ဘုန်းတော်ကြီးတွေ သရုပ်ပြတဲ့ ရှောင်လင်သိုင်းအနုပညာနှင့် ယဉ်ကျေးမှုပွဲတော်

Monday, November 9, 2015



 နိုဝင်ဘာ ၈ ရက်နေ့က တရုတ်ပြည် ဖုဂျင်းခရိုင် Putian မြို့မှာ ပဉ္စမအကြိမ်မြောက် တောင်တရုတ်ရှောင်လင် သိုင်းအနုပညာနှင့် ယဉ်ကျေးမှုပွဲတော်ကို ကျင်းပခဲ့ကာ ကွန်ဖူးဘုန်းတော်ကြီးများက သရုပ်ပြဖျော်ဖြေခဲ့ပါတယ်။


ဒီယဉ်ကျေးမှုပွဲတော်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ တရုတ်လူမျိုးတွေရဲ့ ဗုဒ္ဓ ယဉ်ကျေးမှုတွေကို ကျောင်းတွေ လူငယ်တွေကြား ပျံ့နှံ့ပြန်ပွားစေဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။
ကွမ်ဇူးပြည်နယ်ရှိ Qingyuan တောင်တန်းရဲ့ အရှေ့ဘက်မှာတည်ရှိတဲ့ ကွမ်းဇူးရှောင်လင်ကျောင်း(ခေါ်) တောင်ပိုင်း ရှောင်လင်ကျောင်းတော်ကြီးဟာ တောင်ပိုင်းရှောင်လင်သိုင်းပညာထွက်ပေါ်လာရာ နေရာလည်းဖြစ်ပါတယ်။ အဲ့ဒီကနေမှ ၁၃၆၈-၁၆၄၄ ကာလ မင်မင်းဆက်နှင့် ၁၆၄၄-၁၉၁၁ ကာလ ကွင်းမင်းဆက်တွေမှာ ထိုင်ဝမ်၊ ဟောင်ကောင်၊ မကာအိုနှင့် အရှေ့တောင်အာရှတွေထိအောင် ဖြန့်ကျက် လာနိုင်ခဲ့တာပါ။


 အဲ့ဒီလို ဖြန့်ကျက်လာနိုင်ခဲ့တဲ့အတွက် တရုတ်ပြည် ဟီနန်ခရိုင် ဆောင်ရှမ်းရှောင်လင် ဘုန်းတော်ကြီးကျောင်း တွင် “တောင်ပိုင်းနှင့် မြောက်ပိုင်း ရှောင်လင်” လို့လည်း ခေါ်ဆိုလာခဲ့ပါတော့တယ်။




 

 



Ref:people’s daily china

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved