အသက် ၁၄ နှစ်နဲ့ မင်းသမီးဖြစ်လာသူ ငွေမှုံရတီ

Wednesday, August 19, 2015


သရုပ်ဆောင် ငွေမှုံရတီ(ဓာတ်ပုံ - ယုမွန်ကျော် / The Irrawaddy)

သရုပ်ဆောင်မင်းသမီး ရွှေမှုံရတီရဲ့ ညီမငယ် ငွေမှုံရတီကလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေ    တယ်လို့ သိရပါတယ်။ ငွေမှုံရတီဟာ အသက် ၁၄ နှစ်ရှိပြီဖြစ်ပြီး ပညာအရည်အချင်းကတော့ Pravite school M3 မှာ ကိုးတန်းကို ပညာသင်ကြားနေသူတဦးလည်း ဖြစ်ပါတယ်။ အခု လက်ရှိမှာတော့ ဗီဒီယို ၁၀ ကား  ရိုက်ကူးပြီးသွားပြီး ၂ ကားကတော့ ထွက်ရှိထားပါတယ်။

 နောက်ဆုံးရိုက်ကူးထားတဲ့ ဗီဒီယိုဇာတ်ကားကတော့ မင်းသား သူရိယ နဲ့ မိန်းမနောက်ပိုးဆိုတဲ့ ဇာတ်ကားဖြစ်ပြီး အခုလောလောဆယ်မှာတော့ ပညာရေးကြောင့် ဇာတ်ကားရိုက်ကူးမှုတွေကို ခေတ္တ ရပ်နားထားတယ်လို့ ပြောပါတယ်။

ငွေမှုံရတီက သီချင်းဆိုရတာကိုလည်း ၀ါသနာပါသူတယောက်ဖြစ်ပြီး အခွေထွက်ဖို့ထက် လောလောဆယ်မှာတော့ နယ်ဘက်တွေမှာ သီချင်းသွားဆိုဖို့ အစီအစဉ်ရှိကြောင်းလည်း သိရပါတယ်။ ပညာရေးတဖက်နဲ့ အနုပညာအလုပ်ကို လုပ်နေတဲ့ ငွေမှုံရတီကို မေးမြန်းရာမှာ “ငွေမှုံက ပညာရေးကိုလည်း လုပ်တယ်။ ကျောင်းကိုလည်း ကားရိုက်မရှိတဲ့နေ့တွေ တက်တယ်။ ကားရိုက်ရမယ့်နေ့တွေဆိုရင်တော့ ခွင့်ယူတယ်ပေါ့။ ငွေမှုံက ဇာတ်ကားတွေ ရိုက်ဖြစ်နေတာက ငယ်ငယ်လေးကထဲကကို အနုပညာကိုဝါသနာပါတယ်။ အခု ဇာတ်ကား ၂ ကား ထွက်ပြီး နေတဲ့အချိန်မှာကို ပရိသတ်တွေရဲ့ အားပေးမှုကို အရမ်းရတယ်။ ရွှေမှုံရတီညီမဆိုတာထက် အသစ်တယောက်အနေနဲ့ အားပေးစေချင်ပါတယ်။  အဲဒီအတွက်လည်း ငွေမှုံအရမ်းကို ကြိုး စားနေပါတယ်။ကျောင်းတွေလည်း အရမ်းပျက်ပြီး  စာကိုတောင် စာမေးပွဲနီးမှ အရမ်းကိုကျက်ပြီးဖြေနေရပါတယ်။  ကြိုးစားတဲ့အတိုင်းလည်း ပရိသတ်ရဲ့အားပေးမှုကို ရမယ်လို့ ထင်ပါတယ်လို့” ပြောပြပါတယ်။

အရပ်အမြင့်ကလည်း ၅ပေ ၉လက်မရှိပြီး မော်ဒယ်လ်မလုပ်ဖြစ်ဘဲ သရုပ်ဆောင်လုပ်ဖြစ်တာကတော့ မော်ဒယ်လ်ထက် သရုပ်ဆောင်ကို ပိုပြီး ၀ါသနာပါတဲ့အတွက်ကြောင့်လို့လည်း ဆိုပါတယ်။ သရုပ်ဆောင်မှုအပိုင်းမှာလည်း ဘယ်ကာရိုက်တာမဆို ရိုက်ကူးမှာဖြစ်ပြီး အဓိက ပရိသတ်ကြိုက်နှစ်သက်မယ့် ကာရိုက်တာမျိုးကို ရိုက်ကူးသွားမယ်လို့လည်း ဧရာဝတီကို ပြောပြခဲ့ပါတယ်။ ငွေမှုံရတီဟာ အမဖြစ်သူ ရွှေမှုံရတီနဲ့လည်းတွဲဖက်သရုပ်ဆောင်ထားတဲ့ “မှုံကြီး မှုံလေး” ဆိုတဲ့ ဗီဒီယိုဇာတ်ကားလည်း  ထွက်ရှိထားပြီး ပရိသတ်များ       ကြိုက်နှစ်သက်တဲ့ ဇာတ်ကားတကားလည်း ဖြစ်ပါတယ်။


ယုမွန်ကျော်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved