လက်ပံတောင်း အဓိကရုဏ်းဖြစ်စဉ်ကိစ္စ သတင်းထုတ်ပြန်ချက်

Thursday, January 15, 2015


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အဓိကရုဏ်းဖြစ်စဉ်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအမျိုးသား လူ့အခွင့် အရေး ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးမှုက သတင်းထုတ်ပြန်လိုက်ပါတယ်။ 


သတင်းထုတ်ပြန်မှုကို ပြန်ကြားရေး ၀န်ကြီးဌာန က ဖော်ပြထားတာကို ပြန်လည် ကူးယူဖော်ပြပေးလိုက်ပါ တယ်။ 

၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က ဖြစ်ပွားခဲ့သော ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ကြေးနီ စီမံကိန်း အဓိကရုဏ်းဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရ သေဆုံးမှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ စုံစမ်းစစ်ဆေးမှု သတင်းထုတ်ပြန်ချက်ကို ယနေ့ထုတ်ပြန်လိုက်သည်။ 

အဆိုပါထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ အောက်ပါအချက်များကို အကြံပြု တိုက်တွန်းထားပါသည်။

(က) ဆားလင်းကြီးရဲစခန်းတွင်ဖွင့်လှစ်ထားသည့် သေမှုသေခင်း အမှတ်စဉ် (၄/၂ဝ၁၄) အား ဥပဒေအရ ဆက်လက် အရေးယူ ဆောင်ရွက်သင့်ပါသည်။ 

(ခ) စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း ခြံစည်းရိုး တိုးချဲ့ကာရံစဉ် ဆောင်ရွက်မည့် လုံခြုံရေးစီမံချက်ကို စနစ်တကျအကောင်အထည် ဖော်ရန် အားနည်းခဲ့သည့် ကွပ်ကဲမှုအဖွဲ့မှ တာဝန်ရှိသူများအား ဖော်ထုတ်၍ ထိုက်သင့်သလို အရေးယူဆောင် ရွက်သင့်ပါသည်။ 

(ဂ) စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာ အတွင်း ခြံစည်းရိုး တိုးချဲ့ ကာရံစဉ် ဆောင်ရွက်မည့် လုံခြုံရေး စီမံချက်ပါ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ခဲ့ခြင်းမရှိသည့် ရဲတပ်ဖွဲ့ဝင်တို့အား ဖော်ထုတ်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည်းကမ်း ထိန်းသိမ်းရေးဥပဒေ နှင့်အညီ ထိရောက်စွာ အရေးယူသင့်ပါသည်။ 

(ဃ) လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့်စပ်လျဉ်းသော လုပ်ငန်းများကို ဆောင်ရွက်ရာတွင် လုံခြုံရေး ဆိုင်ရာကိစ္စရပ်များ အဘက်ဘက်မှ အပြန်အလှန်သုံးသပ်၍ ထိခိုက်နစ်နာဆုံးရှုံးမှုများ ထပ်မံ မဖြစ်ပေါ်အောင် အကောင်အထည် ဖော်ဆောင်ရွက်သင့်ပါသည်။ 

အဆိုပါ စုံစမ်းစစ်ဆေးမှု သတင်းထုတ်ပြန်ချက် အပြည့်အစုံအား မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး
ကော်မရှင်၏ ဝက်ဘ်ဆိုက် www. mnhrc.org. mm တွင် ကြည့်ရှုနိုင်ကြောင်း သတင်းရရှိသည်။ 






0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved