MPT SIM ကတ် အသစ်များတွင် ဆွေသဟာအစီအစဉ် အလိုအလျောက် ထည့်သွင်းပေးထားမည်

Wednesday, August 19, 2015




သြဂုတ်လ ၁၀ ရက်နေ့မှ စပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ရဲ့ GSM/ WCDMA ဖုန်း SIM ကတ်အသစ် စတင် ဝယ်ယူသုံးစွဲသူတိုင်း MPT ရဲ့ဆွေသဟာအစီအစဉ်ကို သီးသန့်လျှောက်ထားစရာ မလိုတော့ဘဲ အလိုအလျှောက် ရယူသုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း သိရပါတယ်။

ယခင်က MPT ရဲ့GSM/WCDMA SIM ကတ်သုံးစွဲသူများဟာ ဆွေသဟာအစီအစဉ် ရယူရန် အခမဲ့ မက်ဆေ့ခ်ျ ပေးပို့ လျှောက်ထားခဲ့ရပြီး ယခု ပြောင်းလဲထားသော နည်းပညာအသစ်အရ အခမဲ့စာတိုပေးပို့စရာမလိုဘဲ အလိုလျောက် ဆွေသဟာ အစီအစဉ်ကို ရရှိ သုံးစွဲနိုင်မှာ ဖြစ်ပြီး MPT သုံးစွဲသူများအကြား ဆွေသဟာကို သုံးစွဲသူ ပိုမို တိုးပွား လာခြင်းကြောင့် MPT အနေဖြင့် ဆွေသဟာအစီအစဉ်အပြင် တခြား အထူး        ဝန်ဆောင်မှုများကိုပါ ချက်ချင်း ရယူသုံးစွဲနိုင်တော့မယ်လို့ သိရပါတယ်။

“MPT အနေနဲ့ သုံးစွဲသူ မိဘပြည်သူအားလုံးကို အကောင်းဆုံးဝန်ဆောင်မှုတွေပေးဖို့ အမြဲ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ မှတ်ပုံတင်ကြေးကော၊ သုံးစွဲခွင့်၊ လျှောက်ထားကြေးတွေ ပေးစရာမလိုဘဲ တမိနစ်ကို ၂၃ ကျပ်နဲ့ ကျနော်တို့ရဲ့ ဖုန်းခေါ်ဆိုခ အသစ်ကို သုံးစွဲသူတွေ ပိုမိုများပြားလာပါတယ်။ အဲဒါကြောင့် အခု GSM/CDMA SIM ကတ် အသစ်တွေ ဝယ်ယူသုံးစွဲမယ့် မိဘပြည်သူတွေအတွက် အခုလို ဆွေသဟာ အစီအစဉ်ကို အလိုအလျောက်အသုံးပြုနိုင်အောင် လုပ်ပေးလိုက်တာပါ” လို့ MPT နှင့် လုပ်ငန်းတူပူးပေါင်းထားသော KSGM KSGM (KDDI Summit Global Myanmar Co., Ltd.) ရဲ့CEO ဖြစ်သူ Mr. Takashi Nagashima က ပြောပါတယ်။

ဆွေသဟာအစီအစဉ်ကို အသုံးပြုသူဟာ ဖုန်းခေါ်ဆိုခ တမိနစ် ၂၃ ကျပ်၊ မက်ဆေ့ခ်ျ တစောင် ၁၅ ကျပ်နှုန်း ကျသင့်မှာဖြစ်ပြီး မြန်နှုန်းမြင့်အင်တာနက်ကို 1 MB လျှင် ၇.၅ ကျပ်ဖြင့် သုံးစွဲနိုင်မှာပါ။ လက်ရှိအခြေခံ       ဖုန်းခေါ်ဆိုမှုစနစ်ကို သုံးစွဲနေသူများ ဆွေသဟာအစီအစဉ်ကို ရယူရန် 1332 သို့ “SWE” သို့မဟုတ် “POSTSWE” ဟု မက်ဆေ့ခ်ျပေးပို့ လျှောက်ထားရမှာဖြစ်ပါတယ်။

 MPT ရဲ့တခြား အဆင့်မြှင့်တင်မှုများတွင် အခြေခံဖုန်းခေါ်ဆိုစနစ် အသုံးပြုသူများအတွက်သြဂုတ်လ ၁၀ ရက်နေ့မှ စတင်ပြီး အင်တာနက် အခမဲ့ လျှောက်ထားခွင့်လည်း ပါဝင်တယ်လို့ သိရပါတယ်။ ယခင်က အခြေခံဖုန်းခေါ်ဆိုစနစ်ကို သုံးစွဲသူများအနေဖြင့် အင်တာနက် အသုံးပြုခွင့်လျှောက်ထားရန် ငွေကျပ် တသောင်းကျပ် ပေးသွင်းခဲ့ရပါတယ်။

လက်ရှိအခြေခံဖုန်းခေါ်ဆိုစနစ်ကို အသုံးပြုနေသူများ အနေဖြင့် ဆွေသဟာအစီအစဉ်ကို ပြောင်းလဲ အ   သုံးပြုလိုပါက 1332 ကို “SWE” သို့မဟုတ် “POSTSWE” ဟု မက်ဆေ့ခ်ျ ပေးပို့ အခမဲ့ရယူသုံးစွဲနိုင်         မှာဖြစ်ကြောင်း သိရပါတယ်။

သုံးစွဲသူများအနေဖြင့် ဆွေသဟာအစီအစဉ်ကိုအသုံးမပြုလိုဘဲ အခြေခံဖုန်းခေါ်ဆိုစနစ်ကိုသာ သုံးစွဲလိုပါက 1332 သို့ “UNSUB SWE” သို့မဟုတ် “POSTUNSUB SWE” ဟု မက်ဆေ့ခ်ျ ပေးပို့ကာ ဆွေသဟာအစီ  အစဉ်ကိုအလွယ်တကူ ရပ်ဆိုင်းနိုင်မှာ ဖြစ်ပါတယ်။ ဆွေသဟာအစီအစဉ် ရပ်ဆိုင်းလိုက်သည့်သုံးစွဲသူများဟာ မူလ အခြေခံဖုန်းခေါ်ဆိုစနစ်တွင် အင်တာနက်လျှောက်ထားမှုမပြုလုပ်ခဲ့သည့်တိုင် အင်တာနက် ဆက်  လက်အသုံးပြုနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။


သီဟတိုး

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved