၂၀၁၅ ကိုပွဲတော်တွေနဲ့ ဖြတ်သန်းမယ့် မလေးရှားနိုင်ငံရဲ့ မတ်လပျော်ပွဲရွှင်ပွဲများ

Tuesday, March 10, 2015



 ၂၀၁၅ ခုနှစ် မတ်လအတွင်းမှာ ပြုလုပ်မယ့် မလေးရှားနိုင်ငံရဲ့ ပျော်ရွှင်ဖွယ်ရာပွဲတော်တွေကို Tourism Malaysia က မိတ်ဆက်ပေးလိုက်ပါတယ်။

၂၀၁၅ ခုနှစ်ကို မလေးရှာနိုင်ငံရဲ့ ခရီးသွားနှစ် Malaysia Year of Festival 2015 (မလေးရှားပွဲတော်များနှစ်)လို့ ခေါ်တဲ့အပြင် Endless Celebrations (ဆင်နွှဲမဆုံးသောပွဲတော်များ) လို့ပါ သတ်မှတ်ထားတဲ့အတွက် တနှစ်ပတ်လုံး မလေးရှားနိုင်ငံရဲ့ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ပွဲတော်တွေနဲ့  နိုင်ငံတကာ ပြပွဲပြိုင်ပွဲပေါင်း ၅၀ ကျော်ကို အဆက်မပြတ် ကျင်းပသွားတော့မှာပါတဲ့။

မတ်လအတွင်းမှာ ကျင်းပမယ့်ပွဲတွေထဲတွင် စလန်ကောမြို့၊ ဆီပန်းပြိုင်ပွဲကွင်းမှာ ပြုလုပ်မယ့် Formula 1 Malaysian Grand Prix ကားပြိုင်ပွဲကို မတ်လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိပြုလုပ်မှာပါ။ Malaysia Gp Sale အထူးဈေးရောင်းပွဲတော်ကိုတော့ မတ်လ ၁၄ ရက်နေ့ကနေ ဧပြီလ ၅ ရက်နေ့အထိ ပြုလုပ်သွားပါမယ်။

ဒါ့ထက် ပူထရာဂျာဂာမြို့မှာ ၇ ကြိမ်မြောက် ကျင်းပမယ့် ရောင်စုံမိုးပျံပူဖောင်း Hot Air Ballon Festival 2015 ပွဲတော်၊ ကွာလာလမ်ပူမြို့မှာ ကျင်းပမယ့် Le Tour de 2015 စက်ဘီးစီးပြိုင်ပွဲ၊ မလေးရှားခရီးသွားနှစ်အထိမ်း အမှတ်တခုဖြစ်တဲ့ ဗုံ၊ စည်တွေနဲ့ တီးခတ်ဖျော်ဖြေရေးနဲ့လေ့လာရေးပွဲတော်၊ လန်ကာဝီမြို့မှာ ပြသမယ့် နိုင်ငံ တကာ ရေကြောင်း၊ လေကြောင်းကာကွယ်ရေး ပစ္စည်းများပြခန်း(Langkawi International Maritime & Aerospace Exhibiton LIMA 2015 ) တို့ကိုပါ ပြုလုပ်မှာပါ။

မလေးရှားနိုင်ငံရဲ့ မတ်လအတွင်းမှာ ပြုလုပ်မယ့် ပျော်ပွဲ ရွှင်ပွဲတွေနဲ့ပတ်သက်လို့ အသေးစိတ်အချက်တွေ သိရှိလိုတယ်ဆိုရင်တော့ မလေးရှားခရီးသွားဌာနရဲ့ မြန်မာဘာသာဖေ့ဘွတ်စာမျက်နှာ www.facebook.com/TourismMalaysiaMyanmar မှာဖြစ်ဖြစ် http://www.myfest2015.com.my/ မှာဖြစ်ဖြစ် ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved