![]() |
photo- dailymail.com |
အဲ့ဒါကတော့ ဘေဂျင်းမြို့မှာရှိတဲ့ ရှေးခေတ်အင်ပါယာ နန်းတော်ကြီးရဲ့ ကျောက်နဂါးခေါင်းပေါ်မှာ ခွထိုင်နေတဲ့ ၀တ်လစ်စားလစ်နဲ့ အမျိုးသမီးတဦးရဲ့ ဓာတ်ပုံအပါအ၀င် မြောက်များစွာသော ဓာတ်ပုံတွေဟာ ပြီးခဲ့တဲ့လက အွန်လိုင်းစာမျက်နှာတွေထက်မှာ ပျံ့နှံ့လာတာက စတယ်လို့ဆိုရပါမယ်။
ဒါဟာ ယဉ်ကျေးမှုအမွေအနှစ်တွေအား မလေးစားရာရောက်တာကို ပြသနေတဲ့အပြင် ဒီလိုအပြုအမှုမျိုးကို ရှုတ်ချပါတယ်လို့ အဆိုပါ နန်းတော်ရဲ့ ပြတိုက်ကနေ ဒီကနေ့မှာ တရားဝင် ထုတ်ပြန်ကြေငြာလိုက်တယ်လို့ People’s Daily Online သတင်းဌာနက ဖော်ပြထားပါတယ်။
အဆိုပါ ဓာတ်ပုံရိုက်ကူးခဲ့တဲ့ သမိုင်းဝင် နေရာတွေဟာ တနေ့ကို စိတ်ဝင်တစား လာရောက်လည်ပတ်သူပေါင်း ၈ သောင်းနီးပါး ရှိပါတယ်။
ရှေးဟောင်းနန်းတော်တွေထဲမှာ ရိုက်ကူးထားတဲ့ ပိန်ပိန်သွယ်သွယ် မော်ဒယ်လ်မလေးတွေရဲ့ ၀တ်လစ်စားလစ်နဲ့ အဆိုပါ ညစ်ညမ်းပုံတွေဟာ တရုတ်တွစ်တာ နဲ့ Weibo တို့အပြင် အမျိုးမျိုးသော ဆိုဒ်တွေမှာပါ ဖော် ပြ လာခဲ့တာပါ။
အနီရောင် ဒေါက်မြင့်ဖိနပ်နဲ့ အသားကပ်ခြေအိတ်ကို ၀တ်စားထားတဲ့ မော်ဒယ်လ်တဦးရဲ့ ဓာတ်ပုံတပုံမှာဆိုရင် ကနုတ်တွေနဲ့ တန်ဆာဆင်ထားတဲ့ ကျောက်ဆစ်လက်ရမ်းကို မှီပြီး သူ့မရဲ့ တင်ပဆုံကို အသားပေးလှစ်ဟ ပြသထားတာပါ။
လူမှုကွန်ရက် မီဒီယာတွေကို သုံးစွဲသူတွေအကြားမှာတော့ ရှေးဟောင်းမြို့တော်ကြီးကို ဒီလို ၀တ်လစ်စားလစ်နဲ့ ရိုက်ကူးထားတဲ့ပုံတွေက အပိုင်သိမ်းပိုက်လိုက်ပြီလားလို့ မေးခွန်းထုတ်စရာတွေဖြစ်လာပါတော့ တယ်။
အဆိုပါ နန်းတော်ရဲ့ ပြတိုက်မှ ပြောရေးဆိုခွင့်ရှိသူတဦးက ဓာတ်ပုံဆရာတွေအနေနဲ့ ၎င်းတို့ထံမှ ခွင့်ပြုချက် တစုံတရာ တောင်းခံခဲ့ခြင်းမရှိဘူးလို့ဆိုပါတယ်။ အကယ်လို့ ခွင့်ပြုချက်တောင်းခံလာရင်လည်း ၎င်းတို့အနေနဲ့ ခွင့်ပြုမှာ မဟုတ်ဘူးလို့လည်းဆိုလိုက်ပါတယ်။
ကိုးကားသတင်း။ ။ http://www.dailymail.co.uk/news/peoplesdaily/article-3107779/Naked-photoshoot-Forbidden-City-Beijing-sparks-outrage.html?ito=social-facebook
0 comments :
Post a Comment