“ချစ်သူနဲ့အတူတူပျော်ရွှင်ရရင်နေ့တိုင်းဟာချစ်သူများနေ့ ဖြစ်တယ်”

Friday, February 13, 2015



သရုပ်ဆောင် မော်ဒယ် ခိုင်သဇင်ငုဝါ (ဓာတ်ပုံများ - တင်ထက်ပိုင်/ The Irrawaddy)



ခိုင်သဇင်ငုဝါ
အသက် ၂၀ နှစ်
တတိယနှစ်၊ မြန်မာစာ
မော်ဒယ်လ်
ရန်ကုန်မြို့။

မော်ဒယ်လ်စလုပ်ဖြစ်တာကညီမ၂၀၁၁ခုနှစ်အကုန်လောက်ကစပြီးလုပ်ဖြစ်ခဲ့တာပါ။မော်ဒယ်လ်စလုပ် ဖြစ်တာကမော်ဒယ်လ်လုပ်မယ်ဆိုပြီးဝင်လာတာမဟုတ်ဘူး။အစ်မနဲ့အတူတူလေယာဉ်မယ်ဖြစ်ချင်တာ။ဒီတော့ညီအစ်မနှစ်ယောက်လေယာဉ်မယ်လုပ်မယ်ပေါ့။လေယာဉ်မယ်လုပ်ရင်လည်းညီမတို့သိထားတာကလမ်းလျှောက်နည်းကအစကျင့်ရတယ်ဆိုတော့အဲဒါနဲ့တီချယ်မိုး (တင်မိုးလွင်) မော်ဒယ်လ်သင်တန်းကိုတက်ဖြစ်ခဲ့တာပါ။သင်တန်းပြီးတော့လေယာဉ်မယ်မလုပ်ဖြစ်ဘဲမော်ဒယ်လ်ပဲဆက်လုပ်ဖြစ်တာကအဲဒီပြိုင်ပွဲတွေမှာဦးချိုကြီးတို့၊ဆရာဂျွန်လွင်တို့နဲ့တွေ့ရာကမော်ဒယ်လ်ရှိုးတွေခေါ်လျှောက်ရင်း
ခေါ်လျှောက်ရင်းနဲ့ပျော်လာတော့လေယာဉ်မယ်ကိုစိတ်မဝင်စားတော့ဘဲဒီမော်ဒယ်လ်အလုပ်ကိုပဲ
ဆက်လုပ်ဖြစ်နေတာပေါ့။ဒီအလုပ်ကိုလုပ်နေတဲ့အတွက်ပညာရေးဘက်ကိုပေါ့သွားလားဆိုရင်အဲဒီလိုတော့ပေါ့မသွားပါဘူး။
Missပြိုင်ပွဲတွေတော်တော်များများမှာဝင်ပြိုင်ခဲ့ဖူးပါတယ်။နောက်ဆုံးပြိုင်ခဲ့တဲ့Miss Oramin Fပြိုင်ပွဲမှာMissရခဲ့တယ်။အဲဒီနောက်ပိုင်းတော့Missပြိုင်ပွဲတွေဝင်မပြိုင်ဖြစ်တော့ပါဘူး။ရွှေကြိုမှာဝင်အရွေးခံဖြစ်တာကညီမတို့မော်ဒယ်လ်စလုပ်ကတည်းကအမေကအကယ်ဒမီဗန်းကိုင် ဖြစ်စေချင်တယ်။လျှောက်ခိုင်းတယ်။ရှေ့နှစ်တွေကအကြောင်းကြောင်းတွေကြောင့်ဝင်မပြိုင်ဖြစ်ခဲ့ဘူး။
ဒီနှစ်မှာတော့အမေကဖောင်ကအစဝယ်ပေးပြီးဓာတ်ပုံရိုက်ဖို့အဝတ်အစားတွေကအစအကုန်စီစဉ်ပေးခဲ့တယ်။ဒါကြောင့်ဒီနှစ်ရွှေကြိုမှာဝင်အရွေးခံ ဖြစ်ခဲ့တာပါ။
ရေရှည်မှာညီမဘယ်လိုရပ်တည် ဖြစ်မလဲဆိုရင်ကိုယ်ကသရုပ်ဆောင်တာလည်းဝါသနာပါတယ်။သီချင်းဆိုတာလည်းဝါသနာပါတယ်လေ။သီချင်းဆိုတာကငယ်ငယ်လေးကတည်းကဝါသနာပါတဲ့အတွက်သီချင်းဆိုဖို့အတွက်ကိုလည်းအစီအစဉ်ဆွဲနေပါတယ်။တကိုယ်တော်ခွေကတော့နည်းနည်းကြာဦးမယ်။ညီမနဲ့သိတဲ့အဆိုတော်တွေထဲကအစ်ကိုတွေကိုသီချင်းရေးခိုင်းထားတယ်။အတွဲခွေကိုသူငယ်ချင်းတွေနဲ့ပေါင်းလုပ်တာလည်းထွက်ဖြစ်မယ်။




ငယ်ငယ်ကတည်းကပေါင်းလာတဲ့သူငယ်ချင်းတွေနဲ့ဆက်ဆံရေးဆိုရင်ကိုယ်ကအနုပညာအလုပ်ကိုလုပ်နေတော့မော်ဒယ်လ်ဖြစ်သွားတော့သူငယ်ချင်းတွေကသူတို့နဲ့အပေါင်းအသင်းမလုပ်ချင်တော့ဘူးလို့ထင်နေကြတယ်။ဒါပေမယ့်အဲဒီလိုမဟုတ်ဘူး။ညီမတို့ကျတော့အပြင်သူငယ်ချင်းတွေလည်းလိုအပ်တယ်။ဒီဘက်လောကမှာကျတော့ကိုယ်ကငယ်ငယ်လေးကတည်းကခင်လာကြတာမဟုတ်ဘူးလေ။
အခုမှခင်လာပြီးအပေါ်ယံပဲသိပြီးအပေါ်ယံပဲပေါင်းသင်းနေကြတဲ့သူတွေဆိုတော့ခဏတာပဲပေါင်းသင်းမိတာပေါ့။သူငယ်တန်းကတည်းကဆယ်တန်းအထိတခန်းတည်းနေပြီးပေါင်းလာတဲ့သူငယ်ချင်းတွေကိုကိုယ်ကပိုချစ်တယ်၊ပိုခင်တယ်။
နောက်ပြီးညီမမော်ဒယ်လ်တယောက်အနေနဲ့ရေရှည်မရပ်တည်ချင်ဘူး။သူငယ်ချင်းတွေနဲ့ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရတဲ့သာမန်မိန်းကလေးတယောက်ဘဝကိုလိုချင်တယ်။အဲလိုဘဝကလူတိုင်းကိုယ့်ကိုမသိတဲ့အတွက်၊လွတ်လပ်စွာကိုယ်လုပ်ချင်တာကိုလုပ်ခွင့်ရှိတဲ့အတွက်အဲလိုဘဝ ဖြစ်ချင်တာပါ။

လူငယ်တွေပိုပြီးပွင့်လင်းလာတဲ့အပေါ်လူငယ်အချင်းချင်းဘယ်လိုမြင်မိလဲဆိုရင်သိပ်ပွင့်လင်းလာတာကိုတော့မကောင်းဘူးလို့ညီမမြင်မိတယ်။အခုခေတ်မှာကြည့်မယ်ဆိုရင်မိန်းကလေးတွေကသိပ်ပွင့်လင်းလွန်းလာတယ်။ကိုရီးယားကားတွေပဲပေါ်လာတာများလို့လားမသိဘူး။ရည်းစားစကားပြောရင်တောင်မိန်းကလေးတွေကစပြောလာ ကြတယ်။ မိန်းကလေးတွေက စပြောတာကိုညီမလည်း မြင်တွေ့နေရတယ်။အဲလိုမျိုးပွင့်လင်းလာတာတော့မကောင်းဘူးလို့ညီမအနေနဲ့ မြင်မိတယ်။




ချစ်သူများနေ့ဆိုတာကိုညီမသိထားတာကကိုယ့်ချစ်သူကိုမှမဟုတ်ဘူး။ကိုယ်ချစ်တဲ့ဘယ်သူကိုမဆိုအဲဒီနေ့မှာလက်ဆောင်ပေးကြတာ။မိဘလည်း ဖြစ်ချင်ဖြစ်မယ်၊သူငယ်ချင်းအပေါင်းအသင်း၊ချစ်သူကိုလက်ဆောင်ပေးတာပေါ့။
တော်တော်များများကကိုယ့်ချစ်သူရည်းစားကိုပဲချောကလက်တွေပေးကြရတယ်လို့သိထားကြတာများတယ်။အမှန်ကချောကလက်ကကိုယ်ချစ်တဲ့သူအားလုံးကိုပေးလို့ရတယ်လို့သိထားတယ်။နောက်ပြီးကိုယ့်ချစ်တဲ့သူနဲ့ဆိုရင်Valentine’s Dayမှချစ်သူများနေ့မဟုတ်ပါဘူး။နေ့တိုင်းကိုယ့်ချစ်သူနဲ့တူတူပျော်ရွှင်နေရင်ဒါကချစ်သူများနေ့ပဲလေ။

အခုကကြားနေရတာကအွန်လိုင်းတွေမှာရောအဲဒီနေ့ကျရင်ဟိုတယ်၊တည်းခိုခန်းတွေအခန်း ပြည့်နေတယ်ဆိုတာ။တချို့ဟိုတယ်တွေမှာလုပ်တယ်ဆိုတာကသူတို့ရို့မန့်တစ်ဆန်ဆန်လေးဖယောင်းတိုင်ထွန်းတာ။အထဲမှာဘောလုံးတွေအပြည့်၊နှင်းဆီပန်းတွေအပြည့်နဲ့ချစ်သူကို Surprise လုပ်ကြတာလေ။ ဒီလိုမျိုး ချစ်သူတွေရှိသလိုတခြားလွဲမှားနေတဲ့ချစ်သူစုံတွဲတွေလည်းရှိတယ်ပေါ့။

တကယ့်တကယ်ကိုယ့်ချစ်သူကိုအံ့ဩစေချင်ရင်ဟိုတယ်မှာမလုပ်ဘဲနဲ့စားသောက်ဆိုင်တွေမှာအခန်းငှားပြီးလုပ်ရင်လည်းရပါတယ်။ညီမဆိုရင်လည်းမနေ့ကစားသောက်ဆိုင်တဆိုင်မှာသွားစားတော့သူတို့ကဆိုင်မှာချစ်သူတွေအတွက်အဲဒီလိုရိုမန့်တစ်ဆန်ဆန်လေးလုပ်ပေးတဲ့အခန်းလေးတွေရှိတယ်လေ။သူတို့ကကိတ်တွေရော၊ဘောလုံးတွေရောအကုန်စီစဉ်ပေးတာ။အဲဒီလိုလုပ်တာကကိုယ့်အတွက်လူမြင်လည်းကောင်းတယ်။ပိုပြီးတော့လည်းချစ်စရာကောင်းတယ်လို့ မြင်ပါတယ်။






 အဲဒီနေ့ကျရင်ညီမကချစ်သူအောင်လေးနဲ့အလုပ်တွေရှိရင်အလုပ်တွေလုပ်မယ်။မရှိရင်လက်ဆောင်ပေးပြီးမုန့်တွေလျှောက်စားမယ်။အဲဒီလောက်ပါပဲ။သူကိုချစ်သူအဖြစ်ရွေးချယ်ခဲ့တာကသူကသူတပါးအပေါ်စာနာတတ်တယ်။သူများကောင်းဖို့အတွက်ဆိုသူကအောက်ကျို့လည်းခံပေးတယ်။သူရဲ့အဲဒီစိတ်ထားလေးကိုကြိုက်တယ်။အဲဒီအတွက်ကြောင့်ညီမလည်းသူ့ဘက်ကနေလိုက်ပြီး ဖြည့်ဆည်းပေးဖြစ်တယ်။ နှစ်ယောက်လုံးက မော်ဒယ် အနုပညာအလုပ်တွေကိုလုပ်နေပေမယ့်လူမသိအောင်လည်းမတွဲချင်ဘူး။သိတဲ့သူကလည်းသိနေတော့မထူးဘူးလေ။ ဒါကြောင့်ညီမတို့ကလူသိရှင်ကြားတွဲဖြစ်တာပါ။



လူငယ်တွေအနေနဲ့ဘယ်ကိစ္စမဆိုလုပ်တော့မယ်ဆိုရင်သေချာစဉ်းစားဆုံးဖြတ်ပြီးမှလုပ်ကြပါ။မိဘကခွင့်မပြုဘူးဆိုရင်လည်းဘာလို့ခွင့်မပြုတာလဲဆိုတာကိုသေချာပြန်စဉ်းစားပါ။မိဘပြောတာ၊ခွင့်မပြုတာကိုနားမထောင်ဘဲကိုယ်လုပ်ချင်တာကိုယ်လုပ်မယ်ဆိုရင်မှားတတ်ကြတယ်။ဒါကြောင့်မမှားရအောင်၊နောင်တမရခင်သေချာစဉ်းစားပြီးမှလုပ်ကြပါ။ကိုယ်လုပ်မယ့်အလုပ်အပေါ်မှာလည်းအကောင်းဆုံးကြိုးစားလုပ်ကြပါလို့ လူငယ်အချင်းချင်းအကြံပေးချင်ပါတယ်။


 ယုမွန်ကျော်


"အပတ်စဉ်ထုတ် ဧရာဝတီဂျာနယ် အတွဲ ၂ အမှတ်စဉ် ၇ မှ ကူးယူဖော်ပြသည်"

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved