မြန်မာပြည်ရဲ့ လုပ်ခလစာတန်ဖိုးထက်ပိုများတဲ့ ကိုရီးယား 4 minute အဖွဲ့ ဖျော်ဖြေပွဲလက်မှတ်

Monday, March 30, 2015





မြန်မာပြည်မှာ ဖျော်ဖြေရေး ရှိုးပွဲတပွဲရဲ့ လက်မှတ်တစောင်ကို ၆သိန်းပေးပြီး ကြည့်ရှုရမယ့် တန်ဖိုးကြီး ဖျော်ဖြေပွဲတခုကို ကြည်ရှုရတော့မှာပါ။

မြန်မာပြည်ကို အနုပညာနဲ့ အကြီးအကျယ် လွှမ်းမိုးထားတာ ဘယ်နိုင်ငံရဲ့ အနုပညာလည်းဆိုတာ သိကြမှာပါ။ အခုလည်း မြန်မာပြည်ကို တန်ဖိုးကြီး ဖျော်ဖြေပွဲလက်မှတ်တွေနဲ့ လာရောက်ဖျော်ဖြေကြမယ့် သူတွေကတော့ ကိုရီးယားနိုင်ငံရဲ့ ကိုရီးယားနိုင်ငံရဲ့နာမည်ကြီး Girl Band တခုဖြစ်တဲ့ 4minute အဖွဲ့ပဲဖြစ်ပါတယ်။

သူတို့ ဖျော်ဖြေပွဲရဲ့ လက်မှတ်ဈေးနှုန်းတွေကို VVIP အတွက် ၆သိန်း၊ VIP အတွက် ၂သိန်း၊ Zone A အတွက် ၆သောင်းခွဲ၊ Zone B အတွက် ၄သောင်းခွဲနဲ့ Zone C အတွက် ၂သောင်းခွဲ သတ်မှတ်ထားပြီး လက်မှတ်တွေကို အခုအခါ တော်ဝင်ဂါးဒင်းပရိုမိုးရှင်းဧရိယာမှာ စတင်ရောင်းချပေးနေပြီဖြစ်ပါတယ်။

သူတို့အဖွဲ့ဟာ ဧပြီလ ၄ ရက်နေ့မှာ မြန်မာနိုင်ငံ ရန်ကုန်မြို့ ရှင်စောပုဘုရားလမ်းရှိ Myanmar Event Park မှာ ဖျော်ဖြေတင်ဆက်ကြတော့မှာပါတဲ့။ ဒါ့အပြင် 4 minut အဖွဲ့ဟာ ရန်ကုန်ကို ဧပြီ ၂ ရက်နေ့မှာ ရောက်ရှိလာမှာ ဖြစ်ပြီး စာနယ်ဇင်းတွေနဲ့လည်း ဧပြီ ၃ ရက်နေ့မှာ တွေ့ဆုံပွဲပြုလုပ်ဦးမှာပါ။
ဖျော်ဖြေပွဲကို ည ၇ နာရီခွဲမှာ စတင်မှာဖြစ်ပြီး ည ၉ နာရီအချိန်မှာ ပြီးဆုံးပါမယ်။

မိန်းကလေးအဆိုရှင် ငါးဦးပါဝင်တဲ့ 4 minute အဖွဲ့ဟာ သူတို့ရဲ့ နောက်ဆုံး တေးအယ်လ်ဘမ်ဖြစ်တဲ့ Crazy မှာ ပရိသတ်ကြားအောင်မြင်မှုရခဲ့တာပါ။ မြန်မာနိုင်ငံဟာ K Pop ပရိသတ်တွေနဲ့ မစိမ်းလှတဲ့ ကိုရီးယား K Pop Star အဖွဲ့လည်းဖြစ်ပါတယ်။ 4 minut K Pop Girl Band အဖွဲ့ကို ၂၀၀၉ခုနှစ်မှာ ဖွဲ့စည်းထားတာဖြစ်ပြီး ပါဝင်ကြတဲ့ အဖွဲ့ဝင်ငါးဦးမှာ Jihyun ၊ Jiyoon ၊ Hyuna ၊ Gayoon နဲ့ Sohyun တို့ပဲ ဖြစ်ပါတယ်။ အဖွဲ့ထဲမှာပါဝင်တဲ့ Hyuna ဟာ ကမ္ဘာကျော်သီချင်းတပုဒ်ဖြစ်ခဲ့တဲ့ ကိုရီးယားအဆိုရှင် PSY ရဲ့ OPPA GANGNAM STYLE သီချင်းမှာပါဝင်ခဲ့တာကြောင့် 4 minute အဖွဲ့ဟာ ပိုမိုကျော်ကြားခဲ့ပါတယ်။ တကိုယ်တော်တေးစီးရီးပေါင်း ၇ ခု ထွက်ရှိထားပြီး Billboard ၊ Vice ၊ Time အစရှိတဲ့ ကမ္ဘာကျော် Music ထိပ်တန်းစာရင်းထဲမှာလည်း အသိအမှတ်ပြုခံရတဲ့ ကမ္တာအဆင့်မီ ကိုးရီးယားအဖွဲ့ လည်း ဖြစ်ပါတယ်။

တလကို လုပ်ခ လစာ ခြောက်သိန်းရဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့ မြန်မာနိုင်ငံကြီးမှာတော့ အခုလိုခြောက်သိန်းတန် ကိုရီးယား K pop အဖွဲ့ရဲ့ ဖျော်ဖြေပွဲကို ဘယ်လို လူတန်းစားတွေပဲ အားပေးကြည့်ရှုနိုင်မလဲဆိုတာ ….


ယုမွန်ကျော်

1 comments :

  1. Should be prohibit for this type of matter!

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved