အိမ်မွေးခွေးလိမ္မာလေးတွေရဲ့ ပြပွဲ

Friday, February 20, 2015


ပြီးခဲ့တဲ့ အင်္ဂါနေ့က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ Manhattan မှာ ကျင်းပပြုလုပ်သွားတဲ့ Westminster Kennel Club ခွေးပြပွဲ ပြိုင်ပွဲမှာ  ခွေးမလေး  P က “Best in show” (အကောင်းဆုံး သရုပ်ပြနိုင်သူ) အဖြစ် ဆုရှိသွားပါတယ်။

အဲ့ဒီ ခွေးမလေး  P ဟာ အမြင့် ၁၅ လက်မ ရှိတဲ့ အိမ်မွေးခွေးပုအမျိုးအစားလည်းဖြစ်ပါတယ်။

“Best in show” ဆုရှင် ခွေးမလေး P (photo - reuters.com)

 ပြီးခဲ့တဲ့ အင်္ဂါနေ့က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ Manhattan မှာ ကျင်းပပြုလုပ်သွားတဲ့ Westminster Kennel Club ခွေးပြပွဲ ပြိုင်ပွဲမှာ  ခွေးမလေး  P က “Best in show” (အကောင်းဆုံး သရုပ်ပြနိုင်သူ) အဖြစ် ဆုရှိသွားပါတယ်။

အဲ့ဒီ ခွေးမလေး  P ဟာ အမြင့် ၁၅ လက်မ ရှိတဲ့ အိမ်မွေးခွေးပုအမျိုးအစားလည်းဖြစ်ပါတယ်။



အိမ်မွေးခွေးတွေကို အကောင်းဆုံးထိန်းကျောင်းသင်ကြားပေးနေတဲ့ Westminster Kennel Club ရဲ့ပြိုင်ပွဲမှာ လှပကျော့ရှင်းပြီး လိမ္မာရေးခြားရှိတဲ့ အိမ်မွေးခွေးလေးတွေသာ ပါဝင်ယှဉ်ပြိုင်ကြတာပါ။

ဒီပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ကြမယ့် ခွေးများဟာ Kennel Club က ကျွမ်းကျင်သင်ကြားပြသနိုင်တဲ့ ခွေးထိန်း တွေနဲ့ အပြင်မှာ လေ့ကျင့်သင်ကြားပြသမှုတွေကို  ခံယူပြီးမှသာ ၀င်ရောက်ယှဉ်ပြိုင်ကြရတာပါ။


သေချာလေ့ကျင့်သင်ကြားခံထားရတဲ့ ခွေးလိမ္မာလေးတွေဟာ အဲ့ဒီပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ၀င်ကြွေးအနေနဲ့ တပွဲလျှင် ဒေါ်လာ ၂၅ ဒေါ်လာကနေ ဒေါ်လာ ၃၀ အထိ ပေးရပါတယ်။

ခွေးထိန်းတွေကိုလည်း ပွဲတပွဲလျှင် ကိုယ့်ရဲ့ခွေးအရည်အချင်းပေါ်မူတည်ပြီး ၇၅ ဒေါ်လာကနေ ဒေါ်လာ ၇၀၀ အထိ သင်ကြားစရိတ်အနေနဲ့ ပေးကြရတာပါ။ အကယ်လို့ ကိုယ့်ခွေးကို ပိုပြီး ဂရုစိုက်စေချင် တော်စေချင်တယ်ဆိုရင်တော့ ဒီ့ထက်ပိုပေးရပါတယ်။

၁၃၉ ကြိမ်မြောက် Westminster Kennel Club ခွေးပြိုင်ပွဲက ပြိုင်ပွဲဝင် အလှခွေးလေးတွေရဲ့ ပုံရိပ်တချို့ ကို ဧရာဝတီဘလော့ဂ် ပရိတ်သတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။








0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved