ဖားကန့်မြေရဲ့ အဖြစ်အပျက်အမှန်တွေကို ဖော်ပြထားတဲ့ "သွေးစွန်းတဲ့ ကျောက်စိမ်းမြေ"

Friday, April 3, 2015



ဖားကန့်ကျောက်စိမ်းမြေအကြောင်း ပြင်သစ်စာရေးဆရာမပါစကယ်မာရက် ရဲ့ သွေးစွန်းတဲ့ကျောက်စိမ်းမြေ ၀တ္ထုကို စာရေးဆရာမ သွေး (စစ်ကိုင်း)က ပြင်သစ်ဘာသာကို တိုက်ရိုက်ပြန်ဆိုထားတာ ထွက်ရှိလာပါပြီ။

စာရေးဆရာမ ပါစကယ်မာရက်ဟာ စစ်အစိုးရလက်ထက်က မြန်မာနိုင်ငံကိုလာရောက်ခဲ့ပြီး ဖားကန့်နယ်မြေမှာရှိတဲ့ ကျောက်မှော်အကြောင်း အသေးစိတ်ရေးဖွဲ့ထားတဲ့ ဒီစာအုပ်ထဲမှာ အလိုလောဘနဲ့ စွန့်လွှတ်ခြင်းများ၊ ချစ်ခြင်းမေတ္တာနဲ့ ကောက်ကျစ်ဗိုလ်ကျခြင်းများ၊ ကတိကို တန်ဖိုးထားသူနဲ့ ကတိဖျက် စီးပွားရှာသူများ၊ မိခင်မေတ္တာ၊ ညီအစ်ကို သံယောဇဉ် စတဲ့ အကြောင်းအရာတွေ ပါဝင်ပါတယ်။

ပြင်သစ်ဘာသာကနေ တိုက်ရိုက်ပြန်ဆိုတဲ့ စာရေးဆရာမသွေး (စစ်ကိုင်း) က

“မြန်မာနိုင်ငံက စာရေးဆရာတယောက် ရေးသလားမှတ်ထင်ရအောင် မြန်မာမှုကို ပိုင်နိုင်သလို ကျောက်စိမ်းတွင်းနဲ့ ဆက်နွယ်နေတဲ့ အဖြစ်အပျက်တွေကို အသေးစိတ် ရေးသားထားလို့ မူရင်းစာရေးဆရာမကို မလေးစားဘဲ မနေနိုင်ပါဘူး။ ဒါကြောင့် မြန်မာစာဖတ်ပရိတ်သတ်အတွက် ဘာသာပြန်ဆိုမယ်လို့ ကျမယုံယုံကြည်ကြည် ဆုံးဖြတ်ခဲ့ပါတယ်” လို့ သူ့ရဲ့ အမှာစာမှာ ဖော်ပြပေးထားပါတယ်။

နိုင်ငံတကာဘာသာပြန် ရသစာပေ အားနည်းနည်းပါးနေချိန်မှာ ထွက်ရှိလာတဲ့ သွေးစွန်းတဲ့ ကျောက်စိမ်းမြေ ၀တ္ထုဟာ အရမ်းလည်းမရှည်၊ အရမ်းလည်းမတိုဘဲ အချိန်နည်းနည်းယူ ဖတ်ရှုလိုက်တာနဲ့ ရသမျိုးစုံကို ခံစားနိုင်မှာ ဖြစ်ပါတယ်။

ဒီစာအုပ်ကို မြန်မာ့ခေတ် စာအုပ်တိုက်၊ အမှတ် ၁၇၊ ဦးဝိဇ္ဇာလမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်က ထုတ်ဝေတာ ဖြစ်ပြီး၊ဖုန်း ၀၉ ၄၂၂၄ ၉၃၀ ၉၀၊ ၀၉ ၄၂၂၅ ၄၀၅၉၆ သို့ ဆက်သွယ်မှာကြားနိုင်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved