ဇွဲနေ၀င်း စေ့စပ်ပြီ

Friday, February 13, 2015




အာဏာရှင်ဟောင်း ဦးနေ၀င်းရဲ့ မြေးအငယ်ဆုံးဖြစ်တဲ့ ဇွဲနေ၀င်း ဟာ မနေ့က ဖေဖော်ဝါရီလ ၁၂ ရက်နေ့ (ပြည်ထောင်စုနေ့)မှာ မပြည့်စိုးနိုင် ဆိုသူနဲ့ စေ့စပ်လိုက်ပြီဖြစ်ကြောင်း ဒီကနေ့ထုတ် ကြေးမုံသတင်းစာမှာပါဝင်လာပါတယ်။

အာဏာရှင်ဟောင်း ဦးနေ၀င်းရဲ့ မြေးအငယ်ဆုံးလည်းဖြစ် ဦးအေးဇော်ဝင်းနဲ့ ဒေါက်တာ ဒေါ်ခင်စန္ဒာဝင်းရဲ့ သားအငယ်ဆုံးလည်းဖြစ်တဲ့ ဇွဲနေ၀င်းဟာ ၂၀၀၂ ခုနှစ်မှာ နိုင်ငံတော်ပုန်ကန်မှုနဲ့ နှစ်ရှည် ထောင်ဒဏ်ကျခံခဲ့ရသူလည်းဖြစ်ပါတယ်။

အဲ့ဒီကာလတွေက ဇွဲနေ၀င်း အပါအ၀င် ဖခင်ဖြစ်သူ ဦးအေးဇော်ဝင်းနဲ့အတူ မိသားစု ၄ ဦးတို့ဟာ ၂၀၀၂ ခုနှစ်က တပ်မတော် အစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီးကာ နိုင်ငံတော်အာဏာသိမ်းရန်ကြံစည်တယ်ဆိုတဲ့ နိုင်ငံတော်ပုန်ကန်မှုနဲ့ ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံခဲ့ရသူတွေလည်းဖြစ်ပါတယ်။ ထိုစဉ်က မိခင်ဖြစ်သူ ဒေါ်စန္ဒာဝင်းနှင့် အဖိုးဖြစ်သူ အာဏာရှင်ဟောင်း ဦးနေ၀င်းတို့ကိုတော့ နေအိမ် အကျယ်ချုပ် အဖြစ်ချမှတ်ခဲ့တာပါ။

ဒါနဲ့ ဇွဲနေ၀င်းဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် မတ်လမှာ နိုင်ငံတော် သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့အတူ အဲ့ဒီမိသားစုဝင်တွေထဲကမှ ပထမဆုံး လွတ်မြောက်လာသူလည်းဖြစ်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved