အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ ချာလီအက်ဘ်ဒို စောင်ရေ ၅ သန်းထိ ထုတ်

Thursday, January 15, 2015


ယီမင်နိုင်ငံ အစ္စလမ်မစ် အစွန်းရောက် ကွန်ရက်နဲ့ အဆက်အစပ်ရှိတဲ့ ပြင်သစ်နိုင်ငံသား အကြမ်းဖက် သမားတွေရဲ့ တိုက်ခိုက်ခံရတဲ့ ချာလီ အက်ဘ်ဒို မဂ္ဂဇင်းကို တမန်တော် မိုဟာမက်ပုံနဲ့ မျက်နှာဖုံး ရိုက်
နှိပ်ပြီး စောင်ရေ ၃ သန်း ရိုက်နှိပ်ထုတ်ဝေခဲ့တာမှာ ခဏပိုင်းအတွင်း ကုန်သွားလို့ စောင်ရေ ၅ သန်းထိ ရိုက်နှိပ်ထုတ်ဝေလိုက်ပါတယ်။ 

 ဓာတ်ပုံ- ရိုက်တာ

 ငါသည် ချာလီဖြစ်တယ်ဆိုတဲ့ တမန်တော် မိုဟာမက် ရဲ့ ပြောစကားနဲ့ အားလုံးကို ခွင့်လွှတ်တယ်ဆိုတဲ့ စာတန်းပါ ချာလီ အက်ဘ်ဒို မဂ္ဂဇင်းကို ပြင်သစ်နိုင်ငံတလွှား လူတွေက တန်းစီပြီး အားပေးခဲ့ရင်း ခဏပိုင်းနဲ့ ကုန်သွားခဲ့တာလို့ ပြင်သစ် ၂၄ သတင်းတပုဒ်က ဆိုပါတယ်။ 

ဒါကြောင့် မဂ္ဂဇင်း ပြန်ရောင်းသူတွေထံမှာ ပစ္စည်း ပြတ်သွားလို့ အမှာစာတွေ ချက်ချင်း ထပ်ပို့ခဲ့တာကြောင့် အခုလိုစောင် ရေ ထပ်တိုး ပုံနှိပ်ရိုက်ခဲ့တာပါတဲ့။ 

ပုံမှန်အားဖြင့် ချာလီ အက်ဘ်ဒို မဂ္ဂဇင်းဟာ စောင်ရေ ၆ သိန်းဝန်းကျင်ပဲ ပုံနှိပ်ဖြန့်ချိလေ့ရှိခဲ့တာပါ။

ဒါပေမယ့် အကြမ်းဖက်တိုက်ခိုက်ခံရ အပြီး အခုလို စောင်ရေ ၅ သန်းထိ ရိုက်နှိပ်ထုတ်ဝေလိုက်တာဟာ တကယ့် စံချိန်သစ်တင် လိုက်တာပါဘဲ။ 

အစ္စလမ် အစွန်းရောက်အဖွဲ့တခုကလို့ ဆိုတဲ့သူတချို့က အွန်လိုင်းပေါ်မှာ ချာလီအက်ဘ်ဒို မဂ္ဂဇင်းကို တမန်တော် မိုဟာမက် ရဲ့ ပုံတွေသုံးတဲ့အပေါ် သတိပေးခြိမ်းခြောက်တယ်လို့လည်း သတင်းတွေက ဆိုထားပါတယ်။ 

ဒါပေမယ့် အခုလို စောင်ရေ ၅ သန်းထိ ထုတ်ဝေနိုင်တာဟာ လူတွေက အကြမ်းဖက်မှုကို အံတုတာ လို့ သတင်းတွေက ရေးသားဖော်ပြကြပါတယ်။  

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပါရီမြို့က ချာလီအက်ဘ်ဒို မဂ္ဂဇင်း ဋ္ဌာနချုပ်မှာ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရလို့ အယ်ဒီတာတွေ၊ ကာတွန်း ဆရာတွေ၊ ဝန်ထမ်းတွေနဲ့ ရဲဝန်ထမ်း အပါအဝင် စုစုပေါင်း ၁၂ ဦးသေဆုံး ခဲ့ရပါတယ်။ 
 
ပါရီမြို့ ချာလီအက်ဘ်ဒို မဂ္ဂဇင်းကို အကြမ်းဖက်မှုကြောင့် လုပ်ဖော်ကိုင်ဖက်တွေ သေဆုံးခဲ့ရလို့ ၀မ်းနည်း ပူဆွေးနေတဲ့ကြားက အသက်ရှင် ကျန်ရစ်ခဲ့ကြသူ အယ်ဒီတာတွေ၊ သတင်းသမားတွေက အခုလိုအောင်
အောင်မြင်မြင်နဲ့ အကြမ်းဖက်မှုကို အံတုပြီး ဆက်လက်ထုတ်ဝေလိုက်တာလည်းဖြစ်ပါတယ်။ 

ပါရီမြို့ ဂျူးကုန်တိုက်တခုမှာလည်း ချာလီအက်ဘ်ဒိုနဲ့ တဆက်တည်း ပြန်ပေးဆွဲမှုဖြစ်ပြီး ဓားစာခံ ၄ ဦး 
သေဆုံးတဲ့အပြင် ရဲအမျိုးသမီးတဦးဟာလည်း ပြန်ပေးသမားဆိုသူရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။


အိမ့်သံစဉ် ~ 




ကိုးကား။   ။ Charlie Hebdo sells out as 5 million print run is announced

1 comments :

  1. Unknown said... :

    လွတ်‌လပ်‌စွာ‌စော်‌ကားခွင့်‌ လွတ်‌လပ်‌စွာ‌ရေးသားခွင့်‌ ဆိုတာဒါလား Charles Habdo.
    ကိုယ်‌တိုင်‌က အကြမ်းဖက်‌မှုကို လက်‌မခံသလို အခြားသူများလက်‌ခံတာကို ဂုဏ်‌ယူမိ‌ပေမယ့်‌ လူသန်း‌ပေါင်းများစွာရဲ့ ယုံကြည်‌မှုကို လစ်‌လျူရှု‌စော်‌ကား‌နေတာကို ‌ထောက်‌ခံအား‌ပေး‌နေတဲ့ လူ‌တွေနဲ့ သတင်းမီဒီယာ‌တွေကို အံ့သြမိပါတယ်‌။
    ‌မေးချင်‌တာက ခင်‌ဗျားတို့ရဲ့ ယုံကြည်‌ရာကို ‌စော်‌ကား‌ပြောင်‌‌လှောင်‌မယ်‌၊ ဒါမှမဟုတ်‌ ‌သေဆုံးသွားတဲ့ သတင်းသမား ကာတွန်းဆရာ‌တွေကို တစုံတ‌ယောက်‌က သ‌ရော်‌ခဲ့ရင်‌‌ရော ခင်‌ဗျားတို့ ‌ထောက်‌ခံအား‌ပေးချီးကျူး‌နေကြဦးနိုင်‌မှာလားဆိုတာဘဲ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved