ဘယ်လ်ဂျီယမ်က အကြမ်းဖက်တိုက်ဖျက်ရေး စစ်ဆင်ရေး

Friday, January 16, 2015


ဘယ်လ်ဂျီယမ်နိုင်ငံ မြို့တော် ဘရပ်ဆဲလ် အနီး Verviers မြို့ အရှေ့ပိုင်းမှာ ယမန်နေ့ညက အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ဆင်ရေး တခု အတွင်း အပြန်အလှန် ပစ်ခတ်မှုနဲ့ သံသယ ဖြစ်သူ ဂျီဟတ် ၀ါဒီ စစ်သွေး ကြွ ၂ ဦးကို အသေရမိတယ်လို့ သိရပါတယ်။ 

 ဘယ်လ်ဂျီယမ်မှာ မနေ့တုန်းက ဖြစ်ခဲ့တဲ့ ဖြစ်စဉ်အတွင်းက မြင်ကွင်း၊ ဓာတ်ပုံ- EPA

ဘယ်လ်ဂျီယမ်နိုင်ငံ Verviers အရပ်ရှိ စီးနင်းမှုအတွင်း တတိယမြောက် သံသယဖြစ်သူကိုလည်း ဒဏ်ရာနဲ့ အရှင်ဖမ်းဆီးရမိတယ်လို့ ဘယ်လ်ဂျီယမ် တာဝန်ရှိသူတဦး ဖြစ်တဲ့ Thierry Werts က သတင်းစာရှင်း လင်းပွဲမှာ ပြောထားပါတယ်။ 



ဆီးရီးယားနိုင်ငံက ပြန်လာတဲ့ အဖွဲ့တခုကို ရဲက ပစ်မှတ်ထားစောင့်ကြည့်နေခဲ့ပြီးနောက် သူတို့ ရှိနေတဲ့ Verviers မြို့ အရှေ့ပိုင်းက အခန်းတခုကို စီးနင်းဖို့ ရဲတပ်ဖွဲ့က ပြင်ဆင်နေချိန် ဂျီဟတ်ဝါဒီ အကြမ်းဖက် သမားတွေနဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ အကြား အချိန် အတော်ကြာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီး ၂ ဦး အသေ၊ ၁ ဦး အရှင်ဖမ်းမိတာလို့ ကနဦး သတင်းက ဆိုထားတာပါ။ 

သတင်းအရ ညှိနှိုင်းမှု မလုပ်ရသေးခင် သံသယဖြစ်သူ ဂျီဟတ် ၀ါဒီတွေဘက်က စတင်ပစ်ခတ်လို့ ရဲတွေက လည်း ပြန်လည် ပစ်ခတ်မှုဖြစ်ခဲ့တာလို့လည်း ဘီဘီစီ သတင်း က ဆိုပါတယ်။ 

ဘရပ်ဆဲလ်မြို့တခွင် အကြမ်းဖက် တိုက်ဖျက်ရေး စစ်ဆင်ရေးကိုလည်း တညလုံး ဆက်လက် လုပ်ဆောင်
နေတယ်လို့လည်း သတင်းတွေက ဆိုကြပါတယ်။ 



အခုနောက်ဆုံး စီအန်အန် သတင်းတပုဒ်မှာ ဘယ်လ်ဂျီယမ် ဖြစ်စဉ်အတွင်း သေဆုံးသူ ၄ ဦး ရှိတယ်လို့ ဆိုထားပါတယ်။ 

အခုဖြစ်စဉ်ဟာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေထဲက တတိယမြောက် အစွန်းရောက် အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ ဘယ်လ်ဂျီယမ်ဖြစ်ရပ်ဟာ ပြင်သစ် နိုင်ငံ ပါရီမြို့က ချာလီ အက်ဘ်ဒို မဂ္ဂဇင်း တိုက်ခိုက်ခံရမှု၊ ဂျာမနီနိုင်ငံ ဟမ်းဘွတ်သတင်းစာတိုက် မီးလောင်ဗုံး တိုက်ခိုက်ခံရမှုအပြီး ဖြစ်ပွားခဲ့တာပါ။

အနောက်နိုင်ငံ ထောက်လှမ်းရေး သတင်းရင်းမြစ်တွေအဆိုအရ ပြင်သစ်၊ ဂျာမနီ၊ ဘယ်လ်ဂျီယမ်နဲ့ နယ်သာလန် နိုင်ငံတွေမှာ အကြမ်းဖက်မှု အကောင်အထည်ဖော်ဖို့ မြှပ်ထားတဲ့ လူပေါင်း ၁၂၀ ကနေ ၁၈၀ အထိ ရှိတယ်လို့ ဆိုပါတယ်။ 

ဥရောပနိုင်ငံတချို့အတွင်း တိတ်တိတ်ပုန်း အကြမ်းဖက်ကွန်ရက်အဖွဲ့ဝင်တွေရဲ့ ခြိမ်းခြောက်မှုတွေဆက် ရှိနေပြီး သူတို့ထဲက အချို့ဟာ အစ္စလမ်မစ် နိုင်ငံတော်ဆိုတဲ့ ISIS အကြမ်းဖက်အဖွဲ့ရဲ့ ညွှန်ကြားချက်တွေ ကို စောင့်ဆိုင်းနေတယ်လို့ ထောက်လှမ်းရေး သတင်းရင်းမြစ်တွေကို ကိုးကားပြီး စီအန်အန်က ဆိုပါတယ်။ 

ဘယ်လ်ဂျီယမ် တာဝန်ရှိသူတွေ အဆိုအရ ဆီးရီးယားနှင့် အီရတ်နိုင်ငံတွေက အစ္စလမ်မစ် စစ်သွေးကြွ အုပ်စုများနှင့် အတူ တိုက်ပွဲဝင်ဖို့ ဘယ်လ်ဂျီယံနိုင်ငံကပဲ လူပေါင်း ၃၀၀ ထက်မနည်း ထွက်ခွာသွားခဲ့ကြတာ ပါတဲ့။ 

ဆီးရီးယားနိုင်ငံတွင်းက ISIS အဖွဲ့နဲ့ လက်တွဲဖို့ ဥရောပ နိုင်ငံသားတွေ ထောင်နဲ့ချီပြီး သွားရောက်ခဲ့ကြ တယ်လို့လည်း စီအန်အန် သတင်းမှာ ရေးပါတယ်။ 



အိမ့်သံစဉ် ~ 


ကိုကား ။ စီအန်အန်ဘီဘီစီ











0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved