ထိုင်း-မြန်မာ နယ်စပ် ဂိတ်တံတား ဖွင့်လှစ်ချိန် တိုးမြှင့်

Wednesday, January 7, 2015


ထိုင်း-မြန်မာ နယ်စပ်ဂိတ်တံတား ဖွင့်လှစ်မှု အချိန် သတ်မှတ်ချက်ကို ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက တိုးမြှင့် သတ်မှတ် ပေးလိုက်ပါတယ်။ 

  မဲဆောက်-မြဝတီ ချစ်ကြည်ရေး တံတား နယ်စပ်ဂိတ်မြင်ကွင်း၊ ဓာတ်ပုံ- အိမ့်သံစဉ် /ဧရာဝတီ

တာချီလိတ်- မယ်ဆိုင် နယ်စပ်ဂိတ်ကို မနက် ၆ နာရီခွဲတွင် ဖွင့်လှစ်ပြီး ညနေ ၆ နာရီခွဲတွင် ဂိတ်တံတား ပိတ်ချိန်အဖြစ် သတ်မှတ်ထားသော်လည်း ယခုတွင်မူ မနက် ၆ နာရီခွဲ ဂိတ်ဖွင့်လှစ်ကာ ည ၉ နာရီမှသာ ဂိတ်တံတား ပိတ်ချိန်အဖြစ် ပြောင်းလဲသတ်မှတ် လိုက်တယ်လို့ ချင်းမိုင်မေးလ် နယူးစ် သတင်း တပုဒ်က ဆိုပါတယ်။ 

အလားတူ မြ၀တီ- မဲဆောက် နယ်စပ်ဂိတ်ကိုလည်း ယခင်က မနက် ၅ နာရီခွဲမှ စတင်ဖွင့်လှစ်ကာ ညနေ ၆ နာရီခွဲတွင် ဂိတ်ပိတ်ချိန်အဖြစ် သတ်မှတ်ထားခဲ့ရာက ယခုအခါ ဂိတ်ပိတ်ချိန်ကို ည ၈ နာရီခွဲထိ တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။ 

ထိုင်းနိုင်ငံ အမျိုးသား လုံခြုံရေးကောင်စီ အဖွဲ့ဝင်များ အစည်းအဝေး လုပ်ပြီးနောက် နယ်စပ်ကုန်သွယ်ရေး ရင်းနှီးမြှပ်နှံမှု၊ ကမ္ဘာလှည့်ခရီးသည် တိုးမြင့်ရေးတို့အတွက် နယ်စပ်ဖြတ်ကျော်မှု အချိန်သတ်မှတ်ချက်များ တိုးမြှင့်ချဲ့ထွင်သွားရေးကို ရည်မှန်းချက်ထားပြီး ယခုကဲ့သို့ ပြည်ထဲရေးဝန်ကြီးဌာနက အချိန်တိုးမြှင့်သတ် မှတ်လိုက်တာလို့ သတင်းက ဆိုပါတယ်။ 

ထိုင်းနိုင်ငံ အစိုးရက ယခု ၂၀၁၅ ခုနှစ်အတွင်း နယ်စပ်ကုန်သွယ်ရေး ပမာဏ ၁.၅ ထရီလီယံ ထိ ရရှိရန် လျာထား လျှက်ရှိပြီး အခုလို အချိန်တိုးမြှင့်သတ်မှတ်လိုက်တဲ့အတွက် လျာထားချက်တွေကို ပြည့်မီမယ်လို့ ယုံကြည်နေကြကြောင်း သတင်းက ဆိုပါတယ်။ 


အိမ့်သံစဉ် ~ 


ကိုးကားသတင်း။  ။ http://www.chiangmai-mail.com/current/news.shtml#hd8


 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved