MPT ရဲ့ဆုပေါင်း (၇) သောင်းပါဝင်တဲ့ “ပျော်ရွှင်ကံထူးနှစ်သစ်ကူး” အစီအစဉ်ပြုလုပ်မည်

Tuesday, November 24, 2015


ဓာတ်ပုံများ - သီဟတိုး/ The Irrawaddy

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ MPT ဆင်းမ်ကတ် သုံးစွဲသူပြည်သူများအတွက် ဆုမဲပေါင်း (၇)   သောင်း ပါဝင်တဲ့ “ပျော်ရွှင်ကံထူးနှစ်သစ်ကူး” အမည်ရှိ ကံထူးရှင်ရွေးချယ်ပွဲ အစီအစဉ်ကို စတင်လိုက်ပါပြီ။
အဲဒီ ကံထူးရှင်ရွေးချယ်ပွဲ အစီအစဉ်ကြီးကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်နေ့ကနေ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာပါ။

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ကစလို့ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ ၂ ရက်နေ့အထိ အပတ်စဉ် စနေနေ့တိုင်း ဆုမဲပေါင်း တသောင်းစီ ရွေးချယ်ပေးသွားမှာဖြစ်ပြီး ဆုမဲပေါင်း ၂ သောင်း ပါဝင်တဲ့ နောက်ဆုံး ကံထူးရှင် ရွေးချယ်ပွဲကြီးကိုတော့ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ ၉ ရက်နေ့မှာ ပြုလုပ်သွားမှာလို့ သိရပါတယ်။

“ကျနော်တို့ရဲ့ MPT ၀န်ဆောင်မှုကို အသုံးပြုနေတဲ့ မိဘပြည်သူတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ အခုလို ထူးခြားတဲ့ ကံထူးရှင်ရွေးချယ်ပွဲ အစီအစဉ်ကြီးကို ပြုလုပ်ပြီး ဆုမဲတွေ အများကြီး ဖောက်ပေးမယ့် ပျော်စရာစိတ်ကူးကို အကောင်အထည်ဖော်ဖြစ်တာပါ။ ကျနော်တို့ရဲ့ ရည်ရွယ်ချက်က ၀န်ဆောင်မှုကိုလည်း ကောင်းအောင် ကြိုးစားနေသလို သုံးစွဲသူတွေကိုလည်း ပျော်ရွှင်ဖို့က အဓိက ရည်မှန်းချက် ဖြစ်ပါတယ်” လို့ MPT-KSGM Joint Opertaion ရဲ့ Chief Commercial Officer, Mr.Koichi Kawase က ပြောပါတယ်။


ကံစမ်းမဲ အစီအစဉ်တွင် ပါဝင်နိုင်ရန်အတွက် အနည်းဆုံး ကံစမ်းမဲလက်မှတ်တစောင် ရရှိထားရမှာ ဖြစ်ပြီး လက်မှတ်များရရှိရန် သုံးထောင်ကျပ် ထပ်ပိုသော MPT ငွေဖြည့်ကတ်ကို ၀ယ်ယူဖြည့်သွင်းထားခြင်း သို့မ ဟုတ် e-top-up စနစ်ဖြင့် ဖြည့်သွင်းခြင်း၊ တမိနစ်ထက်ပိုသော MPT ဖုန်းအချင်းချင်း ဖုန်းခေါ်ဆိုမှုများ ပြု     လုပ်ခြင်း၊ MPT ဆင်းမ်ကတ် အသစ်များ ၀ယ်ယူစတင် အသုံးပြုခြင်းစတဲ့ နည်းလမ်းတွေနဲ့ ကံစမ်းမဲလက်   မှတ်တွေ ရရှိမှာဖြစ်ပြီး လက်မှတ်များများ ရရှိပါက ကံထူးရှင်ဖြစ်ရန် အခွင့်အလမ်း ပိုမိုရရှိမှာ ဖြစ်ပါတယ်။

ချီးမြှင့်ပေးမယ့် ဆုပေါင်း (၇) သောင်းထဲမှာ တိုယိုတာ လန်ခရူဇာကား တစီး၊ တိုယိုတာ ကိုရိုလာ ကား (၅) စီး (တပတ်လျှင် တစီး)၊ အိုင်ဖုန်း 6s အလုံး (၂၀)၊ iPad air 2 အလုံး (၂၀)၊ ၄၀ လက်မ Sony TV (၂၅) လုံး၊ တကျပ်သားရွှေဆွဲကြိုး အကုံး (၂၀) နဲ့ ငါးထောင်ကျပ်တန် MPT ငွေဖြည့်ကတ်ပေါင်း ၆၉၉၀၉ ခုကို   ထည့်သွင်း ကံစမ်းပေးသွားမှာ ဖြစ်ပါတယ်။

“အပတ်စဉ် စနေနေ့တိုင်း၊ မနက် ၁၀ နာရီမှာ တပတ်စာ ကံစမ်းမဲတွေထဲက ဆုကြီးပေါက်တဲ့ ကံထူးရှင်တွေကို ရွေးချယ်ပြီး ဆုရရှိသူတွေကို MPT မှ ဖုန်းဆက်တာ၊ မက်ဆေ့ခ်ျပို့တာတွေ ပြုလုပ်ပြီး ချက်ခြင်းဆက်သွယ် အကြောင်းကြားပေးသွားမှာပါ။ MPT ရဲ့ Facebook စာမျက်နှာနှင့် LINE Official အကောင့်တွေကနေလည်း ကံထူးရှင်တွေရဲ့ ဖုန်းနံပါတ်တွေကို နောက်ဆုံးဂဏန်း ၃ လုံးကို ဖျောက်ပြီး ကြေညာပေးသွားမှာပါ” လို့ MPT-KSGM Joint Operation ရဲ့ Marketing Strategy Manager  ဦးထွန်းအေးမောင်က ပြောပါတယ်။

သူက ဆက်ပြီး “ဆုရရှိသူတွေကို စနေနေ့တိုင်း ည ၇ နာရီ ၁၅ မိနစ်ကနေ ၂၀ မိနစ် အတွင်း MRTV-4 မှာ  ပြသနေတဲ့ Let’s Talk အစီအစဉ်မှာလည်း ပြန်လည် ကြေညာပေးသွားမှာ ဖြစ်ပါတယ်။ ငွေဖြည့်ကတ် ကံထူးသူတွေကိုလည်း စနေနေ့က စတင်ပြီး SMS ပေးပို့ အကြောင်းကြားသွားမှာပါ” လို့ ဆိုပါတယ်။

MPT GSM/WCDMA အသုံးပြုသူများ အနေဖြင့် ကံထူးရှင် ရွေးချယ်ပွဲအစီအစဉ်အတွင်း ကံစမ်းမဲ လက်မှတ်များကို စစ်ဆေးလိုပါက SMS နံပါတ် 3000 သို့ “lucky” ဟု SMS ပေးပို့ကာ စစ်ဆေးနိုင်ပြီး CDMA အသုံးပြုသူများအနေနဲ့ SMS နံပါတ် 3001 သို့ “lucky” ဟု SMS ပေးပို့ စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။

MPT မှ Win Thin Associates အဖွဲ့ကို အဆိုပါ အထူးကံစမ်းမဲ အစီအစဉ်တွင် ကြီးကြပ်စစ်ဆေးသူ အဖြစ် ထားရှိသွားမည်ဖြစ်ပြီး ယင်းကံစမ်းမဲ အစီအစဉ်ကို MPT မှ ရုံးဝန်ထမ်းများ၊ မိသားစုဝင်များ ပါဝင်ခွင့်မရှိဟု သတ်မှတ်ထားကြောင်းသိရပါတယ်။


သီဟတိုး 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved