လူမှုကွန်ရက်စာမျက်နှာတွေမှာ နာမည်ကြီးနေတဲ့ ဓာတ်ပုံတပုံ

Friday, March 6, 2015



photo -  martin le-may

 ဖျံမျိုးရင်း သားစားသတ္တ၀ါတမျိုးဟာ သစ်တောက်ငှက်တစ်ကောင်ရဲ့ နောက်ကြောပေါ်ကနေ ခိုစီးလိုက်ပါလာတဲ့ ထူးခြားတဲ့ ပုံတစ်ပုံကို အင်္ဂလန်နိုင်ငံ အက်စက်စ်က အပျော်တမ်း ဓာတ်ပုံဆရာ မာတင် လီမေဟာ အမိအရ ရိုက်ကူးရရှိခဲ့ပါတယ်။

အဲ့ဒီဓာတ်ပုံကို လန်ဒန်အရှေ့ဖက်ရှိ ဟွန်းချက်ခ်ျမြို့ ပန်းခြံမှာ တနလာင်္နေ့ နေ့လည်ပိုင်းလောက်က ရိုက်ယူရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဓါတ်ပုံဆရာဟာ သူ့ရဲ့အမျိုးသမီးနဲ့အတူ လမ်းလျှောက်ထွက်ရင်း အဲဒီဓာတ်ပုံလေးကို ရိုက်ကူးနိုင်ခဲ့တာ ဖြစ်တယ်လို့လည်း ဘီဘီစီသတင်းဌာနကို ဆိုထားပါတယ်။

“ကြောက်လန့်တကြားအော်နေတဲ့ ငှက်တစ်ကောင်ရဲ့ စူးစူးရှရှအော်သံကို ကျွန်တော်ကြားရပြီး ကြည့်လိုက်တော့ သစ်တောက်ငှက်တစ်ကောင်နဲ့ သူ့အပေါ်မှာ သတ္တ၀ါတစ်ကောင် စီးနှင်းလိုက်ပါလာတာကို တွေ့ရလိုက်ရတာပဲ။ သစ်တောက်ငှက် မြေပြင်မှာနားလိုက်ပြီး ရုန်းထွက်သွားနိုင်အောင် အဲ့ဒီသားစားသတ္တ၀ါ ကို ကျွန်တော်တို့ ခြောက်လှန့်ခဲ့လို့ အဲ့ဒီအကောင်လည်း မြက်ပင်တောထဲ ၀င်ပြေးသွားခဲ့ပါတယ်”လို့ သူက ပြန်ပြောပါတယ်။

ဓာတ်ပုံဆရာ မစ္စတာလီမေ ဟာ လူမှုစာမျက်နှာပေါ်မှာတင်ထားတဲ့ သူ့ရဲ့အဲ့ဒီဓါတ်ပုံအတွက် လူတွေရဲ့တုန့်ပြန်မှုကို အံ့အားသင့်ခဲ့ရပါတယ်။ အဲဒီ ဓာတ်ပုံဟာ လူမှုကွန်ရက်စာမျက်နှာတွေမှာ အကြိမ်ထောင်နဲ့ချီ အဖန်တလဲလဲ ဖော်ပြခြင်းကို ခံခဲ့ရပါတယ်။

“ကိုယ့်ရဲ့ ဓာတ်ပုံလေးတစ်ပုံကို လူတွေက ကြည့်ရုံတင်ကြည့်သွားကြတာမဟုတ်ဘဲ လူထောင်ပေါင်းများစွာက Like ခလုတ်နှိပ်သွားကြတာ ကျွန်တော့်အဖို့ အိမ်မက်လိုပါပဲ။ ကျွန်တော့် ဓာတ်ပုံကို လူတွေ အများကြီး ကြည့်ထားတာမြင်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။  ကျွန်တော့် ဓာတ်ပုံအတွက် တခဲနက်အားပေးမှု ရရှိခဲ့တာလေးကတော့ အမှတ်တရဖြစ်စရာပါပဲ” လို့လည်း သူက သတိတရ ပြောဆိုပါသေးတယ်။

တောရိုင်းတိရိစ္ဆာန်တွေအကြောင်း အထူးပြုလေ့လာနေတဲ့ ကျွမ်းကျင်ပညာရှင် လူစီကွတ်ကတော့ “ တကယ့်ကို တမူထူးခြားတဲ့ ဖော်ပြချက်တစ်ခုပါပဲ” လို့ ဘီဘီစီ သတင်းဌာန ကိုပြောဆိုခဲ့ပါတယ်။

အစိမ်းရောင်အဆင်းရှိတဲ့ သစ်တောက်ငှက်တွေဟာ မြေနိမ့်ပျံတဲ့ ငှက်အမျိုးအစားဖြစ်ပြီး အဲ့ဒီအသားစားသတ္တ၀ါ တွေဆိုတာကလည်း ယုန်လို သတ္တ၀ါမျိုးကိုသာ ရန်မူတတ်ကြတာပါ။ သစ်တောက်ငှက်ဟာ အဲ့ဒီသတ္တ၀ါ အတွက် သားကောင်မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် သားစားသတ္တ၀ါတွေက အကြောက်အလန့်တော့ သိပ်မရှိတတ်ကြဘူး။ အဲ့ဒီသတ္တ၀ါ အမ တွေဟာ မားစ် ဝေဖာ ချောကလက်တစ်တောင့်လောက်တောင် အလေးချိန်မရှိပေမယ့် ခြင်္သေ့တစ်ကောင်လောက်တော့ သတ္တိရှိပါတယ်။ အဲဒါကြောင့်လည်း သစ်တောက်ငှက်ရဲ့ နောက်ကြောပေါ်မှာ တက်လိုက်လာနိုင်တာပါ။

တောရိုင်းတိရိစ္ဆာန်များအကြောင်း အစီအစဉ်တင်ဆက်သူ စတိဗ်ဘက်ရှဲကလည်း ဖြစ်လေ့ဖြစ်ထ၊ ကြားလေ့ကြားထ မရှိတဲ့ အခြေအနေတစ်ခုဖြစ်ပေမယ့် ဒီဓာတ်ပုံဟာ အမှန်အကန် ရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်တယ်လို့ ယုံကြည်ကြောင်း ပြောဆိုထားပါတယ်။ သစ်တောက်ငှက်မျိုးဟာ သစ်ရွက်ဖြတ် ပရွက်ဆိတ်တွေ၊ နောက်ချီးပိုးကောင်တွေလိုပဲ ၄င်းရဲ့ကိုယ်ခန္ဓာ အလေးချိန်ထက် အဆ (၈၅၀)လေးတဲ့ အရာတွေကို သယ်ဆောင်နိုင်ပါတယ်။ အလားတူ ဖျံမျိုးရင်း အသားစားသတ္တ၀ါ ဆိုတာလည်း တကယ်သဘောကျစရာကောင်းတဲ့  သတ္တ၀ါဖြစ်ပါတယ်။ ၄င်းထက် အဆများစွာကြီးတဲ့ သတ္တ၀ါတွေကိုတောင် သတ်ဖြတ်နိုင်တဲ့ အကောင်လည်း ဖြစ်ပါတယ်။ အရွယ်ပမာဏအကြောင်း စဉ်းစားလိုက်ရင် သေးငယ်တဲ့ အကောင်တွေဟာလည်း အထင်ကြီးစရာကောင်းနေတတ်ပါတယ်။” လို့ သူက ပြောဆိုထားပါသေးတယ်။



လုဒိ

ကိုးကားသတင်း။ ။ http://www.bbc.com/news/uk-31711446

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved