ထိုင်း-မြန်မာ အနုပညာဖလှယ်ရေး ပန်းချီပြပွဲ ထိုင်းနိုင်ငံတွင်ကျင်းပမည်

Wednesday, January 14, 2015



ပန်းချီဆရာ မွန်သက်ရဲ့ လက်ရာမွန်များ (ဓာတ်ပုံ - နိုင်စွမ်း/ ဧရာဝတီ)

Thai - Myanmar Art Exchange ပန်းချီပြပွဲကို ထိုင်းနိုင်ငံ ကရာဘီ (Karabi) မြို့ ၊ Andaman Art Museum တွင် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ ကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီပြပွဲမှာ မြန်မာပန်းချီဆရာ ၁၅ ဦး ပါဝင်မှာဖြစ်ကာ ထိုင်းနိုင်ငံကို ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ရောက်ရှိပြီး ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ကရာဘီ မြို့နယ် ၀န်းကျင်ကို လှည့်လည်လေ့လာကြပါမယ်။ ဖေဖော်ဝါရီ ၃ ရက်နှင့် ၄ ရက်နေ့တွေမှာ မြန်မာ၊ ပိုလန် နဲ့ ထိုင်းပန်းချီဆရာတွေ စုပေါင်းပြီး ပြတိုက်မှာ Workshop ပြုလုပ်ကြမှာပါ။ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ မြန်မာ-ထိုင်း အနုပညာ ပူးပေါင်းဖလှယ်ရေး ပန်းချီပြပွဲ ဖွင့်ပွဲပြုလုပ်ပြသမှာဖြစ်တယ်လို့လည်း ပန်းချီဆရာ မွန်သက်က ပြောပါတယ်။

ပန်းချီဆရာ ၁၅ ဦးကတော့ မွန်သက်၊ ဗိဿနိုး . တင်ဝင်း သားကြီး၊ CNK ၊ ခင်ဇော်လတ်၊ သဲဇာ၊ လှထွန်းအောင်၊ မင်းဝေအောင်၊ နေမျိုးဆေး၊ မျိုးကျော်၊ လွန်းဖေ၊ မြတ်ထွန်းအောင်၊ အောင်စည်သူလှိုင် နဲ့ လူမင်းတို့ ဖြစ်ပါတယ်။ အလားတူပဲ ထိုင်း ပန်းချီဆရာတွေလည်း မြန်မာနိုင်ငံကို လာရောက်ပြီး ထိုင်း-မြန်မာ အနုပညာ ပူးပေါင်းဖလှယ်ရေး ပန်းချီပြပွဲကို မြန်မာနိုင်ငံမှာလည်း ကျင်းပသွားမှာဖြစ်ကာ အနုပညာရေးရာ ဆွေးနွေးမှုများ၊ လှည့်လည် လေ့လာခြင်းတွေ ပြုလုပ်ပြီး ပန်းချီပြပွဲတွေလည်း ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံတွင် ပြုလုပ်တဲ့ ပြပွဲနဲ့ Workshop တွေအတွက် သက်ဆိုင်ရာနိုင်ငံဘက်မှ ကျခံသုံးစွဲသွားမှာ ဖြစ်ကာ၊ မြန်မာနိုင်ငံမှာ ကျင်းပမယ့်အခါမှာလည်း ဦးဝင်းအောင်သူ (ANW ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်) တို့က ပံ့ပို့ ကူညီပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။


နိုင်စွမ်း








1 comments :

  1. Anonymous said... :

    Dear Sir Mon Thet,

    Please kindly return to my Gant Gaw flower (oil color art), I am waiting for you.........

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved