ဆေးလိပ်ရဲ့ မကောင်းကျိုးတွေ

Tuesday, November 10, 2015




ဆေးလိပ်ကသောက်သုံးသူကိုယ်တိုင်အတွက် အဆုတ်ကင်ဆာဖြစ်မှုနဲ့ ၉၀ ရာခိုင်နှုန်းလောက် ဆက်စပ်နေတဲ့အပြင် နှုတ်ခမ်း၊ လျှာ၊ ခံတွင်း၊ ဆီးအိမ်ကင်ဆာတွေနဲ့ပါ ဆက်စပ်နေတာပါ။ နှလုံးသွေးကြောကျဉ်းတာ၊ သွေးတိုးရောဂါ၊ နာတာရှည် အသက်ရှူ လမ်းကြောင်းရောဂါ တွေနဲ့လည်း ဆက်စပ်နေတာပါ။ ပိုဆိုးတာက ကိုယ်တိုင်မသောက်ဘဲ ကိုယ့်နံဘေးမှာရှိနေသူတွေ (Secondhand smoker ) ကိုလည်း ဒုက္ခပေးပုံက ကလေးငယ်တွေမှာ နားပြည်ယို၊ ရင်ကျပ်၊ ချောင်းဆိုးနဲ့ အဆုတ်ရောင်တာတွေ ဖြစ်စေသလို၊ အမြဲရှူရှိုက်နေရသူတွေမှာလည်း အဆုတ်ကင်ဆာ ဖြစ်စေပါတယ်။ ကိုယ်တိုင်ရော၊ သူတပါးအတွက်ပါ ဒုက္ခပေးတဲ့ ဆေးလိပ်ကိုတတ်နိုင်သမျှ လျှော့ချ၊ ရှောင်ကျဉ်၊ ဆင်ခြင်ကြဖို့ သတိပြုသင့်ပါတယ်။ ။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved