အွန်လိုင်းမှာ အငြင်းပွားဖွယ်ရာတွေနဲ့ "ကျမက နှင်းဆီပါမောင်" ရုပ်ရှင်ဇာတ်ကား ရုံတင်ပြီ

Thursday, June 11, 2015



လက်တုန့်ပြန်တဲ့အချစ်၊ ဒရမ်မာပေါင်းစပ်ထားတဲ့ရုပ်ရှင်ဇာတ်ကားလည်းဖြစ် ဇာတ်ကားနာမည်က ရုံမတင်ခင် ကတည်းက Facebook မှာအရင်ပြန့််နှံ့နေကာ ပရိသတ်စိတ်ဝင်စားမှု များပြားခဲ့တဲ့ “ကျမက နှင်းဆီပါမောင်” ရုပ်ရှင်ဇာတ်ကားကြီးကို ရန်ကုန်၊ မန္တလေး၊ မြိတ်၊ ဘားအံစတဲ့ မြို့တွေက အဆင့်မြင့် ရုပ်ရှင်ရုံကြီးတွေမှာ ဇွန် ၅ ရက်ကစတင်ပြီး ရုံတင်ပြသနေပါပြီတဲ့။

ဒီ ရုပ်ရှင်ဇာတ်ကားကြီးကို ထားဝယ်ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ရိုက်ကူးတင်ဆက်မှုဖြစ်ပြီး စာရေးဆရာမ ပုည ခင်ရဲ့ ဝတ္ထုကို ဒါရိုက်တာဝိုင်းက ရိုက်ကူးထားတာပါ။

ဒီကားက သရုပ်ဆောင် ဖွးဖွေးရဲ့ဇာတ်ဖြစ်သလို ဖွေးဖွေးအတွက် ဒုတိယမြောက်အကယ်ဒမီဆုကိုတောင် ရရှိနိုင်မယ့် ကာရိုက်တာတခုလို့လည်း ပြောလို့ရပါတယ်။

ပြင်ဦးလွင် ခြံကြီးက သူဌေးမကြီးရဲ့ အလိုလိုက်ခြင်းခံရတဲ့ ထားသခင် (ငယ်စဉ်ကယွန်းယွန်း)က ရန်ကုန်ကနေ ရောက်ရှိလာပါတယ်။ ခွန်းသ(ဟဲဗီးဖြိုး)က ထားသခင်တို့ အဘွားအိမ်က ခြံစောင့်အဘိုးကြီးရဲ့မြေးဖြစ်ပြီး ထားသခင်က အိမ်ကခိုင်းစေတဲ့ကောင်လေးကိုငယ်စဉ်ကတည်းက အနိုင်ကျင့်နှိပ်စက်ခဲ့ပါတယ်။ ပန်းဆီရောင်ကိုနှစ်သက်ပြီး ၀တ်ဆင်တတ်တဲ့ထားသခင်ဟာ အိမ်ကြီးဆီကိုဆယ်တန်းပြီးတဲ့အခါ ပြန်လည်     ရောက် ရှိလာတဲ့အခါမှာလည်း ငယ်စဉ်ကလိုပဲ ခွန်းသကို အနိုင်ကျင့်နှိပ်စက်မြဲပါပဲ၊ ဖိနပ်စီးခိုင်းတာ၊        အခိုင်းစေ ဆို ပြီး ပါးရိုက်တဲ့အထိပါ လုပ်ခဲ့တဲ့အတွက် ခွန်းသဟာ စိတ်ဒဏ်ရာအကြီးကျယ်ရပြီး ထားသခင်ကို တနေ့အပိုင်သိမ်းမယ်လို့ ကြုံးဝါးခဲ့ပါတယ်။ ခွန်းသကြုံးဝါးသလိုပဲ လက်ထပ်ဖြစ်မှာလား၊ ရက်စက်တတ်တဲ့ ထားသခင်ရဲ့လက်စားပြန်ချေမှု တွေက ဘယ်လိုဆိုတာကိုတော့ ပိတ်ကားပေါ်မှာ ဆက်လက်ရှုစားကြပါ။

ဒီဇာတ်ကားမှာ နေတိုး၊ ဖွေးဖွေး၊ ဟဲဗီးဖြိုးနဲ့ ယွန်းယွန်းတို့က အဓိက ပါဝင် သရုပ်ဆောင်ထားကြပါတယ်။

ဒါရိုက်တာ ဝိုင်းရဲ့ကိုးကားမြောက်ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး ရုံမတင်ခင်ကတည်းက ဇာတ်လမ်းထဲမှာ ပါဝင်တဲ့ တကယ်နမ်းတယ်၊မနမ်းဘူးဆိုတာ အငြင်းပွားကြတာနဲ့ အဲဒီအနမ်းဇာတ်ဝင်ခန်းတွေ        ကြောင့် နာမည်ကြီးနေတဲ့ ရုပ်ရှင်ဇာတ်ကားကြီး တကားဆိုရင်လည်း မမှားပါဘူး။

ဒါကြောင့် “ကျွန်မက နှင်းဆီပါမောင်” ရုပ်ရှင်ဇာတ်ကားဟာ အချစ်ဒရာမာ ကြိုက်တဲ့မြန်မာရုပ်ရှင်ကြည့် ပရိသတ်တွေ စိတ်ဝင်စားကြမယ့် ဇာတ်ကား တကားလို့ ထင်မြင်မိပါတယ်။


ယုမွန်ကျော်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved