ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ Huawei ရဲ့ South East Asia P8 Launch

Wednesday, June 3, 2015


 Huawei မှ တာဝန်ရှိသူများနှင့် Huawei Brand Ambassador များ (ဓာတ်ပုံများ - သီဟတိုး / The Irrawaddy)

Huawei နောက်ဆုံးပေါ် P စီးရီး စမတ်ဖုန်းတွေထဲက  Huawei Ascend P8 စမတ်ဖုန်း အရှေ့တောင်အာရှ မိတ်ဆက်ပွဲ အခမ်းအနား (South East Asia P8 Product Launch) ကို မေလ ၂၈ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့Centara Grand Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲမှာ Huawei နောက်ဆုံးထွက် စမတ်ဖုန်း P8 နဲ့ P8 max စမတ်ဖုန်းတွေအပြင်  Huawei B2 နဲ့ Huawei X2 စတဲ့ စမတ်ဖုန်းနဲ့တွဲ သုံးလို့ရတဲ့ Huawei Wearable Product တွေကိုပါ ကိုယ်တိုင် စမ်းသပ်အသုံးပြုနိုင်အောင် ခင်းကျင်းမိတ်ဆက်ပြသခဲ့ပါတယ်။ Andriod OS 4.0 နဲ့အထက်၊ iOS 7.0 အထက်ရှိတဲ့ စမတ်ဖုန်းတွေနဲ့ တွဲသုံးနိုင်တဲ့ Huawei B2 က Black, Sliver, Gold အရောင်သုံးရောင် ရရှိနိုင်မှာ ဖြစ်ပြီး Andriod OS 5.0 နဲ့ တွဲသုံးနိုင်တဲ့ Huawei X2 က Moonlight silver နဲ့ Amber gold စတဲ့ အရောင်တွေကို ရရှိနိုင်ပါတယ်။

ပွဲတက်ရောက်လာသည့် Combodia နိုင်ငံမှ Huawei Brand Ambassador အဆိုတော်၊ အလှမယ် Miss Meas Soksophea

ပွဲလာသူ ဧည့်သည်အား Huawei ကောင်တာမှ မေးမြန်းသမျှအား ရှင်းလင်းဖြေကြားနေစဉ်
ထိုင်းမော်ဒယ်လ် တဦးမှ Huawei P8 စမတ်ဖုန်းဖြင့် ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးမှုများအား သရုပ်ပြ ရိုက်ကူးပြသနေစဉ်
Huawei နောက်ဆုံးပေါ် စမတ်ဖုန်း Huawei P8 max
ပွဲတက်ရောက်လာသူ Myanmar Celebrity မော်ဒယ်လ် ခင်ရူပ နှင့် အဆိုတော် စိုးသူရ
ပွဲတက်ရောက်လာသူ Myanmar Celebrity, Miss Myanmar World 2014 အလှမယ်၊ အဆိုတော် ဝိုင်းလေး
ပွဲတက်ရောက်လာသူ Myanmar Celebrity မော်ဒယ်လ်၊ သရုပ်ဆောင် အလင်းရောင်
 ပွဲတက်ရောက်လာသည့် Myanmar နိုင်ငံမှ Huawei Brand Ambassador မော်ဒယ်လ်၊ သရုပ်ဆောင် ဝတ်မှုန်ရွှေရည်
ပွဲအတွင်း Huawei P8 Photo Corner တွင် ဓာတ်ပုံအရိုက်ခံနေသည့် Huawei Myanmar Brand Ambassador မော်ဒယ်လ်၊ သရုပ်ဆောင် ဝတ်မှုန်ရွှေရည်
ထိုင်းအနုပညာရှင်များက Performance အကအလှများဖြင့် ကပြဖျော်ဖြေစဉ်
ထိုင်းအနုပညာရှင်များက Performance အကအလှများဖြင့် ကပြဖျော်ဖြေစဉ်
ထိုင်းအနုပညာရှင်များက အဆို၊ အက Permance များဖြင့် သီဆိုဖျော်ဖြေတင်ဆက်နေစဉ်

အဆိုပါပွဲက အရှေ့တောင်အာရှနိုင်ငံများအတွက် Huawei အနေနဲ့ မိတ်ဆက်တဲ့ပွဲဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့က အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာ P8 နဲ့ P8max စမတ်ဖုန်းတွေကို တရားဝင် မိတ်ဆက်ပွဲကို ကျင်းပခဲ့ပါသေးတယ်။ ယခု ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ Huawei P8 & Wearable Launch ပွဲကို Huawei ကုမ္ပဏီရဲ့ President Mr.Kevin Ho နဲ့ Huawei ကုမ္ပဏီမှ တာဝန်ရှိသူတွေ၊ ဝန်ထမ်းတွေ၊ Huawei ဖုန်းဆိုင်ရောင်းချသူတွေ၊ မြန်မာနိုင်ငံမှ Huawei Brand Ambassador ဝတ်မှုန်ရွှေရည် အပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေရဲ့ Huawei Product Brand Ambassador တွေနဲ့  သတင်းမီဒီယာတွေ တက်ရောက်ခဲ့ကြပါတယ်။


သီဟတိုး

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved