ပျက်ကျ အဲအေးရှားလေယာဉ် ကိုယ်ထည်ပိုင်းကို တွေ့ပြီ

Thursday, January 15, 2015


အင်ဒိုနီးရှားနိုင်ငံကနေ စင်ကာပူနိုင်ငံကို လူပေါင်း ၁၆၂ ဦးတင်ဆောင်ပျံသန်းရင်း ပြီးခဲ့တဲ့လက ပျက်ကျ သွားတဲ့ အဲအေးရှား Q Z8501 လေယာဉ်ရဲ့ ကိုယ်ထည်ပိုင်းကို ပင်လယ်ပြင်ကြမ်းပြင်မှာတွေ့ရှိထားပြီလို့ အင်ဒိုနီးရှားအာဏာပိုင်တွေက အတည် ပြု ပြောဆိုပါတယ်။ 

 ဓာတ်ပုံ-CNA

 လေယာဉ်ရဲ့ အဓိက ကိုယ်ထည်ပိုင်းနဲ့ တောင်ပံပိုင်းတွေကို လေယာဉ်ရှာဖွေရေးမှာ ပူးပေါင်းလုပ်ဆောင်နေတဲ့ စင်ကာပူ ရေတပ်သင်္ဘောတစီးက ဂျာဗား ပင်လယ်ကြမ်းပြင်မှာတွေ့ရှိခဲ့တာဖြစ်တယ်လို့ စင်ကာပူ ကာကွယ်ရေးဝန်ကြီးကလည်း ပြောဆိုတာကို CNA သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။  



မကြာခင်မှာ အဲဒီ ထပ်မံတွေ့ရတဲ့ လေယာဉ် ကိုယ်ထည်ပိုင်းနဲ့ တောင်ပံအပိုင်းအစတွေကို ထပ်မံ ဆယ်ယူ မှာဖြစ်တယ်လို့လည်း  သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်စက် Black Box ကို အောင်မြင်စွာ ဆယ်ယူရရှိပြီး အခုဆို စစ်ဆေးမှုတွေ လုပ်နေသလို လေယာဉ်မှူးအခန်းထဲက အသံတွေကို ဖမ်းယူထားတဲ့ Cockpit Voice Recorders ကိုလည်း ဆယ်ယူ ရရှိပြီးပါပြီ။ 

အခုလို Black Box ၊ အသံဖမ်းယူကိရိယာတွေကိုတွေ့ရှိခဲ့ပြီး စစ်ဆေးမှုတွေ လုပ်နေတဲ့ အတွက် အဲအေး ရှား လေယာဉ်နဲ့ ပတ်သက်ပြီး ဘာကြောင့်ပျက်ပျက်ကျရတယ်ဆိုတာ ထုတ်ပြန်ပြောဆိုနိုင်မှာဖြစ်ပါတယ်။ 

 လေယာဉ်ပေါ်ပါသွားကြသူအားလုံးကိုတော့ သေဆုံးသွားကြပြီးဖြစ်တယ်လို့ အများက ယုံကြည်ထားကြပါ တယ်။ 


အိမ့်သံစဉ် ~



 ကိုးကား။   ။ Found: Fuselage of AirAsia flight QZ8501


 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved