ကုလသံကို ဆဲဆိုမှု “သာသနာညှိုးနွမ်းစေ”

Thursday, January 22, 2015

.
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်ကို  “ဖာသည်မ”  လို့ ဦးဝီရသူက ဆိုလိုက်ခြင်းဟာ  ၀ိနည်းနဲ့ မညီညွတ်သလို သာသာနာ ညှိုးနွမ်းစေကြောင်း အထင်ကရ သံဃာတပါးက အင်္ဂါနေ့မှာ မှတ်ချက်ပြုလိုက်ပါတယ်။


 (ဓာတ်ပုံ - Facebook / Wirathu)

ဧရာဝတီ အင်္ဂလိပ်ပိုင်းစာမျက်နှာ http://www.irrawaddy.org/burma/burmese-monks-un-whore-rant-hurt-buddhism.html မှာ ဖော်ပြထားတဲ့ ဒီသတင်းကို ကောက်နုတ် ဘာသာပြန်ရရင်...

အမျိုးသမီးတွေ၊ ဗုဒ္ဓဘာသာဝင်မဟုတ်သူတွေကို ခွဲခြားဆက်ဆံတယ်လို့ ဝေဖန်သူတွေဆိုနေကြတဲ့ မျိုးစောင့်ဥပဒေကြမ်းနဲ့ပတ်သက်ပြီး   မေးခွန်းထုတ်ခဲ့တဲ့ အထူးကိုယ်စားလှယ်ကို ဦးဝီရသူက  ရန်ကုန်မှာ သောကြာနေ့ကမိန့်ခွန်းပြောရာမှာ ကန့်ကွက် ရှုတ်ချခဲ့တာပါ။

 “ကုလသမဂ္ဂ ထိုင်ခုံပေါ်မှာ ရောက်နေတယ် ဆိုပြီး ကိုယ့်ကိုယ်ကိုယ် လူကြီးလူကောင်းလို့ အောက်မေ့မနေနဲ့။ ခင်ဗျားဟာ ကျုပ်တို့နိုင်ငံအတွက်တော့ ဖာသည်မပဲဗျ” ဆိုပြီး ဦးဝီရသူက မိန့်ခွန်းထဲ ထည့်ပြောခဲ့ပါတယ်။
ရာနဲ့ချီတက်ရောက်ကြတဲ့ လူထုပရိသတ်က သြဘာပေးခဲ့ကြပါတယ်။

သူက အထူးကိုယ်စားလှယ်ကို ရိုဟင်ဂျာမူဆလင်တွေဘက် ဘက်လိုက်တယ်လို့ စွပ်စွဲလိုက်ပါတယ်။

 “ခင်ဗျားစိတ်ပါလို့ ခင်ဗျား ကုလားကို ဖင်ပေးပါ၊ ကျုပ်တို့ ရခိုင်ပြည်ကိုတော့ ခင်ဗျား ရောင်းစားမယ် မလုပ်ပါနဲ့” လို့လည်း ပြောပါတယ်။

သူ့မိန့်ခွန်းကို ရှုတ်ချလိုက်သူကတော့ အထက်မြန်မာပြည်ရွှေဝါရောင်သံဃာကွန်ရက် ဦးဆောင် ဆရာတော်  ဦးသောဘိတပါပဲ။

 “အဲဒီနေ့က သုံးသွားတဲ့ စကားလုံးတွေက အင်မတန် ၀မ်းနည်းဖို့၊ စိတ်ပျက်ဖို့ကောင်းပါတယ်။ သာသနာညှိုးနွမ်းစေတဲ့ပြောဆိုမှုပါ”  ဆိုပြီး ဦးသောဘိတက Reuters သတင်းဌာနကို ပြောပါတယ်။

ဒီကွန်ရက်ကို စစ်အစိုးရချေမှုန်းတာခံခဲ့ရတဲ့၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုမှာပါဝင်သူ သံဃာတွေက ထူထောင်ခဲ့တာပါ။
ပညာတတ်ဗုဒ္ဓဘာသာတွေကြားထဲမှာ ကွန်ရက်က လွှမ်းမိုးမှု ရှိပေမယ့်  သြဇာအာဏာတော့ သိပ်မကြီးပါဘူး။

ဦးဝီရသူကို အရေးယူဖို့အစီအစဉ် မရှိသေးဘူးလို့ သာသနာရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတဦးက  Reuters သတင်းဌာနကို ပြောပါတယ်။

 “သူ့အယူအဆတွေကို ထုတ်ပြောခွင့် သူ့မှာ ရှိပေမယ့် ဒီအသုံးအနှုန်းတွေကိုတော့ မသုံးသင့်ပါဘူး။
(ဗုဒ္ဓ)ဘာသာရဲ့ အနှစ်သာရကို သေချာ နားမလည်တဲ့သူတွေက  ကျနော်တို့ (ဗုဒ္ဓ)ဘာသာကို အထင်သေးသွားနိုင်ပါတယ်” လို့ ဒီအကြောင်းအရာက အကဲဆတ်တဲ့အတွက်  နာမည် မဖော်ပြစေချင်တဲ့ အဲဒီအရာရှိက ဆိုပါတယ်။

မူရင်း
  •  Burmese Monk’s UN Whore Rant ‘Could Hurt Buddhism’
http://www.irrawaddy.org/burma/burmese-monks-un-whore-rant-hurt-buddhism.html
  

1 comments :

  1. Anonymous said... :

    ဒီလောက်သေးသိမ်ညံ့ဖျင်းအောက်တန်းကျတဲ့စကားလုံးတွေ ပြောတာက.....ပြောခွင့်ပေးထား လို့ပြောတာဖြစ်မှာပေါ့...ဒီလိုပြောလိုက်ယုံနဲ့မျိုးချစ်သူရဲကောင်းဖြစ်မလာနိုင်ပါဘူး....အရူးဘုံမြောက်...xxx ခြောက်ကောက်စားတယ်ဆိုတာဒါမျိုးပေါ့။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved