ခုနှစ်မွှာပူးပန်ဒါလေးတွေ မွေးဖွားခဲ့လို့ တရုတ်ပြည်အတွက် "ပန်ဒါနှစ်"လေလား

Wednesday, August 26, 2015




ဒီနှစ်ဟာ တရုတ်ပြည် လူထုအတွက် “ပန်ဒါနှစ်”လို့ ဂုဏ်ယူနိုင်မယ့်နှစ်တနှစ်ဟု ပန်ဒါထိန်းသိမ်းရေး နှင့် သုတေသနစင်တာရဲ့ပြောကြားချက်အရ သိရပါတယ်။



သိပ်မကြာသေးခင်ကမှ ပန်ဒါပေါက်စကလေး အကောင်(၂၀)ကို မွေးဖွားခဲ့တာပါ။ အဲ့ထဲက (၇)ကောင်က
အမွှာလေးတွေပါ။


ဒီလိုခုနှစ်မွှာပူးနဲ့ သူတို့အားလုံး အသက်ရှင်ကျန်တာဟာ ဒါပထမဆုံးပဲလို့ အဲဒီ အဖွဲ့ဝင်တဦးက ဆိုပါတယ်။ နောက်ထပ် ကိုယ်ဝန်ဆောင် ပန်ဒါအမ လေး၊ ငါးကောင်ကလည်း မီးဖွားဖို့ စောင့်ကြိုနေပါသေးတယ်တဲ့။



ဒီနှစ်ရဲ့ သြဂုတ်လ (၁၉)ရက်နေ့မှာ အသက် (၅)နှစ်ရှိပြီး အညိုနဲ့အဖြူရောင်ရှိတဲ့ ပန်ဒါကြီး တကောင်ကို      ပြည်သူလူထုအား ပထမဆုံးအကြိမ်ပြသနိုင်ခဲ့ပါတယ်။

နှစ်ရက်ကြာပြီးတဲ့နောက်မှာတော့  မျိုးပွားခြင်းနဲ့ ထိန်းသိမ်းရေးဌာနချုပ်တို့တည်ရှိရာ Sichuan ခရိုင်မှာ မွေးကင်းစ ပန်ဒါလေးတွေကို ပထမဆုံးပွဲဦးထွက်အဖြစ် ပြသခဲ့ကြပါတယ်။


ထက်ဦးဝေ


Ref: CCTV news

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved