Showing posts with label သတင်းဓာတ်ပုံ. Show all posts
Showing posts with label သတင်းဓာတ်ပုံ. Show all posts

Miss Gorgeous အလှကုန်မှ ပြုလုပ်တဲ့ Mr&Ms ရွေးချယ်ပွဲ ကျင်းပ

Monday, December 21, 2015 0 comments

Miss Gorgeous အလှကုန်ကပြုလုပ်တဲ့ Mr & Ms Gorgeous ရွေးချယ်ပွဲနဲ့ ကုမ္ပဏီသုံးနှစ်ပြည့်တဲ့ အခမ်းအနားကို ဒီဇင်ဘာ ၁၈ ရက်က ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံများ- ယုမွန်ကျော်/The Irrawaddy














ခရီးသွားတွေနဲ့ ပြည့်နေတဲ့ ကျောက်နံရံဘေးက မှန်လူသွားစင်္ကြန်

Monday, July 13, 2015 0 comments


Photo -Mou Yu

နိုင်ငံခြားသားခရီးသွားတွေ အလွန်စိတ်ဝင်စားသော Baishishan ဆိုတဲ့ မှန်လူသွားစင်္ကြန်ဟာ တရုတ်ပြည် မြောက်ပိုင်း Hebei ခရိုင် Laiyuan မှာတည်ရှိပါတယ်။

Photo -Mou Yu

အဲ့ဒီ မှန်လူသွားစင်္ကြန်ဟာ ချောက်ကမ်းပါးပေါ်က ကျောက်တောင်နံရံဘေးမှာ ကပ်လျှက် တည်ဆောက်ထားပြီး အဲ့ဒီပေါ်ကနေ တောတောင် သဘာဝရှုခင်းတွေကို သည်းထိတ်ရင်ဖို ကြည့်ရှုခံစားနိုင်တာပါ။ ဒီနေရာကို ဇူလိုင်လ ၁၂ ရက်နေ့က လာရောက်လေ့လာသူ ခရီးသွားအများအပြားနဲ့ ပြည့်နှက်နေတာကို ပုံမှာ
 မြင်တွေ့ရပါတယ်။

Photo- skyscanner.com

Baishishan ဆိုတဲ့ မှန်လူသွားစင်္ကြန်ရဲ့ အရှည်ဟာ ၉၅ မီတာ ရှည်လျားပြီး ပင်လယ်ရေမျက်နှာပြင် အထက် ၁၉၀၀ မီတာမှာ ရှိတဲ့ ကျောက်တောင်နံရံမှာ တည်ဆောက်ထားတာပါ။

Photo - edtguide.com


Ref: People's Daily,China

တိုင်ပတ်အကမယ်များက ခွေးသားစားပွဲတော်ကို ဓာတ်ပုံများဖန်တီးပြီး ဆန့်ကျင်

Thursday, June 25, 2015 0 comments


photo - CFP

တရုတ် တိုင်ပတ်အကမယ်များက တိရိစ္ဆာန်အခွင့်အရေးဆိုင်ရာများကို လူထုအနေနဲ့ ပိုမိုသိမြင်သဘောပေါက်လာစေရန် ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီမြောက်များစွာသော ဓာတ်ပုံတွေအား လူမှုမီဒီယာထဲကို ချပြ   လိုက်ခြင်းဖြစ်ပါတယ်။


အဲ့ဒီဓာတ်ပုံများဟာ နှစ်စဉ် ဇွန်လ ၂၁ ရက်နေ့ရောက်တိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ Guangxi Zhuang ဒေသရဲ့  မြို့တော် ယူလင်းမြို့မှာ ပြုလုပ်လေ့ရှိတဲ့ ခွေးသားစားပွဲတော်ကျင်းပနေသော ရက်ပိုင်းအတွင်း အွန်လိုင်းတွေ ပေါ်မှာ ထွက်ပေါ်လာခဲ့ခြင်းပါ။ အဆိုပါ ဓာတ်ပုံတွေဟာ ဒီပွဲတော် မတိုင်ခင်ကာလကတည်းကပဲ တရုတ်မီဒီယာတွေမှာ ထွက်ပေါ်နေခဲ့တာလည်းဖြစ်ပါတယ်။

သူတို့ဖန်တီးထားတဲ့ ဒီဓာတ်ပုံတွေထဲမှာ ခွေးလေးတွေအနေနဲ့ ဘယ်လိုအသတ်ခံရပုံတွေကို သနားစရာ ပုံရိပ်တွေအတိုင်း ဂရုဏာသက်စရာဖြစ်အာင် ပုံဖော်ထားကြတာပါ။









ကိုးကား။  ။ http://www.globaltimes.cn/galleries/123.html

နှစ်နှစ်ဆယ်ကျော်ကြာမှ ပြည်သူပြည်သားတွေနဲ့ ပြန်တွေ့တဲ့ Iron Cross

Monday, February 16, 2015 1 comments




ဓာတ်ပုံများ - ကောင်းမြတ်မင်း

 နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ ပြည်မြို့နဲ့ ကွဲကွာနေတဲ့ IC ပရိတ်သတ်တွေကို ပြည်ခရိုင် အားကစားကွင်းတွင် Valentine’s  Day ညပိုင်းမှာ Iron Cross အဖွဲ့သားတွေက အားပါးတရ ဖျော်ဖြေခဲ့ပါတယ်။

အဆိုတော် လေးဖြူကတော့ ပြည်မြို့သူ ပြည်မြို့သားတွေကို မနာလိုဖြစ်တယ်လို့ဆိုပါတယ်။  ဧရာဝတီမြစ်ကြီးရဲ့အလှကို နေ့ရော၊ ညပါ မြင်တွေ့ခွင့်ရသလို ရွှေဆံတော်ဘုရားမှာလည်း ဆွမ်း၊ ဆီမီး၊ ပန်းနဲ့ ရေချမ်းတွေ နေ့တိုင်းကပ်လှူခွင့်ရလို့ မနာလိုဖြစ်ရတယ်လို့ ဆိုလိုက်ခြင်းပါ။











 


 
 


ကောင်းမြတ်မင်း

ဂျပန်-မြန်မာချစ်ကြည်ရေး နှစ် ၆၀ ပြည့်အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲ ကျင်းပ

Monday, December 8, 2014 0 comments


ဂျပန်နိုင်ငံနဲ့  မြန်မာနိုင်ငံတို့ရဲ့ ချစ်ကြည်ရေးတည်ဆောက်မှု နှစ်ခြောက်ဆယ်ပြည့် အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲကို ရန်ကုန်မြို့၊ တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်းမှာရှိတဲ့ ရွှေထွဋ်တင်ကွင်းမှာ ဒီဇင်ဘာလ(၆)ရက်နေ့နှင့်(၇)ရက်နေ့ညတွေက စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါတယ်။ အဲ့ဒီ ပျော်ပွဲရွှင်ပွဲမှာ ဂျပန်ရိုးရာအစားအစာတွေ၊ မြန်မာ့ရိုးရာအစားအစာတွေကို စတုဒီသာကျွေးမွေးခြင်း ၊ ပျော်ရွှင်ဖွယ်ရာ ဂိမ်းကစားခြင်း အစီအစဉ်တွေ ရိုးရာဖက်ရှင်ပြသခြင်း ၊ တေးဂီတဖျော်ဖြေတာတွေကို ပြုလုပ်ခဲ့ပြီး  အထူးအစီအစဉ်အနေနဲ့ ဂျပန်နိုင်ငံက နာမည်ကြီးဗုံတီးအဖွဲ့ DRUM TAO က ဖျော်ဖြေတဲ့ အစီအစဉ်တွေလည်း ပါဝင်ခဲ့ပါတယ်။ အဲ့ဒီပွဲကို  ပရိတ်သတ်ထောင်ပေါင်းများစွာလာရောက်အားပေးခဲ့ကြပါတယ်။

(ဓာတ်ပုံများ - စိုင်းဇော်/ဧရာဝတီ)
























ဆုနှစ်ဆု ရရှိခဲ့တဲ့ အလှမယ်ဟန်သီ မြန်မာပြည်ရောက်ရှိ

0 comments


ဒီဇင်ဘာ ၅ ရက်နေ့က ပိုလန်နိုင်ငံမှာ ကျင်းပပြီးစီးခဲ့တဲ့ Miss Supranational 2014 ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြုအလှမယ် ဟန်သီက Miss Asia & Oceania Queen ဆုနဲ့ Miss Internet ဆုတို့ကို ရရှိခဲ့ပါတယ်။

ဒီဆုတွေနဲ့အတူ အသက် ၁၇ နှစ်အရွယ် မြန်မာအလှမယ် ဟန်သီဟာ ဒီကနေ့  မနက် ၄ နာရီ ၁၅ မိနစ် လေယာဉ်နဲ့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပါပြီ။

သူ့ရဲ့ အလှပုံရိပ်တချို့ကို ဧရာဝတီ ဘလော့ဂ်ပရိတ်သတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

ဓာတ်ပုံများ- စိုင်းဇော်/ ဧရာဝတီ




 








 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved