တတိယမြောက်ရင်သွေးလေးရတော့မယ့် မန်ယူ တိုက်စစ်မှူး ရွန်းနီ

Friday, July 10, 2015



ရွန်းနီနဲ့ ကောလင်းတို့မိသားစု (photo - mirror.com)

ကမ္ဘာကျော် ဘောလုံးသမားတဦးဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး ၀ိန်းရွန်းနီ ၏ အမျိုးသမီးဖြစ်သူ ကောလင်းရွန်းနီဟာ တတိယမြောက်ရင်သွေးလေးကို လွယ်ထားရပြီလို့ တရားဝင် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

 ရွန်းနီနဲ့ ကောလင်းတို့ထံမှာ Klay နဲ့ Kai ဆိုတဲ့ သားနှစ်ယောက် ထွန်းကားထားတာပါ။

Klay နဲ့ Kai 

ဒီသတင်းကို ရိန်းက သူ့ရဲ့ကိုယ်ပိုင် Twitter ပေါ်မှာ ဦးဦးဖျားဖျား ရေးသားခဲ့ပါတယ်။

“ကောလင်းဆီမှာ ရှိနေတဲ့ ကျနော်တို့ရဲ့ တတိယမြောက်ရင်သွေးလေးက ကျနော်တို့အတွက် ၀မ်းသာကြည်နူး စရာပါ” လို့ အသိပေးလာခဲ့ခြင်းပါ။

ရွန်းနီ နဲ့ ကောလင်း

အသက် ၂၉ နှစ်အရွယ် ကောလင်းဟာ အခုနှစ်အစောပိုင်းလောက်က သူတို့ရဲ့ မိသားစုလေးထဲကို သမီးမိန်းကလေးငယ်လေးတယောက် နောက်ထပ် အသစ်အနေနဲ့ ထပ်တိုးလာဖို့ မျှော်လင့်ပါတယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ဖူးပါတယ်။

“ကျမတို့ မိသားစုလေး ပြည့်စုံဖို့ သမီးမိန်းကလေးကို မျှော်လင့်ပေမယ့် အခု ကလေးလေးဟာ ယောကျာ်းလေး လား မိန်းကလေးလားဆိုတာ ကျမအတွက် အဓိက မကျပါဘူး။ ဘာလေးပဲဖြစ်ဖြစ် ဒီကလေးလေးကို ချစ်မှာပါ”  လို့ ကောလင်းက ဆိုပါတယ်။

“၀ိန်းကတာ့ အကိုတွေနဲ့ ကြီးပြင်းခဲ့ရသူဆိုတော့ သမီးမိန်းကလေး လိုချင်နေတာပါ” လို့ သူက ထပ်လောင်း ပြောဆိုပါတယ်။

ရွန်းနီနဲ့ ကောလင်းတို့ရဲ့ သားအကြီးဖြစ်သူ Kai ကို ၂၀၀၉ ခုနှစ်မှာ မွေးဖွားခဲ့ပြီး သားငယ်ဖြစ်သူ Klay   ကိုတော့ ၂၀၁၃ မေလ မှာမွေးဖွားခဲ့တာပါ။



ကိုးကားသတင်း။  ။ http://www.mirror.co.uk/3am/celebrity-news/coleen-wayne-rooney-expecting-baby-6030324

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved