သပိတ်မှောက်ကျောင်းသားခေါင်းဆောင်တွေနဲ့ ဆွေးနွေးအပြီး ပူးတွဲ ကြေညာချက်

Thursday, January 29, 2015


နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးကြတဲ့ အစိုးရ၊ သပိတ်မှောက် ကျောင်းသားခေါင်းဆောင်တွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွရဲ့ ဆွေးနွေးပွဲအပြီး ပူးတွဲကြေညာချက်ကို ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပြန်လာပါတယ်။

 ဒီမိုကရေစီ ပညာရေးကျောင်းသားသပိတ်စစ်ကြောင်းတောင်သာမှ ၀ဲလောင်သို့ ချီတက်နေသည့် မြင်ကွင်း
ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ

 နိုင်ငံတော်အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီ မှ ကျောင်း သား ကိုယ်စားလှယ်များသည် အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ တွေ့ဆုံ
ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀) နာရီခွဲက နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်း အဝေး ခန်းမ ၌ ပြုလုပ်ခဲ့ပြီး နှစ်ဘက်ဆွေးနွေးမှုအရ အစိုးရ၊ လွှတ် တော် ကိုယ်စားလှယ်များနှင့် ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ မှ ကျောင်းသားကိုယ်စားလှယ်များက ပူးတွဲကြေညာချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ 

ယင်းပူးတွဲကြေညာချက်တွင် 

 "(က) အစိုးရ၊ လွှတ်တော်၊ ကျောင်းသားနှင့် National Network for Education Reform (NNER) ကိုယ်စားလှယ်များ ပါဝင်သော ပထမအကြိမ် လေးပွင့်ဆိုင် ဆွေးနွေးပွဲကို ဖေဖော်ဝါရီ (၁) ရက်နေ့၌ ရန်ကုန်မြို့ တွင် စတင်ရန်၊ 

(ခ) လေးပွင့်ဆိုင်ဆွေးနွေးပွဲတွင် ကျောင်းသား ကိုယ်စားလှယ်များမှ တင်ပြသောအချက်(၁၁)ချက် ကို 
ဆွေးနွေးညှိနှိုင်း အဖြေရှာကြရန်၊ 

(ဂ) ကိုယ်စားလှယ်များအနေဖြင့် အပြု သဘောဆောင် ဆွေးနွေး ပြီး သဘောတူညီမှုများကို ညှိနှိုင်း ရယူ ရန်နှင့် ဆွေးနွေး ရန် ကျန်ရှိသည်များကို ဆက်လက်ဆွေးနွေး အဖြေရှာသွားရန်၊ 

(ဃ) ကျောင်းသား များအနေဖြင့် ညှိနှိုင်းဆွေးနွေးမှု များစတင်သည့်နေ့တွင် သပိတ်ရပ်နားသွားမည်" ဟူသည့် အချက် (၄)ချက် အား သဘောတူညီခဲ့ကြကြောင်း ဖော်ပြပါရှိသည်။ 



အထက်ပါအတိုင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ မနေ့က ညနေပိုင်းမှာ ထုတ်ပြန်လိုက်တဲ့ ထုတ်ပြန် ထားချက်ကို ဧရာဝတီက ပြန်လည် ကူးယူဖော်ပြပေးလိုက်ပါတယ်။ 

 အခုလို ပူးတွဲကြေညာချက်တွေ ထွက်ပေါ်လာချိန်နဲ့ တပြိုင်နက်တည်း ပုပ္ပါးအဝင် ရဲလုံခြုံရေး အင်အား ၁ဝဝ ကျော်နဲ့ သပိတ်မှောက် ကျောင်းသား စစ်ကြောင်းကို ပိတ်ဆို့ဟန့်တားဖို့ ပြင်ဆင်မှုတွေလည်း ရှိနေတယ်လို့ သိရပါ တယ်။ 


အိမ့်သံစဉ် ~







 

1 comments :

  1. Anonymous said... :

    ပြည်တွင်းပြည်ပမီဒီ အဖွဲ.:

    ဆန္ဒပြကျောင်းသားတွေ ငါတို.မင်တို.ကိုကူညီပြီးနေစဉ်မင်းတို.အကြောင်းရေးသားဖေါ်ပြပေးနေလို. အခုလိုမင်းတို.ကိုစစ်အစိုးရကအရေးတယူလုပ်ပြီးခေါ်ယူဆွေးနွေးတာလေ ငါတို.သာမကူရင်မင်းတို.ကျောင်းသားတွေဘာမှဖြစ်မလာတဲ.အပြင်အဖမ်းတောင်ခံရမှာ မှတ်ထားကြ ။


    မင်းကိုနိင် အဖွဲ.:

    ဆန္ဒပြကျောင်းသားတွေ မင်းတို.ကိုငါတို.လမ်းကြောင်းပြပေးလိုက်တာတွေ.တယ်မဟုတ်လား ၊အဲဒါငါတို.ကြောင်.မင်းတို.ကိုအောင်မြင်တာ ၊ ငါတို.သာမရှိရင်မင်းတို.ဘာမှဖြစ်လာမှမဟုတ်ဘူး ။ ငါတို.ကြောင်.ဆိုတာ မင်းတို.မှတ်ထားပါ။

    NLD အဖွဲ.:

    ဆန္ဒပြကျောင်းသားတွေ ငါတို.၀င်ကယ်လို. ကူညီပြီးကြော်ငြာချက်တွေထုတ်ပေးလို.မင်းတို.အခုလိုအစိုးရကတွေ.ဆုံမှုတွေလုပ်ပေးတာ ငါတို.သာမင်းတို.ကိုမကူညီရင်မင်းတို.ဘာမှဖြစ်လာမှာမဟုတ်ဘူး အဲဒါငါတို.ပါတီကြောင်.မှတ်ထား


    ဘယ်လိုတွေဖြစ်နေကြတာလဲ ။ လမ်းလျောက်ချီတက် နေတာ ကျောင်းသားတွေ လေ ၊ အခုမှအဆင်ပြေအောင်ညှိ.နိင်းတဲ.အဆင်.ဘဲရှိသေးတယ် ၊ အမြတ်ထုတ်ဖို. နေရာရဖို. နံမည်ဝင်ယူဖို.ပြင်နေကြပြီ ၊ ခငးဗျားတို.စောက်ကျင်.တွေမဖျောက်သရွေ.ဘယ်တော.မှမတိုးတက်ဘူးမှတ်ထားကြအုံး။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved