ဈေးသက်သာပြီး နောက်ဆုံးပေါ် Function တွေပါဝင်တဲ့ Huawei G Play Mini

Monday, June 1, 2015






ဈေးနှုန်း ကျပ် ၂ သိန်း ဝန်းကျင်နဲ့ မျက်နှာပြင်အရွယ်အစား ၅ လက်မ အကျယ်ရှိပြီး စက်လည်ပတ်မှုစနစ်ကို Octa Core 1.2 GHz Processor ပါဝင် အသုံးပြုထားတဲ့ တန်ဖိုးနည်း Function မြင့် စမတ်ဖုန်း Huawei G Play Mini ကို Huawei ကုမ္ပဏီက ထပ်မံ ထုတ်လုပ် တင်သွင်းလိုက်ပါပြီ။ 1.2GHz Process (၈) လုံး ပါဝင်တာကြောင့် ဖုန်းရဲ့ လုပ်ဆောင်ချက်တွေ ကောင်းမွန်မြန်ဆန်နေမှာ အသေချာပါပဲ။ နောက်ဆုံးပေါ် တန်ဖိုးကြီး High End စမတ်ဖုန်းတွေမှာသာ ပါဝင်တတ်တဲ့ Full HD ကို ထည့်သွင်းပေး ထားတာကြောင့်လည်း Huawei G Play Mini စမတ်ဖုန်းက တန်ဖိုးနည်းပြီး အရည်သွေးမြင့်တဲ့ ထူးခြားချက်တစ်ခုလို့ ပြောလို့ရပါတယ်။ Full HD ပါဝင်လို့ ၅ လက်မ အကျယ်ရှိတဲ့ မျက်နှာပြင်အရွယ် စမတ်ဖုန်းမှာ ဓာတ်ပုံပဲကြည့်ကြည့်၊ ဗီဒီယိုပဲ ကြည့်ကြည့် ကြည်လင်ပြတ်သားနေမယ့်အပြင် မျက်နှာပြင်က ဓာတ်ပုံရိုက်ဖို့၊ ဗီဒီယိုကြည့်ဖို့အတွက် လုံလောက်တဲ့ မျက်နှာပြင်လို့ ပြောလို့ရပါတယ်။

အနောက်ကင်မရာ 13MP ပါရှိတာကြောင့် ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံကို ရရှိစေမှာ အသေအချာပါပဲ။ တဦးချင်း Selfie နဲ့ အဖွဲ့လိုက် Groufie ဓာတ်ပုံတွေ ရိုက်တဲ့အခါမှာလည်း စိတ်တိုင်းကျမှု အပြည့်အဝပေးမယ့် ကင်မရာအရည်အသွေး အရှေ့ကင်မရာ 5 Mega Pixel Resolution နဲ့ အနောက်ကင်မရာ 13 Mega pixel တို့ ပါဝင်အသုံးပြုထားပါတယ်။  RAM က 2GB ပါဝင်ပြီး Storage က 8 GB ပါ။ Android OS Version က နောက်ဆုံးထွက် Lollipop (5.0) ကို အသုံးပြုထားပြီး GSM ဆင်းမ်ကတ် နှစ်ကတ်ထိုး စမတ်ဖုန်း အမျိုးအစား ဖြစ်ပါတယ်။ နောက်ဆုံးပေါ် High End စမတ်ဖုန်းတွေမှာပဲ ပါဝင်လေ့ရှိတဲ့ နောက်ဆုံးပေါ် Function တွေကို သက်သာတဲ့ ဈေးနှုန်း ကျပ် (၂) သိန်းဝန်းကျင်နဲ့ Huawei G Play Mini ကို ဝယ်ယူ ရရှိနိုင်တဲ့ကြောင့် Middle End စမတ်ဖုန်း အနေနဲ့ ဝယ်ယူသင့်တဲ့ဖုန်း ဖြစ်ပါတယ်။


သီဟတိုး 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved