားစတိုင်၊ကိုးရီးယားဒီဇိုင်းလေးတွေဝတ်လာကြ ပြီး အနွေးထည်တချို့ဆိုရင် နာမည်ကြီးအမျိုးသား K-pop အဆိုတော်အဖွဲ့တဖွဲ့ဖြစ်တဲ့ EXO အဖွဲ့ Logo စာလုံးနဲ့ဒီဇိုင်းဆင်ထားတာတွေ့ရပါတယ်။ အဲဒီလိုခေတ်ပေါ်ဒီဇိုင်းနဲ့ ခေါင်းစွပ်အနွေးထည် အင်္ကျီ အရောင်စုံကို လူငယ်ယောကျာ်းလေးတွေရောမိန်းကလေးတွေပါဝတ်ဆင်လာကြပြီးတချို့ဆိုရင်စုံတွဲဝတ်စုံလေးတွေကိုတောင်ဝတ်ဆင်လာကြတာကိုတွေ့မြင်ရပါတယ်။




ဒီနေ့ခေတ်လူငယ်မိန်းကလေးအများစုကတော့ကိုးရီးယားစတိုင်ချစ်စရာကောင်းတဲ့ Cute ဆန်ဆန် ပုံစံလေးတွေ၊ခေါင်းစွပ်ဦးထုပ်ရှည်ရှည်လေးတွေ၊ဒါမှမဟုတ်အနွေးထည်နဲ့ခေါင်းစွပ်တွဲလျက် Hoody အနွေးထည်ပုံစံလေးတွေကိုဝတ်ဆင်လေ့ရှိကြပါတယ်။V-shape ပုံစံကိုးရီးယား သိုးမွေးဆွယ်တာအရောင်စုံ၊ ချစ်စရာကောင်းတဲ့ Disney ကာတွန်းဇာတ်ကောင် ရုပ်ပုံလေးတွေနဲ့ အနွေးထည်အင်္ကျီစတာတွေကို ဒေါက်ပါတဲ့ဘွတ်ဖိနပ်၊အထာကျတဲ့ All Star Boots အရောင်လှလှလေးတွေနဲ့တွဲပြီးဝတ်ကြပါတယ်။



လူငယ်ယောကျာ်းလေးတွေဆိုရင်လည်းအနွေးထည်ကိုအရှေ့မှာအရုပ်ပုံခပ်ကြီးကြီးဒီဇိုင်းနဲ့ ခေါင်းစွပ်အနွေးထည်၊ကိုးရီးယားစတိုင်အနွေးထည်ကုတ်အင်္ကျီစတဲ့ပုံစံလေးတွေအဝတ်များပါတယ်။ဒါဟာ အခုခေတ်လူငယ်တွေကြားမှာခေတ်စားနေတဲ့ ကိုးရီးယား K-pop ခေတ်ရေစီးရဲ့ လွှမ်းမိုးမှုဖက်ရှင်ဂယက်လို့ ဆိုရင်လည်းမမှားပါဘူး။




ဒီတပတ်မှာတော့ The Irrawaddy  ခေတ်ရေစီးကဏ္ဍကနေ စာဖတ်ပရိသတ်တွေအတွက် လူငယ်တွေကြားမှာလတ်တလောခေတ်စားနေတဲ့ခေတ်ရေစီးကြောင်းပေါ်ကအထာကျကျဝတ်ဆင်နိုင်မယ့်အမျိုးသား၊ အမျိုးသမီးဝတ်ဆောင်းတွင်းဖက်ရှင်အနွေးထည်၊ ကုတ်အင်္ကျီအစရှိတာတွေကို ရိုက်ကူးရေးသား ဖော်ပြပေးလိုက်ပါတယ်။


သီဟတိုး


"အပတ်စဉ်ထုတ် ဧရာဝတီဂျာနယ် အတွဲ ၂ အမှတ်စဉ် ၂ မှ ကူးယူဖော်ပြသည်"

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved