ဆိုင်ကယ်စီးတဲ့ ၀န်ကြီးချုပ်

Friday, March 6, 2015



ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ (photo - nationalmultimedia.com)

 ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာ တယောက် ပြီးခဲ့တဲ့ အင်္ဂါနေ့က အစိုးရအိမ်တော်ဝန်းအတွင်းလမ်း ပေါ်မှာ ဆိုင်ကယ်ပတ်စီးခဲ့လို့ သူ့ရဲ့ သက်တော်စောင့်တွေရော မီဒီယာအသိုင်းအ၀ိုင်းတွေပါ အံ့သြဘနန်းဖြစ်ခဲ့ရပါတယ်။

သူ့ သက်တော်စောင့်တွေ နဲ့ ကင်မရာသမား တွေဟာ သူ့ နောက်ကို ပြေးလိုက်နေတာကို တွေ့ရပါတယ်။ တစ်ချို့ကတော့ မပြေးနိုင်တော့လို့ ရောက်တဲ့နေရာမှာပဲ ရပ်ကျန်ခဲ့ပါတယ်။

ဝန်ကြီးချုပ်ကို အသက်မွေးဝမ်းကြောင်းမှု ပညာသင်ကျောင်းမှ ကျောင်းသားတွေက ယာယီမဏ္ဍပ်ထဲကနေ စောင့်ကြည့်နေကြရပါတယ်။ အဲ့ဒီကျောင်းသားတွေက ဆိုင်ကယ်စီးဖို့ ဆုံးဖြတ်ထားတဲ့ ၀န်ကြီးချုပ်အတွက် ဆိုက်ကယ် စက်သုံးဆီကုန်ကျမှုကို တာဝန်ယူထားကြရတာပါ။ ဆိုင်ကယ်ကတော့ အစိုးရ၀န်ထမ်း အဖွဲ့ဝင် တယောက် ပိုင်ဆိုင်တာဖြစ်ပြီး အဲ့ဒီဝန်ထမ်းက ကျောင်းသားတွေကို ဆီဖြည့်ခိုင်းတဲ့သူပါ။

စစ်ဘက်အရာရှိတဦးလည်းဖြစ်ခဲ့သူ ပရာယွတ်ဟာ သတင်းထောက်တွေစောင့်ဆိုင်းနေတဲ့နေရာကို ပြန်မသွားမီ အစိုးရအိမ်တော်ဝန်းအတွင်းမှာ မော်တော်ဆိုင်ကယ်ပတ်မောင်းနေခဲ့တာပါ။ သူပြောတာကတော့ သူ ငယ်စဉ်စစ်သားဘ၀မှာကတည်းက ဆိုင်းကယ်စီးရတာ အလေ့အကျင့်တခုလိုဖြစ်နေခဲ့တာပါတဲ့။


ကိုးကားသတင်း။   ။ http://www.nationmultimedia.com/politics/PM-takes-off-on-big-bike-30255225.html

--

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved