ကိုယ်ပိုင်သံစဉ်စီးရီးထွက်ရှိလာဦးမယ့် အဆိုတော်မင်းသားစိုးသူ တကိုယ်တော်ဖျော်ဖြေပွဲ မန္တလေးမှာ ပြုလုပ်မည်

Wednesday, November 4, 2015


ဓာတ်ပုံများ - ယုမွန်ကျော်/The Irrawaddy

 အဆိုတော်မင်းသားစိုးသူရဲ့ ဂီတသက်တမ်း ၃၂ နှစ်အတွင်း ထွက်ရှိသော ၁၂ ခွေမြောက် တေးစီးရီးဖြစ်တဲ့ “အမြတ်နိုးဆုံးမင်းအကြောင်းလေး” ကိုယ်ပိုင်သံစဉ်တေးစီးရီးကို နိုဝင်ဘာ ၁၄ ရက်နေ့မှာ အွန်လိုင်းကနေ စတင်ရောင်းချပေးတော့မှာဖြစ်ပြီး audio CD ကိုတော့ နိုဝင်ဘာ၂၈ ရက်မှာ ရောင်းချပေးတော့မှာပါ။

မြန်မာနိုင်ငံကို ပြန်ရောက်တာ သုံးနှစ်နီးပါးရှိခဲ့ပေမယ့် အနုပညာလှုပ်ရှားမှုများ သွေးအေးနေတဲ့ အဆိုတော် မင်းသားစိုးသူရဲ့ ပထမဆုံးပြန်လည်ထွက်ရှိလာတဲ့ တေးစီးရီးဆိုရင်လည်း မမှားပါဘူး။


ဒါ့အပြင် အဆိုတော်စိုးသူဟာ နိုဝင်ဘာ ၃၀ ရက်နေ့မှာလည်း သူ့ရဲ့ တကိုယ်တော်ဖျော်ဖြေပွဲကို မန္တလေးမြို့မှာ ကျင်းပဦးမှာပါ။ အဲ့ဒီဖျော်ဖြေပွဲဟာ အဆိုတော်မင်းသားစိုးသူရဲ့ မွေးနေ့ အထိမ်းအမှတ် ဖျော်ဖြေမယ့် တကိုယ်တော် ဖျော်ဖြေပွဲလည်းဖြစ်ပါတယ်။

ဒါ့ထက် “အမြတ်နိုးဆုံးမင်းအကြောင်းလေး” ကိုယ်ပိုင်သံစဉ်တေးစီးရီးကို အွန်လိုင်းကနေ ပထမဆုံးသတ်မှတ်ထားတဲ့ အရေအတွက်အတွင်းဝယ်ယူအားပေးတဲ့ ပရိသတ်များရဲ့ အားပေးမှုပေါ်မူတည်ပြီး နိုဝင်ဘာ ၃၀ ရက်နေ့ စိုးသူရဲ့ မွေးနေ့အထိမ်းအမှတ် တကိုယ်တော်ဖျော်ဖြေပွဲလက်မှတ်များကို ပေးသွားဦးမယ်လို့ သိရပါတယ်။


မန္တလေးမြို့မှာပြုလုပ်မယ့် တကိုယ်တော်ဖျော်ဖြေပွဲလက်မှတ်ဈေးနှုန်းများကိုတော့ ၅၀၀၀ ကျပ်၊ ၁၀၀၀၀ ကျပ်၊ ၂၀၀၀၀ ကျပ်၊ ၅၀၀၀၀ ကျပ် ၊ ၈၀၀၀၀ ကျပ်နဲ့ ၁၀၀၀၀၀ ကျပ်အထိ သတ်မှတ်ထားပါတယ်။
တကိုယ်တော်ဖျော်ဖြေပွဲကို ပရိသတ် နှစ်သောင်းခွဲကျော်ဆန့်တဲ့ကွင်းမှာ ကြီးကျယ်တဲ့ အခမ်းအနားပြင်ဆင်မှုများ၊ ပါဖောမန့်များ၊ အကအဖွဲ့များနဲ့ ကျင်းပပြုလုပ်သွားမှာလို့လည်း သိရပါတယ်။



ယုမွန်ကျော်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved