Showing posts with label မိုးလေ၀သ. Show all posts
Showing posts with label မိုးလေ၀သ. Show all posts

မယ်ဆိုင်ချောင်းရေကြီး၊ အိမ်တွေထဲထိ ရေဝင်

Saturday, September 6, 2014 1 comments

မိုးသည်းထန်မှုကြောင့် ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်နဲ့ တာချီလိတ်မြို့ကြား ဖြတ်စီးတဲ့ မယ်ဆိုင်ချောင်း 
ရေတက် လို့ မယ်ဆိုင်မြို့၊ ကမ်းနားလမ်းက အိမ်တွေထဲ ရေတွေ ဝင်တဲ့အထိဖြစ်နေပါတယ်။ 



ဒေါက်တာထွန်းလွင်ရဲ့ ဒီကနေ့အတွက် မိုးလေဝသခန့်မှန်းချက်

Thursday, May 22, 2014 0 comments

 ~



  .
၂၀၁၄ ခုနှစ်၊ မေလ(၂၂)ရက်နေ့အတွက် မိုးလေ၀သခန့်မှန်းချက်။

ဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်ပြင်အခြေအနေ။ 

အနောက်တောင်မုတ်သုံ လေဦးဟာ မြန်မာနိုင်ငံမြစ်ဝကျွန်းပေါ်ဒေသအတွင်းသို့ ဆက်လက်ဝင်ရောက်နေပြီဖြစ်ပါတယ်။ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတောင်ပိုင်း ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် (၂၁-၅-၂၀၁၄)ရက်နေ့ နံနက်(၆)နာရီခွဲတွင် မုန်တိုင်းငယ်တစ်ခုအဖြစ်ကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ မုန်တိုင်းငယ်ရဲ့ဗဟိုချက်မှာ 16.0N, 90.0E မှာရှိနေပြီး၊ ဟိုင်းကြီးကျွန်းရဲ့အနောက်ဖက် မိုင်(၂၅၀)ခန့်အကွာ ရေပြင်ပေါ်တွင်ရှိနေပြီး မြောက်ဖက်အရပ်သို့ဦးတည်ရွေ့လျှားမည်ဟုခန့်မှန်းရပါတယ်။ ဗဟိုချက်အနီး လေတိုက်နှုန်းမှာ တစ်နာရီ မိုင်(၄၀-၄၅)မိုင်ခန့်ရှိနှို်င်ပါတယ်။ သင်္ချာပုံစံ ကနဦးခန့်မှန်းချက်များအရ မုန်တိုင်းငယ်ဟာ သိသိသာသာ အားကောင်းလာခြင်းမရှိဘဲ နောက်ပိုင်းတွင် အိန္ဒိယနိုင်ငံဖက်ဆီသို့ ဦးတည်ရွေ့လျှားမယ်လို့ ခန့်မှန်း ထားပါတယ်။

မြန်မာ့ပင်လယ်ပြင်အခြေအနေ။
မွန်-တနင်္သာရီ နဲ့ မြစ်ဝကျွန်းပေါ် နဲ့ရခိုင် ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ တစ်ခါတစ်ရန် မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့် ရှိနှိုင်ပါတယ်။ လှိုင်းအမြင့် (၅)ပေမှ(၇)ပေခန့်ရှိနှိုင်ပါတယ်။ ကျန်မြန်မာ့ကမ်းရိုးတန်းနဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ လှိုင်းအသင့်အတင့်ရှိနှိုင်ပြီး၊ လှိုင်းအမြင့် (၃)ပေမှ(၄)ပေခန့် ရှိနှိုင်ပါတယ်။

နေ့အပူချိန်များအခြေအနေ ။
နေ့အပူချိန်များဟာ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း တို့တွင် နေ့အပူချိန်များဟာ 39°C – 40°C ခန့်၊ နေပြည်တော်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ် နဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း တို့တွင် နေ့အပူချိန်များဟာ 36°C - 39°C ခန့်၊ ကျန်ပြည်နယ်များအားလုံး တို့တွင် 31°C - 34°C ခန့် ရှိနှိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းအခြေအနေ။ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းအမြင့်ဆုံးတန်ဖိုးဖြစ်သော လွန်ကဲအဆင့်ရှိသည့် ၁၁ ထက်ကျော်လွန်နေသောတန်ဘိုးများကို မြန်မာနိုင်ငံတ၀ှမ်းတွင် လျော့နည်း သွားခဲ့ပြီဖြစ်ပါတယ်။

မိုးတိမ်တောင်အခြေအနေ။
ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း၊ နဲ့ နေပြည်တော်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး နဲ့တနင်္သာရီတိုင်းဒေသကြီးတို့တွင် ညနေပိုင်းအချိန်များတွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နှိုင်ပါတယ်။

မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း နဲ့ ပဲခူးတိုင်းဒေသကြီး တို့တွင် တိမ်အနည်းငယ်မှ အသင့်အတင့် ဖြစ်ထွန်းနိုင်ပြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း နဲ့မြောက်ပိုင်းတို့တွင် နေရာကွက်ကျား၊ ကျန်ပြည်နယ် နဲ့ တိုင်းဒေသကြီးတိုကတွင် နေရာကျဲကျဲမှစိပ်စိပ် မိုးထစ်ချုန်းရွာပြအီး ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်တိုကတွင် နေရာကွက်၍ မိုးကြီးပါ့မယ်။ ရွာရန် ရာနှုန်း(၈၀) ဖြစ်ပါတယ်။

ဒေါက်တာထွန်းလွင်

 



.

မဒီဆိုင်ကလုံး မုန်တိုင်း အားနည်းသွားနိုင်

Tuesday, December 10, 2013 0 comments


မဒီ မုန်တိုင်းနဲ့ပတ်သက်ပြီး ဒီကနေ့ည ၈ နာရီ မိနစ် ၅၀ မှာ မိုး/ဇလ ပညာရှင် ဒေါက်တာ ထွန်းလွင်က သူ့ဖေ့စ်ဘုတ်စာမျက်နှာကတဆင့် အခုလို အသိပေးထုတ်ပြန်ထားပါတယ်။

 ဓာတ်ပုံ- ဒေါက်တာ ထွန်းလွင်

Cyclone News Update 10-12-2013 8:50 pm 

(၁) “မဒီ”မုန်တိုင်းဟာ သိသိသာသာ အားလျော့ကျလာနေပါတယ်။ (၁၀-၁၂-၂၀၁၃)ရက် ညသန်းကောင် မှာ အနောက်တောင်ဖက်(နောက်ကြောင်းပြန်)ကို စတင်ရွေ့သွားတော့မှာဖြစ်ပါတယ်။ မူလခန့်မှန်းထား တာထက် စောပြီး အားလျော့သွားနှိုင်ပါတယ်။


(၂) တိမ်ဖုံးနေတဲ့ဒေသတွေ မြေလတ်ပိုင်း နဲ့အလယ်ပိုင်း၊မြစ်ဝကျွန်းပေါ်ဒေသများ။ ရခိုင်၊ မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ရှမ်း၊ ကယား၊ ပဲခူး၊ ဧရာဝတီမြောက်ပိုင်း၊ ရန်ကုန်မြောက်ပိုင်း။ ဒေသတွေမှာ မိုးအနည်းငယ် ရွာနှိုင်ပါတယ်။

 ဒေါက်တာထွန်းလွင်



ရွှေဘိုနားမှာ မြေငလျှင် လှုပ်

Saturday, September 21, 2013 0 comments

ဆီဒိုနားလင့်ကို လူတွေ စိတ်ဝင်စားနေကြချိန်မှာ စက်တင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်းက မြန်မာနိုင်ငံမှာ အင်အား အသင့်အတင့်ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်သွားပါတယ်။ မြန်မာ့ရုပ်မြင်သံကြားက မြန်မာနိုင်ငံ အထက်ပိုင်း ရွှေဘိုမြို့အနီးမှာ မြေငလျင် တခု လှုပ်ခတ်သွားတဲ့ သတင်း ကြေညာသွားတာပါ။

 ယမန်နှစ်က စစ်ကိုင်းတိုင်း မြေငလျင်ကြောင့် ဧရာဝတီ မြစ်ကူးတံတား ပြိုကျသွားစဉ်

သတင်းအပြည့်အစုံကို အခုလို မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက ပြောကြားသွားပါတယ်။ 




အိမ့်သံစဉ် ~

ဘင်္ဂလား ပင်လယ်အော်က မုန်တိုင်း စစ်တွေအနောက်ဘက်ကို ဗဟိုပြုနေ

Wednesday, July 31, 2013 0 comments

ယမန်နေ့က ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ လေဖိအားနည်း ရပ်ဝန်းဟာ အားကောင်း လာရာက မုန်တိုင်းငယ်အဖြစ်ရောက်ရှိသွားပြီး မြန်မာနိုင်ငံ စစ်တွေမြို့ရဲ့ အနောက်ဘက် မိုင်း ၃၂၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေတယ်လို့ မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက ဒီကနေ့မနက် မြန်မာစံတော်ချိန် ၅ နာရီခွဲ တိုင်းထွာချက်ကို ထုတ်ပြန်ထားပါတယ်။ 

 တနေ့က ရေနစ်မြုပ်နေသည်ကို တွေ့ရှိရသည့် ထိုင်း-မြန်မာ နယ်စပ် မြ၀တီမြို့ (ဓာတ်ပုံ – ပြည်တော်မြင့် / ဧရာဝတီ)

လက်ရှိ နိုင်ငံအတွင်း ပြည်နယ်နှင့်တိုင်းအားလုံးနီးပါး မိုးကြီးမှုဒဏ်ခံနေရတဲ့ မြန်မာနိုင်ငံအတွက် သတိထား စရာ အချက်တခုက မိုး/ဇလရဲ့ ဒီနေ့ မနက်ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်မှာ နောက်ထပ် ၂ ရက် အထိ မုတ်သုံလေ အားကောင်းမယ်လို့ ဖော်ပြထားပါတယ်။ 

မနေ့က မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးချစ်ကျော် ကို ဧရာဝတီ က ဆက်သွယ်
မေးမြန်းရာမှာ မုတ်သုံလေအားကောင်းလာရင် နောက်ရက်တွေ မြန်မာနိုင်ငံမှာ မိုးရွာသွန်းမှု ပိုများ လာနိုင်ပြီး ရေလွှမ်းမှု အန္တရာယ်နဲ့ ကြုံနိုင်တဲ့ ဒေသတွေများလာမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ 

မိုးလေဝသ ပညာရှင် ဒေါက်တာ ဦးထွန်းလွင် ကလည်း ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အားကောင်းနေတဲ့အတွက် သြဂုတ်လ ၄ ရက်နေ့အထိ မိုးကြီးနိုင်ပြီး ရေဖုံးလွှမ်းခံရတဲ့ ဒေသတွေ တိုးလာနိုင် တယ်လို့ ခန့်မှန်းထားပါတယ်။ 

မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက ထုတ်ပြန်ချက် 

၂၀၁၃ ခုနှစ်၊ ဇူလိုင်လ(၃၁)ရက်နေ့ နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလား ပင်လယ်အော်အခြေအနေ။ 

ယနေ့ မြန်မာစံတော်ချိန်(၀၅း၃၀)နာရီအချိန် တိုင်းထွာချက်များ အရ ဘင်္ဂလား ပင်လယ်အော် အနောက်မြောက် ပိုင်းတွင် ဖြစ်ပေါ်နေခဲ့သော မုန်တိုင်းငယ်သည် အိန္ဒိယနိုင်ငံ၊ ဘလာဆိုမြို့
၏  တောင်-အရှေ့ တောင်ဘက် မိုင်(၇၀)ခန့်၊ မြန်မာနိုင်ငံ၊ စစ်တွေမြို့ ၏အနောက်ဘက် မိုင် (၃၂၀) ခန့်အကွာပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ 

အဆိုပါ မုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့ လျားပြီး၊ နောက် (၁၂)နာရီ အတွင်း အိန္ဒိယနိုင်ငံ၊သြရိသကမ်းခြေသို့ ဖြတ်ကျော်ဝင်ရောက်မည်ဟုခန့်မှန်းရပါသည်။ 

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်း
နေပါ သည်။” ဟု မိုးဇလ အင်တာနက် ဝဘ်ဆိုက်စာမျက်နှာတွင် ဖော်ပြထားသည်။ 

ဒီကနေ့ညနေအထိခန့်မှန်းချက်ကတော့ နိုင်ငံအတွင်း ပြည်နယ်နှင့် တိုင်းအားလုံးမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ဒီအထဲမှာမှ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် တို့မှာ ဒေသအလိုက်နဲ့ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် တွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း မိုးဇလ က ထုတ်ပြန်ထားပါတယ်။ 

မြန့်မာ့ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင် တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်ကြီးမည်ဖြစ်ပြီး မိုးသက်လေပြင်းကျရောက်စဉ် ရေပြင်/မြေပြင်လေသည် တနာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။ 

လက်ရှိအနေအထားမှာတော့ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တွေမှာ မိုးသည်းထန်မှုကြောင့် ရေကြီးပြီး ဈေးဆိုင်တွေ၊ ကျောင်းတွေ၊ ရုံးတွေ ပိတ်ထား ရပြီး မြေပြိုမှု၊ လမ်းပျက်စီးမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ 


ကျော်ခ ~

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved