အအေးမိ နှာစေးချောင်းဆိုးအတွက်ချင်း(ဂျင်း)တက်

Tuesday, June 2, 2015


photo - al-health.net

ချင်းတက်ဟာ မြန်မာတွေရဲ့ ဟင်းခတ်အမွှေးအကြိုင်ထဲမှာမပါမဖြစ်တဲ့ သစ်ဥသစ်ဖုတမျိုးဖြစ်သလိုချင်းကြောင့် သက်သာစေတဲ့ ရောဂါဘယတွေလည်းရှိပါတယ်။ အခုလိုမိုးဦးကျ ရာသီမှာ ဖြစ်တတ်တဲ့ အအေးမိ နှာစေးချောင်းဆိုးရောဂါတွေအတွက် ချင်းကိုအသုံးပြုနိုင်တယ်လို့ လေ့လာသူတွေက ဆိုထားပါတယ်။ နှာခေါင်းနဲ့ ပတ်သက်တဲ့ ထိပ်ခတ်နာလို၊ အအေးမိ၊ ချောင်းဆိုးပြီး ရင်ဘတ်အောင့်တာမျိုးတွေ ဖြစ်ခဲ့ရင် ချင်းတက် လက်တဆစ်လောက်ကို အခွံခွာရေဆေးပြီး အနည်းငယ်ထုကာ ပန်းကန်လုံးတလုံးထဲ ထည့်ထားပါ။ ရေနွေးဆူဆူ နှစ်ခွက်ကို ချင်းတက်ထည့်ထားတဲ့ ပန်းကန်ထဲ လောင်းထည့်ပြီး အဖုံးအုပ်ကာ ၁၀ မိနစ် ခန့်ထားပါ။ ပြီးရင် ချင်းတက်ကို ဖယ်ထုတ်ပြီး အဲဒီအရည်ထဲကို ငရုတ်ကောင်းမှုန့် အနည်းငယ်ခတ်လို့ တနေကုန်သောက်ရင် အအေးမိ၊ နှာစေးချောင်းဆိုးရောဂါ သက်သာစေပါတယ်တဲ့။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved