Showing posts with label Discussion. Show all posts
Showing posts with label Discussion. Show all posts

နော်ဝေပါလီမန်မှာ မြန်မာ့အရေး ဆွေးနွေးချက်

Wednesday, November 23, 2011 2 comments

နော်ဝေပါလီမန် (ဓာတ်ပုံ - ဖလစ်ကာ)


နော်ဝေပါလီမန်မှာ မနေ့က မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးကြပါတယ်။ လေဘာပါဘီက လွှတ်တော်အမတ် Laila Gustavsen က နော်ဝေ နိုင်ငံခြားရေးဝန်ကြီးကို မြန်မာ့အရေး မေးခွန်းထုတ်ခဲ့တာဖြစ်ပြီး တခြားအမတ်များကလည်း ဝင်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

Laila Gustavsen က နိုင်ငံခြားရေးဝန်ကြီးကို ထုတ်တဲ့ မေးခွန်း

“မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတာတွေကိုတော့ အားတက်စရာအဖြစ် မြင်နေရပါတယ်။ စစ်အစိုးရရဲ့ အုပ်ချုပ်မှု နှစ် ၅၀ နီးပါးအကြာ၊ နှစ် ၂၀ အတွင်း နိုင်ဝင်ဘာ ၂၀၁၀ မှာ ပထမဆုံးရွေးကောက်ပွဲ ပြန်ကျင်းပနိုင်ခဲ့တယ်။ အဲဒီနောက် ဖြစ်ပေါ်ခဲ့တာတွေ အများကြီးပါ။ မြန်မာပြည်မှာ အရပ်သားအစိုးရ တက်နေပြီ၊ သမ္မတဦးသိန်းစိန်က ဦးဆောင်ပြီး ပြုပြင်ပြောင်းလဲမှုတွေ စနေပါပြီ။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတယ်၊ စာပေဆင်ဆာမူဝါဒတွေ စပြီး လျှော့ပေးတယ်၊ အင်တာနက်သုံးစွဲမှုအပေါ် တင်းကြပ်တာတွေ မရှိတော့ဘူး။

တချိန်တည်းမှာပဲ မြန်မာပြည်ဟာ ပြီးပြည့်စုံတဲ့ အခြေအနေတော့ မဟုတ်သေးပါဘူး။ ဒီမိုကရေစီအရေး လုပ်စရာတွေ အများကြီး ကျန်ပါသေးတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ထပ်လွှတ်ဖို့လိုသေးတယ်၊ ပြည်သူတွေ အထူးသဖြင့် နယ်စပ်ဒေသမှာ ရှိတဲ့ ပြည်သူတွေရဲ့ အခြေအနေနဲ့ လူ့အခွင့်အရေးဆိုင်ရာတွေမှာ တိုးတက်ဖို့ လိုသေးတယ်။ ဒါတွေလုပ်ဖို့ ခက်နေပါသေးတယ်။ လူနည်းစုတွေနဲ့ ဘာသာရေးဆိုင်ရာ အဖွဲ့တွေဟာ စနစ်တကျ ဖိနှိပ်မှုတွေ ခံနေရပါသေးတယ်။ မြန်မာနိုင်ငံဟာ လမ်းအမျိုးမျိုးကို ဦးတည်သွားနိုင်တဲ့ အပြောင်းအလဲ အခြေအနေကို ရောက်ရှိနေပါတယ်။

ဒီအခြေအနေကို နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ဘယ်လို မြင်ပါသလဲ။ ပြီးတော့ မြန်မာပြည် ဒီမိုကရေစီ အရေးအတွက် နော်ဝေရဲ့ မူဝါဒအနေနဲ့ ဘယ်လို အပြုသဘော ကူညီထောက်ခံပေးနိုင်ပါမလဲ”

ဆွေးနွေးသူများ

နိုင်ငံခြားရေးဝန်ကြီး
Jonas Gahr Støre (လေဘာပါတီ)
လေဘာပါတီမှ
Laila Gustavsen (အစိုးရပါတီ)
တိုးတက်ရေးပါတီမှ
Morten Høglund (အတိုက်အခံပါတီ)
ကွန်ဆာဗေးတစ်ပါတီမှ
Ingjerd Schou (အတိုက်အခံပါတီ)
ခရစ်ယာန်ပြည်သူ့ပါတီမှ
Øyvind Håbrekke (အတိုက်အခံပါတီ)

လေဘာပါတီမှ Laila Gustavsen (အစိုးရပါတီ) ရဲ့ ဆွေးနွေးချက်ကို အကျဉ်းချုပ်ဖော်ပြရရင် ဒီလိုပါ။

၁၉၉၆ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့မှာ မြန်မာကို သပိတ်မှောက်ဖို့
နော်ဝေက ကုလသမဂ္ဂမှာ တင်ခဲ့တယ်၊ အခု မြန်မာပြည်က အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး နော်ဝေရဲ့ မြန်မာပြည်အပေါ် မူဝါဒကို ပြန်ဆွေးနွေးဖို့ အချိန်ရောက်ပါပြီ။ ပထမက ရွေးကောက်ပွဲပါ။ ၁၉၉၀ မှာ ဒေါ်အောင်ဆန်းစုကြည်တို့ပါတီ NLD အနိုင်ရတယ်။ ဒါပေမယ့် အာဏာမရဘဲ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ချခံရတယ်။ မနှစ်က ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတယ်တော့ မဟုတ်ဘူး၊ ဒါပေမယ့် ကြားဖြတ်ရွေးကောက်ပွဲ ရှိပါသေးတယ်။ ပြီးခဲ့တဲ့ သောကြာနေ့မှာ NLD က ပါတီမှတ်ပုံတင်ဖို့ ဆုံးဖြတ်တယ်။ ပါတီမှတ်ပုံတင်ဥပဒေကို ပြင်ဆင်လိုက်လို့ နိုင်ငံရေး အကျဉ်းသားတွေ ရွေးကောက်ပွဲ ဝင်လို့ ရသွားပြီ။ ဒေါ်အောင်ဆန်းစုကြည်အတွက် လမ်းပွင့်သွားပြီ။

မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက်တွေက ကျမတို့ကို အံ့အားသင့်စေတယ်။ နှစ် ၅၀ လောက် တလွဲအုပ်ချုပ်ပြီးနောက်မှာ မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေထက် နောက်ကောက်ကျ ကျန်ခဲ့တယ်။ အဲဒီဖွံ့ဖြိုးတိုးတက်မှုတွေ အပေါ်မှာ ကျမတို့ ဝမ်းသာသင့်သလို၊ တုံးတုံးအအ မဖြစ်ဖို့လည်း အရေးကြီးပါသေးတယ်။ အခြေခံလူ့အခွင့်အရေးနဲ့ ပတ်သက်လို့ မြန်မာလူထုတရပ်လုံး ခံစားနိုင်ဖို့ ဆိုတာကတော့ တော်တော်ကြီး လုပ်ယူရပါဦးမယ်။

နောက်ပြီး မစ္စ
Laila Gustavsen ဆက်ပြောတာက နယ်စပ်ဒေသက တိုင်းရင်းသားတွေရဲ့ ဆိုးဝါးတဲ့ အခြေအနေ၊ အကူအညီ လိုအပ်နေတာတွေ၊ နိုင်ငံရေးအကျဉ်းသားတွေကို နေအိမ်နဲ့ နီးရာ ပြောင်းရွေ့ပေးတယ်ဆိုရာမှာ မိသားစုတွေနဲ့ အမှန်တကယ် တွေ့ခွင့်ရ မရ၊ အငြင်းပွားစရာ ဖြစ်လာတဲ့ နိုင်ငံရေး အကျဉ်းသား အရေအတွက် ကိစ္စ၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ရဲ့ စာရင်းအရ လွှတ်ပေးရမယ့် နိုင်ငံရေး အကျဉ်းသား ၁၇၀၀ လောက် ကျန်ရှိနေချိန်မှာ NLD က ၅၂၅ ယောက်ပဲ ကျန်တယ်လို့ ပြောနေတဲ့ ကိစ္စတွေ ပါပါတယ်။

အပြောင်းအလဲတွေ ဘာကြောင့် ဖြစ်စေတာလဲဆိုပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ အာရပ် လူထုအုံကြွမှု၊ မြန်မာရဲ့ လူမှုရေး စီးပွားရေး နိမ့်ကျမှု၊ တရုတ်နဲ့ အနောက်နိုင်ငံတွေအကြား ချိန်ခွင်လျှာ၊ မြန်မာ့သယံဇာတ စတာတွေကို မစ္စ
Laila Gustavsen က ရှင်းလင်း ပြောဆိုပါတယ်။

မေးစရာရှိလာတာက မြန်မာပြည်က မူဝါဒအသစ်တွေအပေါ် နိုင်ငံတကာက အပြုသဘောနဲ့ ဘယ်လို ထောက်ခံပေးရမလဲဆိုတာ ဖြစ်ကြောင်း၊ သူ့အနေနဲ့ ပြောချင်တဲ့ ရွေးချယ်စရာ ၄ ခုကတော့ ...

-မြန်မာနဲ့ အပြောင်းအလဲမရှိ ပုံမှန် ဆက်လက် ထိတွေ့ဆက်နေပြီး စောင့်ကြည့်နေဖို့၊
-ဒုတိယအနေနဲ့ ပိတ်ဆို့အရေးယူမှု (sanction) ရုတ်သိမ်းရေး အခြေအနေဖန်တီးဖို့၊ ဥပမာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရင် ပိတ်ဆို့မှု ရုပ်သိမ်းပေးမယ် ဆိုတာမျိုး။
-တတိယကတော့ ပိတ်ဆို့အရေးယူမှု တချို့ကို ကိုယ့်ဖာသာ ရုပ်သိမ်းဖို့၊ ဥပမာ ရင်းနှီးမြှုပ်နှံမှု ပိတ်ပင်ချက်တချို့ ဖယ်ရှားပေးလိုက်ဖို့။
-နောက်ဆုံးတခုကတော့ ပိတ်ဆို့မှုအားလုံး ရုပ်သိမ်းပစ်လိုက်ဖို့။

ထပ်ပြောချင်တာကတော့ နော်ဝေအနေနဲ့ တနိုင်ငံတည်း လုပ်သွားမလား၊ တခြားနိုင်ငံတွေနဲ့ အတူတူလုပ်မလားဆိုတာဖြစ်ကြောင်းနဲ့ တခြားသူတွေကို စောင့်နေဖို့ လိုမလို နိုင်ငံခြားရေးဝန်ကြီးရဲ့အမြင်ကို ပြောကြားဖို့ မစ္စ
Laila Gustavsen က မေးခွန်းထုတ်သွားပါတယ်။

နိုင်ငံခြားရေး ဝန်ကြီး
Jonas Gahr Støre က နှစ် ၂၀ ကျော်ကာလမှာ မြန်မာပြည်က အပြောင်းအလဲတွေက အားရဖွယ် အဖြစ်ဆုံးဖြစ်ကြောင်း၊ မျှော်လင့်ထားတာထက် အပြောင်းအလဲတွေ ပိုမြန်နေကြောင်း၊ အတိုက်အခံတွေ အနေနဲ့ အရင်ကထက် နေရာပိုရလာကြောင်း၊ မြန်မာပါလီမန်မှာလည်း နိုင်ငံရေးအကျဉ်းသား ကိစ္စလို အရင် ဆတ်ဆတ်ထိမခံတဲ့ အကြောင်းအရာတွေ ဆွေးနွေးလို့ ရလာကြောင်း ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးဟာ ဒီမိုကရေစီဖွံ့ဖြိုးရေးမှာ အရေးကြီးပြီး အနောက်နိုင်ငံတွေကို ယုံကြည်စေမှာ ဖြစ်ကြောင်း၊ ကျနော်တို့နဲ့ တွေ့ဆုံဆွေးနွေးတုန်းက မြန်မာအာဏာပိုင်တွေက ဆက်လက်လုပ်ဆောင်မှာတွေ ပြောခဲ့ကြောင်း၊ ကျနော်တို့ အနေနဲ့ ရည်မှန်းချက် မပျောက်ကြောင်း၊ အရင်က တောင်းဆိုထားချက်တွေကို ဆက်လက်တောင်းဆိုမှာ ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

လွှတ်တော် အမတ်ရဲ့ မေးခွန်းနဲ့ ပတ်သက်လို့ နိုင်ငံခြားရေး ဝန်ကြီးက

“နော်ဝေဟာ မြန်မာနဲ့ နိုင်ငံရေးလမ်းကြောင်းအရ မကြာခဏ ပြောဆိုနေတဲ့ အနောက်နိုင်ငံတခုဖြစ်တယ်။ ကျနော့်အမြင်အရ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာ အာဏာပိုင်တွေအပေါ် ဘယ်အခြေအနေမှာ ဖြစ်ဖြစ် အပြောင်းအလဲအတွက် အပြုသဘော တွန်းအားပေးနိုင်မယ့် တုံ့ပြန်မှုတွေအတွက် အသင့်ပြင်ထားဖို့ အရေးကြီးပါတယ်။ နော်ဝေအနေနဲ့ ဥရောပသမဂ္ဂ ပိတ်ဆို့မှုအတိုင်း လိုက်နာဆောင်ရွက်ပါတယ်။ တတ်နိုင်သလောက် မြန်မာနဲ့ပတ်သက်လို့ ဥရောပသမဂ္ဂနဲ့ ဘုံမူဝါဒ သဘောတူညီချက်တွေ ရှိနေချင်ပါတယ်။ လျှင်မြန်တဲ့ အပြောင်းအလဲတွေအပေါ် တုံ့ပြန်နိုင်ရေး ကျနော်တို့ဘက်က ပြောင်းလွယ်ပြင်လွယ် ဖြစ်ဖို့ လိုပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ အကြီးအကဲ အက်ရှတန်နဲ့ ပြီးခဲ့တဲ့ တပတ်ကပဲ ဘရပ်ဆဲလ်မှာ ဆွေးနွေးပြီးပါပြီ” လို့ ပြောသွားပါတယ်။

ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့မှုနဲ့ ပတ်သက်လို့ နော်ဝေ အစိုးရဟာ ခရီးမသွားရေး ရင်းနှီးမြှုပ်နှံမှု မလုပ်ရေး ၁၉၉၇ ကတည်းက ပိတ်ပင်ထားကြောင်း၊ အခုလက်ရှိ မြန်မာပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအရ ခရီးသွားလာမှု ပိတ်ပင်ခြင်းကို ပယ်ဖျက်ပေးလိုက်ကြောင်း၊
နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး ကိစ္စသာမက မြန်မာပြည်တွင်းပြောင်းလဲမှုတွေကို အနီးကပ်စောင့်ကြည့်နေပြီး ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု ပယ်ဖျက်ရေးအတွက် စောင့်ကြည့်လေ့လာနေမှာ ဖြစ်ကြောင်း၊ နော်ဝေတနိုင်ငံတည်းက ရှေ့ကို လွန်ပြီး လုပ်ဆောင်လို့ မဖြစ်တာလည်း သတိပြုရမှာ ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

နော်ဝေနိုင်ငံခြားရေးဝန်ကြီးက စွမ်းဆောင်ရည်မြင့်မားအောင် လုပ်ဆောင်ပေးရေး (capacity building) ကိုလည်း အဓိကထား ပြောသွားပါတယ်။ ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့၊ ကုလတို့က လိုအပ်တာတွေကို မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲရေးအတွက် ကူညီဖို့ ဆိုပါတယ်။

မြန်မာအာဏာပိုင်တွေဘက်က အပြုသဘော ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ လိုတယ်၊ အတိုက်အခံ ဒေါ်အောင်ဆန်းစုကြည်ကလည်း ရွေးချယ်စရာ အခက်အခဲတွေ တွေ့နေရတယ်။ မြန်မာပြည်မှာ ဒီမိုကရေစီအတွက် လူတွေ ပေးဆပ်ရပေါင်းလည်း များနေပါပြီလို့ နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

လွှတ်တော် အမတ်
Laila Gustavsen က နော်ဝေအနေနဲ့ မြန်မာပြည်မှာ အားလပ်ရက် သွားရောက်ကြဖို့ အားပေးတာက စသင့်တယ်ဆိုတာကို ယုံကြည်ကြောင်း၊ နောက်ပိုင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဖွင့်ပေးဖို့အထိ ဖြစ်လာနိုင်ကြောင်း ပြောပါတယ်။

တိုးတက်ရေးပါတီမှ Morten Høglund (အတိုက်အခံပါတီ) က မြန်မာပြည်မှာ တိုးတက်မှုတွေ ရှိလာတာ အမှန်ဖြစ်ကြောင်း၊ ဒါပေမယ့် နိုင်ငံခြားရေးဝန်ကြီးနဲ့ လွှတ်တော် အမတ်တို့ ပြောသွားတဲ့အတိုင်း အလေးထားရမယ့်ကိစ္စတွေ ကျန်နေဆဲဖြစ်ကြောင်း၊ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ အဆိုအရ နိုင်ငံရေးကျဉ်းသား ၁၇၀၀ လောက် ရှိနေသေးကြောင်း၊ ကချင်ဒေသမှာ မြန်မာတပ်တွေ ထိုးစစ်ကြောင့် လူ ၃ သောင်းလောက် ထွက်ပြေးနေရကြောင်း၊ ဒီနေ့ထုတ် Dagsavisen နေ့စဉ် သတင်းစာမှာ ဖွံ့ဖြိုးရေးနဲ့ သဘာဝပတ်ဝန်းကျင်ဝန်ကြီး အဲရစ် ဆိုလ်ဟိမ်းရဲ့ မြန်မာပြည်အကြောင်း ဆောင်းပါးအဆုံးမှာ သူတို့တောင်းဆိုတာကို ကျနော်တို့ ပေးသင့်တယ် လို့ အဆုံးသတ်ထားကြောင်း၊ ဒါကအခြေအနေကို သူပုံဖော်လိုက်တဲ့ အနှစ်ချုပ် ဖြစ်ကြောင်း၊ ဒါပေမယ့် ကျနော့်အနေနဲ့ တောင်းဆိုတာကို ပေးတာက လမ်းကြောင်းမှန်လို့ မယူဆကြောင်း၊ ပိတ်ဆို့အရေးယူမှု ပြန်လည်သုံးသပ်ရေးကိုတော့ သဘောတူကြောင်း၊ ဒါပေမယ့် နော်ဝေ၊ ဥရောပသမဂ္ဂနဲ့ တခြားနိုင်ငံတွေကြား ဆွေးနွေးပြီးတဲ့ အထိ စောင့်လိုကြောင်း ပြောပါတယ်။

ကွန်ဆာဗေးတစ်ပါတီမှ Ingjerd Schou (အတိုက်အခံပါတီ) ကတော့ ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည် ၁ သန်းလောက် ရှိနေကြောင်း၊ ထိုင်းနိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ကရင်ဒုက္ခသည်တွေချည်း ၁ သိန်း ၃ သောင်း ၅ ထောင်ကျော် ရှိနေကြောင်း၊ အစိုးရက စစ်အသုံးစရိတ်တွေ အများအပြားသုံးနေကြောင်းနဲ့ သဘာဝသယံဇာတတွေကို တရုတ်၊ အိန္ဒိယနဲ့ ထိုင်းတို့က ခေါင်းပုံဖြတ် အမြတ်ထုတ်နေကြောင်း ပြောသွားပါတယ်။

သူ့အနေနဲ့ အထူးသတိထားပြီး အကကောင်းမြင်ဖို့ အကြောင်းပြချက်ရှိတယ်လို့ ယုံကြည်ကြောင်း၊ နော်ဝေအနေနဲ့ တခြားနိုင်ငံများနဲ့ အတူ ဒီမိုကရေစီရရှိရေး ဆက်လက် ဖိအားပေးဖို့ လိုကြောင်း၊ အကြောင်းပြချက် မရှိဘဲ ပိတ်ဆို့မှုတွေ မရုပ်သိမ်းသင့်ကြောင်းနဲ့ အခု အကြောင်းပြချက်ဆိုတာ မရှိသေးကြောင်း Ingjerd Schou က ကန့်ကွက်ပြောဆိုသွားပါတယ်။

ခရစ်ယာန်ပြည်သူ့ပါတီမှ Øyvind Håbrekke (အတိုက်အခံပါတီ) ကတော့ အစိုးရဟာ ဒီမိုကရေစီနည်းကျ တင်မြှောက်ထားခြင်း မဟုတ်တာ၊ ခုထိ လူ့အခွင့်အရေးတွေ ချိုးဖောက်နေတာ၊ နောက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေက ဒီမိုကရေစီမကျတာ၊ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသေးတာတွေကို ထောက်ပြသွားပါတယ်။





အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဒေါက်တာ ဦးမြင့်၏ ဟောပြောချက် (၄)

Tuesday, August 9, 2011 1 comments


( မြစ်မခ မီဒီယာအဖွဲ့၏ ဖေ့စ်ဘုတ်မှ ကူးယူဖော်ပြပါသည်။ အပိုင်း (၁)အပိုင်း (၂) နှင့် အပိုင်း (၃) ဖတ်ရန် )

နောက်တစ်ခါ ကျနော် ဘာတွေ့ရလဲဆိုတော့ ဆွေးနွေးခန်းတွေမှာ corruption နဲ့ ပတ်သက်လို့ ဆွေးနွေးခန်းတွေမှာ ဘာတွေ့ရလဲဆိုတော့ အရိပ်အယောင်ပြတာ တိုင်းပြည်တစ်ခုမှ မကောင်းတာ တစ်ခု အရိပ်အယောင်ပြတာ ဥလေးတစ်ဥ ပေါက်တော့ ဒါကအရိပ်အယောင်ပြတာ။

ဒါကဘာလဲဆိုတော့ ခင်ဗျားသွားပြီးတော့ အလကား သွားနင်းလို့မရဘူးဗျ။ နောက်ပြီးတော့ ပရုပ်ဆီသွားလူးလို့မရဘူးဗျ။ ကင်ဆာဖြစ်ရင် အရိပ်ယောင်လေးတော့တူနေတယ်။ တိုင်းပြည်မှာ တစ်ခုခု တကယ်တော့ မှားနေတယ်ဆိုတာ အရိပ်ယောင်ပြတာ။ စီးပွားရေးအရရော၊ လူမှုရေးအရရော နိုင်ငံရေးအရရော ဒီပြဿနာ ပေါ်နေပြီ။ မကောင်းတာက corruption မဟုတ်ဘူး။ မကောင်းတာက စီးပွားရေးအရ လူမှုရေးအရ နိုင်ငံရေးအရမှာ အကြီးအကျယ် မလိုလားအပ်တဲ့ မကောင်းတဲ့ အခြေအနေလေးကြောင့်မို့လို့ corruption သွား တိုက်ခိုက်လို့၊ တိုက်ခိုက်ရမှာက သူ့ရဲ့ ဝေဒနာကို တိုက်ခိုက်ရမှာ။ ရောဂါကို သွားတိုက်ခိုက်လို့မရဘူး အဲ့ဒါက corruption မဟုတ်ဘူး ။

ရောဂါက စီးပွားရေး လူမှုရေး နိုင်ငံရေးတွေမှာ မဖြစ်သင့်မဖြစ်ထိုက်တဲ့ အားနည်းတဲ့ မလိုလားအပ်တဲ့ ပြသာနာတွေကြောင့် အဲ့ဒါတွေတိုက်ရမှာ corruption လုပ်တဲ့လူတွေကို ဘယ်လောက်ဖမ်းဖမ်း ဘယ်လောက် တိုက်ဖျက်တိုက်ဖျက် အဓိကပြဿနာဖြစ်တဲ့ စီးပွားရေး လူမှုရေး နိုင်ငံရေးပြဿနာကိုသာ မဖြေရှင်းလို့ရှိရင် ဒီပြဿနာက ဖြေရှင်းလို့ ရမှာမဟုတ်ဘူး။ အဲ့လိုနေရာမျိုးမှာ corruption က များတယ်တဲ့၊ နိုင်ငံရးမတည်ငြိမ်မှု နယ်မြေ တစ်ခုခုလွှတ်လိုက်မယ်ဆိုရင် စည်းမျဉ်းတွေက တစ်ပုံကြီး။ ဒီဟာလုပ်ရမယ် ဟိုဟာလုပ်ရမယ်နဲ့ တစ်ပုံကြီး။ နေပြည်တော်ကို အခုသွားရတော့မယ်၊ ပတ်စပို့စ် တစ်ခုလျှောက်ဖို့ဟာက you have to fill of form တစ်ပုံတစ်ခေါင်းကြီး လိုက်ဖြည့် အဖေ့ရဲ့ အဖေရော အမေ့ရဲ့အမေရော အဖေ့ရဲ့ ညီမရော ဘာတွေညာတွေ လျှောက်ထည့်။ သေတာရော မသေတာရော တစ်ပုံကြီးလျှောက်ထည့်။ နေပြည်တော် တစ်ခါသွား နဲ့ အဲ့ဒါတွေပြောင်းရမယ်၊ Legislative system ဥပဒေပြုခြင်းစနစ်တွေ ပြောင်းရမယ်။ ဒီတစ်ခုတွေကလည်း ဆက်နေတယ်ဗျ။ တစ်ခုနဲ့တစ်ခုက အမှီသဟဲပြုနေတယ်။ ချိတ်ဆက်နေတယ် ။

ဘာလို့လဲ ဆိုတော့ အစိုးရ၀န်းထမ်းတွေက corruption ပိုလိုချင်လို့ corruption က များလာတယ်ဗျ။ တစ်ခုပေါ်တစ်ခု အမှီသဟဲပြုနေတယ်။ corruption ကို တိုက်ခိုက်သော်လည်းပဲ အရေးအကြီးဆုံးကတော့ ပပျောက်အောင် မဟုတ်ဘူးဗျ။ ဒါလေးကို ထိန်းသိမ်းပြီးတော့မှ ကျနော်တို့ လုပ်နိုင်ကိုင်နိုင်အောင်လို့ပေါ့။ ပပျောက်အောင်လို့ကတော့ လုံးဝ မလွယ်ဘူး။ ဒါပေမဲ့လည်း သူ့ကိုနည်းနည်း ကျဆင်းပြီးတော့မှ ကျနော်တို့အနေနဲ့က စီးပွားရေး လူမှုရေး နိုင်ငံရေး အရ မှန်မှန်ကန်ကန်လေး လုပ်နိုင်ဖို့ အခြေအနေလေးကို ဖန်တီး ပေးဖို့အချိန်လေးပဲလိုတယ်။

(ပြီး)

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဒေါက်တာ ဦးမြင့်၏ ဟောပြောချက် (၃)

Monday, August 8, 2011 0 comments


( မြစ်မခ မီဒီယာအဖွဲ့၏ ဖေ့စ်ဘုတ်မှ ကူးယူဖော်ပြပါသည်။ အပိုင်း (၁) နှင့် အပိုင်း(၂) ဖတ်ရန် )

`မကောင်းတဲ့ဟာတွေကို လျော့ပစ်ဖို့ ကြိုးစားရမယ် ပပျောက်အောင် လုပ်လို့မရဘူး ဒါလွန်လွန်းအား ကြီးတဲ့ဟာလေ မဖြစ်သင့်တဲ့ဟာတွေ မတရားတဲ့ဟာတွေ လွန်လွန်းတာကို ပြန်ထိန်းဖို့ အဲ့ဒါကို ပြန်ထိန်းဖို့ လုပ်ကြရမယ် ဘာလုပ်ရမလဲဆိုတော့ နံပတ်တစ်က Leadership တဲ့ Leadership ကအရေးကြီးတယ် ။

အာရှဒေသမှာဆိုရင် လူကြီးတွေ က respect ပေးတယ် ခေါင်းဆောင်တွေကို respect ပေးတယ် ခေါင်းဆောင်တွေက နမူနာပေးရမယ် Good Example , Hard working ခေါင်းဆောင်က သိပ်အရေးကြီးတယ် လုပ်ဖို့ကိုင်ဖို့ဆိုတာ ဆုံးဖြတ်ချက်ချဖို့ဆိုတာ သိပ်ပြီးတော့ ခက်ခက်ခဲခဲနဲ့ ဆုံးဖြတ်ချက်တွေ ချရမယ်ွ ချဖို့ ဒါပေမဲ့လည်း အရေးကြီးတာက ခေါင်းဆောင်ကောင်းဖြစ်ဖို့ necessary condition ဖြစ်တော့ necessary ဆိုတာ လိုအပ်တာ sufficient ဆိုတာ လုံလောက်တာ necessary ဖြစ်သော်လည်းဘဲ sufficient မဖြစ်ဘူး ဥပမာ ကလေးလေးတစ်ယောက်မွေးချင်တယ်ဆိုရင် အမေက တော့ necessary လိုအပ်တာပေါ့ အဖေကတော့ sufficient ပေါ့ ဒီအတိုင်းဘဲ corruption ပျောက်ဖို့ဆိုရင် leadership ကနေ sufficient ဖြစ်သော်လည်း necessary ဖြစ်တယ် ဆိုတာရှားတယ် sufficient ဖြစ်တာတွေများတယ် ဘာတွေလည်းဆိုတာ ကျနော်ရှင်းပြမယ် ယုံကြည်စိတ်ချရတယ် ။

ဒီcorruption ကိုတကယ်တိုက်ခိုက်နေတဲ့ဟာတွေကို ကျနော်အနေနဲ့က လုပ်တဲ့လူတွေဟာ တကယ်ဘဲ မှန်မှန်ကန်ကန် ထိထိရောက်ရောက်လုပ်နေတယ်ဆိုတာ လူတွေ ယုံကြည်ရမယ် အရေးအကြီးဆုံးက ယုံကြည်မှုရှိရမယ် လုပ်တဲ့ကိုင်တဲ့ ဟာတွေက တကယ်ဘဲလုပ်နေတယ်ဆိုတာ ကျနော်တို့အနေနဲ့ ယုံကြည်ရမယ်။ တကယ် serious ဖြစ်တဲ့လူက တကယ်ကိုအရေးပါအရာရောက် ဖြစ်တဲ့လူကို တခုခုလုပ်ရင်လုပ်လိုက် သတ်ရင်သတ်လိုက် ထောင်ချရင်ချလိုက် တစ်ခုကို ပြက်ပြက်သားသား လုပ်ရမယ် တိုင်းပြည်မှာ corruption ဟာ အရေးကြီးတဲ့ပြသာနာဖြစ်လာပြီ တိုက်ဖျက်ရမယ် တပြည်လုံးကို အသိပေးပြီးတော့မှ အရေးကြီးတဲ့အနေနဲ့ အစိုးရက တရားဝင်ကို ကြေညာရမယ် မလုပ်ရင်မဖြစ်ဘူးဆိုပြီး အစိုးရအနေနဲ့ တီတီလင်းလင်း တိတိကျကျ ကြေညာရမယ် မီဒီယာကလည်း ဒါတွေအားလုံးကို corruption အကြောင်းအများဆုံးသိတာက လူထုတွေအသိဆုံးဗျ ။

ခင်ဗျားတို့ ကျနော်တို့အသိဆုံး အသိဆုံးဆိုတော့ ကျနော်တို့ကို အခွင့်အရေးပေးရမယ် corruption တိုက်ဖို့ ပါဝင်ပါ ငါတို့ fight လုပ်နေပြီ ပြည်သူလူထုပါဝင်ပါ အတွေ့အကြုံတွေ ငါတို့ကို ရှင်းပြပါ မင်းတို့အနေနဲ့ ဘာတွေလုပ်သင့်လည်း ပြောပါ ဒါတွေကို အစိုးရက ပြောပြရမယ် we must give to people information ကယ်လုပ်မယ်ပြောပြီးမှ မလုပ်လို့ရှိရင် သေပြီဘဲ တကယ်ဘဲ လုပ်နေတယ် ဆိုတဲ့ဟာလေးကို ပြောပြရမယ် တစ်တိုင်းပြည်လုံး လူတွေယုံကြည်အောင် လုပ်ရမယ် တကယ်လုပ်မယ်ဆိုတဲ့ဟာလေးတွေကို လုပ်စမ်းပါ ဘယ်လောက်ခက်လာလဲဆိုတာ ပြောပြမယ် စဉ်းစားလို့ကိုမရဘူး တိုင်းပြည်နဲ့ပတ်သက်ပြီးဒီဟာ ဘယ်လောက်ခက်လာလဲဆိုတာ ဘယ်နိုင်ငံမဆိုပါ လူတိုင်းကို ပြောပြလိုက်စမ်းပါ တကယ်ဘဲ အစိုးရကို ယုံကြည်တယ် အစိုးရကလည်း တကယ်ဘဲလုပ်မယ် သူတို့တွေကလည်းဘဲ တကယ်ဘဲ ထိထိ ရောက်ရောက်လုပ်မယ်ဆိုရင် ပြောလိုက်စမ်းပါ ယုံကြည်လို့ရှိရင် စဉ်းတောင်စဉ်းစားလို့မရဘူး ခက်ခဲလာတယ် suggestion တွေ idea တွေ ခက်ခဲမယ် ခက်ခဲအောင်လို့ ကျနော်တို့အနေနဲ့လုပ်ပေးရမယ် အရေးကြီးတာက အစိုးရဘက်က ကြေညာရမယ် တကယ်ကိုလက်တွေ့လုပ်ဆောင်ရမယ် ။

နောက် Press ကလည်းဘဲ အရေးကြီးတယ် တိုင်းသူပြည်သားတွေသိဖို့က ဘာလုပ်ရမလဲဆိုတော့ Press အနေနဲ့က ပထမဆုံး ဘာလုပ်ရမလဲဆိုတော့ information တွေနဲ့ပတ်သက်လို့ corruption တွေနဲ့ ပတ်သက်လို့ စုဆောင်းရမယ် အဲ့ဒါကို သုံးသပ်ရမယ် organized လုပ်ရမယ် သေသေချာချာ တင်ပြရမယ် ဒါဟာ အရေးအကြီးဆုံးဘဲတဲ့ ဘယ်သူမှ မသိဘဲလုပ်တဲ့ဟာတွေက အဲ့ဒါတွေက bad corruption ကျနော်တို့အနေနဲ့ တတ်နိုင်သမျှ ဖျက်သိမ်းဖို့ လုပ်ရမဲ့ဟာတွေပေါ့ corruption ကိုတိုက်ဖျက်တဲ့နေရာမှာ တကယ်ကိုဘဲ responsibility ဖြစ်ပြီးတော့မှ တကယ်ဘဲ အကြီးအကျယ် အကူအညီပြုတယ် America မှာဆိုရင် water gate လိုဟာမျိုးကို Press က ချပေးတယ် ဒီဟာနဲ့ပတ်သက်လို့ အကူအညီပေးခဲ့တာ တိုင်းပြည်အမြောက်အများမှာ Press က အကူအညီပေးခဲ့တာ သူတို့ကိုအားကိုးပြီးတော့ လုပ်ခဲ့တာ responsible ဖြစ်ရမယ်နော် မဟုတ်က ဟုတ်ကတော့ မလုပ်နဲ့ပေါ့ ။ တကယ်ဘဲ ထိထိရောက်ရောက် နဲ့သေချာလုပ်ပါ လူတွေနားလည်အောင် ရှင်းပြပါ အဲ့လိုလုပ်ပါ အဲ့လိုလုပ်လို့ရှိရင်လည်း corruption ကို တိုက်ဖျက်ရာရောက်တယ် သူ့မှာဘယ်လောက် power ရှိလဲ မဟုတ်က ဟုတ်ကလုပ်တဲ့ဟာတွေ အဂတိလိုက်စားမှုတွေကို တိုက်ဖျက်နိုင်မှ သူ့မှာ ဘယ်လောက် ပါဝါရှိလဲ ဆိုတာ သွားပြီးတော့မှ အထင်မသေးနဲ့ Press ကို အများကြီးလုပ်နိုင်တယ် အဲ့ဒါကို တင်ပြချင်ပါတယ် ။

နောက်တစ်ခုက over side body အဲ့ဒါကတော့ corruption တို့ဘာတို့ကို သိပ်ပြီးတော့ အောင်မြင်မှုသိပ်မရှိဘူးဗျ အခု ဟိုတလောတုန်းကဘဲ ကုလားပြည်အကြောင်းပါလာတယ် corruption နဲ့သူ့ကိုချလိုက်တယ်ဆိုတဲ့အကြောင်း ပေါ့ ကျနော်ထပ်ပြီးတော့ ပြောပါမယ် anti corruption connection ဆိုတာကို ကျနော် ဖွဲ့ချင်တယ် ကျနော်လည်း အဲ့မှာ ပါခဲ့ဖူးတာကိုး တစ်လအတွင်းတော့ထားလိုက် ဒီတလကျော်တာနဲ့ ဆော်တော့မှာဘဲနော် ဘယ်သူမှ ဂရုမစိုက်တော့ဘူး တစ်လတော့မင်းတို့ chance ပေး အဲ့ဒါပြီးရင်တော့ ငါအုပ်တော့မှာဘဲ သေချာမသိကြတာက ကောင်းတဲ့ဟာတွေလည်းရှိတယ် မလေးရှား ၊ စင်ကာပူ နဲ့ဟောင်ကောင်တွေမှာလည်း ကောင်းတာတွေရှိတယ် အောင်မြင်တယ်ပေါ့နော် ဒါပေမဲ့လည်း လူ့အဖွဲ့အစည်းနဲ့မေးလို့ရှိရင်တော့ အများအားဖြင့်တော့ သိပ်ပြီးတော အထင်မကြီးဘူးဗျ ဒီအဖွဲ့အစည်းတွေကို ဖွဲ့တဲ့အခါမှာလည်းဘဲ တစ်ခါတစ်လေ ရှိမှဖြစ်မယ်တဲ့ အပေါ်ကထိပ်ကလူတွေက ကောင်းရမယ် နောက်ပြီးတော့မှ နိုင်ငံရေးအရ ကင်းရှင်းဖို့လိုမယ် နောက်ပြီးတော့လည်း သူတို့ကို လခလေးဘာလေး လုံလုံလောက်လောက်ပေး မရှိဘဲနဲ့တော့ လုပ်လို့မရဘူး နိုင်ငံရေးအရ သူတို့သုံးလိမ့်မယ် နိုင်ငံရေးအရ လုပ်ကိုင်ပြီးသုံးလိမ့်မယ် ဒီ connection ကိုသူတို့ကြိုက်တဲ့ဟာကိုသာလျှင်ဘဲ မကြိုက်တာတော့ မသုံးဘူးပေါ့ တစ်ချို့ဟာတွေတော့ မထိနဲ့ တစ်ချို့ဟာတွေတော့ ထိတာနဲ့လျှောက်လုပ်လို့ရှိရင် မလွယ်တော့ဘူး frame work တွေ ပြန်ကောင်းအောင် လုပ်ရမယ်။

(ဆက်လက်ဖော်ပြပါမည်)

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဒေါက်တာ ဦးမြင့်၏ ဟောပြောချက် (၂)

Friday, August 5, 2011 6 comments

Poor Life in Myanmar, Photo-Tun Aung (Southeast Asia dot Org)

(မြစ်မခ မီဒီယာအဖွဲ့၏ ဖေ့စ်ဘုတ်မှ ကူးယူဖော်ပြပါသည်။ အပိုင်း (၁) ဖတ်ရန် )

နောက်တစ်ခုက level အဆင့်အတန်း Level တွေကအများကြီးရှိတယ်ဗျ ။အခုကျနော်ပြောမှာ ထိပ်ကနဲ့ အောက်ကအပိုင်း အကုန်လုံးကိုတော့ ကျနော်မပြောတော့ဘူး။ ယိုဒယားပဲကြည့်ပါလား ချမ်းသာတာမပြောနဲ့။

သက်ဆင်နဲ့ပတ်သတ်လို့ပြောမယ်။ သက်ဆင်က သူကဘာဖြစ်လို့လဲဆိုတော့ တိုင်းသူပြည်သားတွေကိုကြည့်တယ်။ဆင်းရဲသားတွေကိုကြည့်ရှာတယ်။ ဟိုလူတွေကလဲသိတယ်။ ငါတို့ကလဲသူ့ကိုကြည့်တယ်။ သူကလဲငါတို့ကိုကြည့်တယ် ဒါပဲ။ အခုလဲနိုင်အုံးမှာပဲ နောက်လဲနိုင်အုံးမှာပဲ ဘယ်သွားသွားဗျာ Taxi မောင်းတဲ့သူပြောပြော ဘာပြောပြော သက်ဆင်ပဲ။ ဒါအရေးကြီးဆုံးပဲ။

ကိုယ့်အတွက်လုပ်ပေးတယ်ဆိုပြီးတာပဲ။ အပေါ်မှာလူတွေကဗျ အရမ်းချမ်းသာတာ ဒါပေမဲ့လဲ ဘာလို့မို့ ကိုဒက်ပ် ဖြစ်ရတာလဲ။ လူဆိုတာကတော့ လောဘကတော့ရှိတာပဲ။ ဘယ်လောက်ချမ်းသာချမ်းသာ လိုချင်တာပဲ။ ၁၀သက် ၁၁သက် ဘယ်လိုဖြစ်ဖြစ် လိုချင်တာပဲ။ တစ်သက်စားရတော်ရောပေါ့ မဟုတ်ဘူး တစ်ခါတည်းကို။ အလကားနေရင်းလိုချင်နေတယ် လောဘပေါ့။ ဒါကိုတော့ခင်ဗျားတို့ပိုသိမှာပေါ့။ ဒါတင်မကဘူးဗျ သူ့အောက်ကလူတွေကိုလဲသူကဝေရတယ်ဗျ။ သူ့ရဲ့နောက်လိုက်တွေကိုလည်းပဲ။ သူ့ကိုအားကိုးဖို့ သူ့ကိုသစ္စာရှိဖို့ ပေးရတယ် ဒါတွေရှိတယ်။ နိုင်ငံရေးအရပေးရတာပေါ့။ ပထမဟာက စီးပွားရေးအရ။ ဒါတိယကတော့ နိုင်ငံရေးအရ။ လူတွေကိုပေးထားမှ ကျွေးထားမှ သူ့ကိုထောက်ခံတာကိုးဗျ။ တတိယအချက်က လူမှုရေးဗျ။

ဒါတွေဟာအပေါ်ပိုင်းကပေါ့။ အောက်ပိုင်းကျတော့ဘာဖြစ်လဲ ဥပမာဗျာ ကျနော်မော်တော်ကားလိုင်စင်သွားထုတ်လို့ရှိရင် ပေးရတယ်ဗျ။ အခုတော့မပေးရတော့ဘူး။ အရင်တုန်းကတော့ပေးရတယ်။ ပေးရတော့ဘာလဲဆိုတော့ သူတို့ပြောတာ ဒီလူတွေဟာတဲ့ အောက်အဆင့် ဝန်ထမ်းတွေက သူတို့ လစာထဲကမလောက်ဘူး။ လစာမလောက်တဲ့အခါကြတော့ သူတို့မိသားစုနေနိုင် စားနိုင်ဖို့ဟာ ပိုက်ဆံမရှိရင်ငတ်မှာကိုးဗျ ဒါကြောင့်မို့လို့ လုပ်ရတာ။ အဲလိုအကြောင်းပြချက်ပေးတယ်။ အဲဒီ့အခါကြတော့ ဟုတ်ပြီ လိုအပ်တယ်ဆိုရင် ဒီလူတွေကို လစာ ပိုပေးရင် ဒီလိုပြဿနာဖြစ်မလာဘူး။

ကျနော်တွေ့ရတာက လူငယ်ပိုင်းအစိုးရဝန်ထမ်းတွေကို လစာ လုံလုံလောက်လောက်ပေးထားတဲ့နေရာတွေမှာ လာဘ်စားတာနည်းတာကိုတွေ့ရတယ်။ ပြဿနာက ဘာလဲဆိုတော့ ဒီအစိုးရဝန်ထမ်းအငယ်တွေကရောလောဘမရှိဘူးလားဆိုတဲ့ပြဿနာ။ အခွင့်အရေးမရလို့ ရရင်လုပ်မှာပဲ။ ကျနော်တော့မယုံဘူးဗျ Chance မရလိုဗျ ရရင် အောက်ကကောင်ကလဲဖြစ်မှာပဲ။ ကျနော်ဘာသွားတွေ့လဲဆိုတော့ တစ်ခါတုန်းက လှည်းတန်းထိပ်မှာအကြီးအကျယ်မီးလောင်တယ်။ ကျနော်က မန္တလေးအဆောင်မှာ ကျနော်အဖေ အမေက့  နိုင်ငံခြားမှာ အဲတော့ လမ်းထိပ်မှာ ဆိုက်ကားသမားလေးတစ်ယောက်ရှိတယ်ဗျ ကုလားလေး သူ့ဆိုက်ကားကိုအမြဲစီးတယ်။ ကျနော်လဲအမြဲပိုက်ဆံတွေပိုပိုပေးတယ်။ အဲတော့မီးလောင်တဲ့အခါကြတော့ ဆိုက်ကားသမားက သူကတစ်ခါတည်းချတော့တာပဲ အရင် က ၂ ကျပ်ပေးရတဲ့ဟာကို ၁၀/၁၅ ကျပ်တောင်းတော့တာပဲ။ စိတ်ပျက်သွားတယ် ဒီကောင့်ကို ဘာထူးလို့လဲဒီကောင်က အခွင့်အရေးရလို့ရှိရင်လုပ်တာပါပဲလားဆိုပြီး စိတ်ပျက်သွားတယ်။ အဲတော့ ပြဿနာကဗျ အရင်ဆုံး အလုပ်သမားတွေကို လစာလေးပိုပေးလို့များ ပိုကောင်းမလားဆိုတော့ ကျနော်တော့ သိပ်ကောင်းမယ်မထင်ဘူး။ အခွင့်ရလို့ရှိရင်လုပ်တာချည်းပဲဗျ။

အဲလိုဖြစ်တဲ့အခါကြတော့ နောက်ဒီဟာလဲပဲ မြန်မာပြည်လိုနိုင်ငံမျိုးမှာလဲပဲ လစာတိုးပေးလိုက်လို့ရှိရင် ဈေးရောင်းတဲ့လူတွေက အခွင့်ကောင်းပဲဆိုပြီးတော့ ဈေးတွေတင်မယ်။ အဲတော့ လစာကတော့တိုးတယ်။ ဈေးတွေကတော့ တက်သွားတယ်ဆိုရင်ဘာမှမထူးဘူး။ ဒီကိစ္စမျိုးကို ဘာလုပ်ရမလဲဆိုတော့ ပြန်ပြီးတော့ reform ကိုပြန်စဉ်းစားရမှာ။

၊ ပြန်စဉ်းစားရမှာကလစာတိုးပေးရင် အားလုံး reflection လို့မရဘူး လစာတိုးပေးအဲ့ဒါမျိုးတွေ ဖြစ်လာမှာ ဒါတွေဟာ အတော်လေးကို စဉ်းစားရမယ့်ကိစ္စ လွယ်လွယ်ကူကူနဲ့ စဉ်းစားလို့ မရဘူး ပြန်လုပ်ရမဲ့ ကိစ္စတွေပေါ့ ။ ပြီးတော့လည်း ဘာမှ ထူးမှာမဟုတ်ဘူး ဒီဟာကို အကြောင်းပြပြီးတော့မှ လူတွေက ဈေးနှုန်းတွေ တိုးလာတော့မယ်ဆိုရင် The whole country suffer ကျနော်တို့ လခနဲ့ပတ်သက်ပြီး အခွင့်အရေးတွေ ဘာတွေ အားနည်းမှုကို ကျနော်တို့က လုပ်ရမယ် corruption နဲ့သွားပြီးတော့ သိပ်မရောပစ်နဲ့ ။

နောက်တစ်ခုက ဒီကိစဘယ်လောက်ပြန့်ပွားသလဲဆိုတာ သိပ်ပြီးတော့မပြန့်ပွားဘူးဆိုရင် ထိန်းရတာလွယ်တယ် လူတွေကို ပြန်ပြီ်း အိုင်ဒင်တီဖိုင်း ပြန်လုပ်လို့ရတယ် ဒါပေမဲ့ နည်းနည်းကျယ်ကျယ်ပြန့်ပြန့် ဖြစ်သွားရင် ခက်တယ် ဒါပေမဲ့ systemtic ဖြစ်သွားပြီး အဲ့ဒါက system ကြီး တစ်ခုလုံးက systematic corruption တစ်ခုလုံးက corruption become a way of life systematic corruption အဲ့ဒါမျိုးက ဗမာပြည်မှာဖြစ်တယ် The whole things top to bottom, system တစ်ခု အဲ့ဒါတော့ လွဲတယ် become a way of life တစ်ခုခု လုပ်တော့မယ်ဆိုရင် ကျနော်ကိုယ်တိုင်လည်းအဲ့ အတိုင်းဘဲ ဘယ်သူ့ဘာပေးရမလဲကြည့်နေတာ အဲ့လိုကြည့်ရင် that happen ဆိုရင် become the very very seen the problem အဲ့လိုဟာလေးတွေရှိတယ် အဲ့ဒါကို ဘယ်လို ဖြေရှင်းမလဲဆိုတဲ့ ပြသနာ နောက်တစ်ခုက စနစ်တကျ ကောက်တဲ့ corruption နဲ့ဗရမ်းဗတာ ဖြစ်တဲ့ corruption ဆိုပြီး နှစ်မျိုးရှိတယ်။

စနစ်တကျဆိုတာကတော့ စနစ်ကျတယ်ဗျ ဘယ်သူ့ဘယ်လောက်ပေးရမလဲ ဆိုတာ သိတယ် ။

ဘယ်သူ့ဘာပေးရမယ်ဆိုတာ သိတယ။ ပြီးလို့ရှိရင်လည်း အခွင့်အရေးရမယ်ဆိုတာ ဟာလေးက မဆိုးဘူး systematin ဖြစ်တယ် ဖြစ်တဲ့ အခါကျတော့ အဂတိလိုက်ပြီးတော့မှ ယူတဲ့ဟာတွေကလည်း ရှိတယ်။ သူ့အနေနဲ့ဒီဟာလေးကတော့ ဒီဘဲလေးပေါ့ ဒီဘဲငန်းလေးက နောက်ကျရင် ရွှေဥရင်ဥမှာပေါ့ ဒီကောင်ကို ငါထိန်းသိမ်းထားမယ် အရမ်းလိုအပ်တဲ့ အချိန်ကျမှပေါ့ လုပ်ပေးမယ် သူကြီးပွားလာတဲ့အချိန် ငါလည်း ကြီးပွားမယ် အဲ့သဘောလေးတွေရှိတယ် ။ စနစ်ကောင်းတဲ့ဟာလေးကလေ good things ကလေနော် bad thing ကတော့ we know who to give how much to give အရမ်းအတိအကျ သိတယ် ဘာကိုဆို ဘယ်လောက်ပေးရမလဲ everything is clear ပေးလို့ရှိရင်လည်းရတယ် အခြေအနေအရဘဲ ဒါမျိုးဟာလေးတွေက very systematic ပါ ။

နောက်ပြီးတော့ အဲ့ဒီ ကောက်တဲ့လူတွေဟာလည်းဘဲ benefit ဖြစ်တဲ့လူတွေဟာလည်းဘဲ ကျနော့်အနေနဲ့စီးပွားရေးက တိုးတက်လာမယ်ဆိုရင် သူကြီးပွားလာရင် ငါလည်း တိုးတက်လာမယ်ဆိုပြီးတော့ အရမ်းကိုဘဲ This is double corruption နောက်တခါ ဗရမ်းဗဒါ corruption ဆိုတာက completely confuse ဘယ်ပေးလို့ပေးရမှန်းလည်းမသိ ဘယ်သူက responsibility ရှိမှန်းလည်းမသိနော် ပြီးလို့ရှိရင်လည်း အခွင့်အရေးရမလား မရမလားလည်းမသိ ဘာဖြစ်သွားသလဲဆိုတဲ့အခါကျတော့ နောက် officer တွေကလည်း ဘယ်ကဘယ်လောက်ယူမှန်းလည်းမသိ အဲ့လိုဖြစ်နေတယ်ဆိုလို့ရှိရင်လည်း တစ်ခါတည်းကို အကြီးအကျယ်ဘဲ အဆမတန်ကောက်တာ အဲ့ဒီအခါကျတဲ့ အခါကျတော့ အဲ့ဘဲက ဥကိုမဥတော့ဘူး ရွှေဘဲတွေဘာတွေ ဘေးချိတ် အဲ့ဘဲက ဥကိုမဥတော့ဘူး အဲ့ဒီဟာက very very dangerousပြောခဲ့တာကတော့ very essential လေးတွေဘဲပြောခဲ့တာ ။ဒါကျနော်နောက်ရင်းနှီးမြှပ်နှံမှုအပေါ်မှာဘာဖြစ်နေလဲ။

ဘယ်လောက်အောင်မြင်လည်းလို့မေးမယ်ဆိုရင် သိပ်တော့မအောင်မြင်ဘူး မအောင်မြင်လို့ဆက်ပြီးမလုပ်ရဘူးလို့တော့မပြောပါနဲ့ ဆက်ပြီးတော့လုပ်ရမှာပါ လာဘ်ပေးတဲ့ကိစ္စလည်းအဲဒီအတိုင်းပါဘဲ ဆက်ပြီးတော့လုပ်ရမှာပါ သူအနေနဲ့ကတော့ ဒါကြီးကို ပပျောက်အောင်လုပ်လို့မရဘူး မရပေနဲ့လည်းဘဲ သူကို ထိန်းပြီးတော့ မကောင်းတဲ့ ဟာတွေကိုလျှော့ဖြစ်ဖို့ ကြိုးစားရမယ် ပပျောက်အောင်လုပ်လို့တော့မရဘူး လွန်လွန်အားကြီးတဲ့ဟာတွေပေါ့ ဆက်ကိုလုပ်ရမယ်ကိစ္စ ကျွန်တော်တို့လည်းလုပ်နေတာပါဘဲ စီးပွာရေးအကြောင်းပြောတာ corruption ကြောင့်မို့လို့ ကျွန်တော်တို့ရဲ့ရင်းနှီးမြှပ်နှံမှုတွေဟာ ပြည်တွင်းရော ၊ ပြည်ပရော အဲဒီဟာတွေဟာ ဆိုရင်တကယ်ပဲ အတော်လေးကိုဆုံးရှုံးမှုတွေရှိတယ်။နောက်ဆောက်လုပ်တော့မယ်ဆိုရင်လည်းပေးရတော့မယ်၊ ထုတ်လုပ်တော့မယ်ဆိုရင်လည်းပေးရတော့မယ်၊ Transport လုပ်မယ်ဆိုရင်လည်းပေးရမယ်။ Market လုပ်မယ်ဆိုရင်လည်းပေးရမယ်။ store လုပ်မယ်ဆိုရင်လည်းပေးရမယ်။ တယ်လီဖုန်တပ်ချင်တယ်ဆိုလည်းပေးရတယ်။ အင်တာနက်တက် မယ်ဆိုရင်လည်းပေးရမယ် အဲဒီလို လုပ်တဲ့အခါကျတော့ မလွယ်တော့ဘူး နော်။

ဒါတွကိုလုပ်ဆောင်နေတဲကအခါမှာ အောင်မြင်တာမအောင်မြင်တာဘေးချိတ်အဲလိုဘဲစဉ်းစားပါ အောင်မြင်တာမအောင်မြင်တာ

တိုင်းပြည်ကို ပျက်မတက် ဖြစ်စေတာက အာဏာရှင်တွေ ကြီးပွားနေတဲ့ဟာ သံယံဇာတ ပစ္စည်းတွေ သူတို့လက်ထဲရောက်ကုန်တာ အဲ့ဒါကတော့ မကောင်းဘူးဆိုတာ သိတယ် နိုင်ငံခြားမှာသွားပြီးတော့ အိမ်တွေဆောက် ပြည်တွင်းမှာလည်း စိန်တွေ ရွှေတွေ ငွေတွေ ရတနာတွေ အဲ့ဒါတွေကလည်း ရှင်းနေတာဘဲ တိုင်းပြည်အတွက် နစ်နာစေတယ်ဆိုတာ။

ကျနော်ပြောချင်တာက ဘာလုပ်ရမလဲ ဆိုတော့ နံပတ်တစ်က lခေါင်းဆောင် ကအရေးကြီးတယ် အိမ်တစ်အိမ်ကို ပြုပြင်ပြောင်းလဲမယ်ဆိုရင် အမိုးကိုစပြီးတော့လုပ်ရမယ် အရေးကြီးတာက အာရှဒေသမှာ ဆို လူကြီးတွေဆိုရင် ကျွန်တော်တို့ရဲ့ခေါင်းဆောင် တွေကနမူနာပေးရမယ် ။သိပ်အရေးကြီးတယ်။ ခေါင်းဆောင်က ဦးဆောင်ရမယ် ဆုံးဖြတ်ချဖို့ဆို၇င်လည်းဘဲ တော်တော်လေးကို ခက်ခက်ခဲခဲဆုံးဖြတ်ချက်ရရတယ် အဲဒါမျိုးတွေချဖို့ဆိုလည်း သူတို့အနေနဲ့ ဆုံးဖြတ်ချက် ချဖို့လိုတယ်။မဖြစ်သင့်တဲ့ ဟာ တွေ လုံးလုံးမတရားတဲ့ ဟာတွေ အဲဒါတွေကိုဘဲ ပြန်ထိန်းပြီးတော့လုပ်ကြဖို့လိုပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဒေါက်တာ ဦးမြင့်၏ ဟောပြောချက် (၁)

Thursday, August 4, 2011 0 comments

ပြီးခဲ့သည့် ဇွန်လအတွင်းက နေပြည်တော်တွင်ကျင်းပသော ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ဆွေးနွေးပွဲတွင် တွေ့ရသည့် ဒေါက်တာ ဦးမြင့်နှင့် သမ္မတ ဦးသိန်းစိန် (ဓာတ်ပုံ - Voice of Myanmar)

(သမ္မတ အကြံပေး စီးပွားရေး ပညာရှင် ဒေါက်တာဦးမြင့်က သြဂုတ်လ ၃ ရက်နေ့ မနက် ၉နာရီကနေ နေ့လည် ၁၂ နာရီဝန်းကျင်အထိ ဟောပြောခဲ့တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဟောပြောဆွေးနွေးချက်များ ဖြစ်ပါတယ်။ မြစ်မခ မီဒီယာအဖွဲ့က ဖေ့စ်ဘုတ်မှာ စာရိုက်ပြီး တင်ပေးနေတာကို ပြန်လည်ကူးယူ ဖော်ပြပါတယ်။

ဧရာဝတီက ဒေါက်တာ ဦးမြင့်ရဲ့ ဟောပြောချက်နဲ့ ပတ်သက်လို့ သတင်းရေးသား ဖော်ပြပြီး ဖြစ်ပါတယ်။)

ကျနော့်အနေနဲ့ကတော့ ဆွေးနွေးပွဲလည်းမဟုတ်ပါဘူး။ အမြင်ချင်းဖလှယ်တဲ့သဘောမျိုးလေးပါ။ အဲဒါမျိုးလေးဖြစ်စေချင်တယ် နောက်မေးချင်တာလဲမေးလို့ရပါတယ်။ ကျနော်မဖြေချင်လဲ ဦးမျိုးမြင့်ဖြေပါလိမ့်မယ်။ ဒီဟာနဲ့ပတ်သတ်လို့ အဂတိလိုက်စားမှု သူ့ရဲ့ဇစ်မြစ် သူ့ရဲ့အကျိုးဆက်များနဲ့ ကုထုံးဆိုတဲ့စာတမ်းပါ။ ဒီစာတမ်းကိုကျနော်ရေးထားတာ ၁၀ နှစ်လောက်ရှိပြီ။

ဘာလို့ရေးတာလဲဆိုတော့ တစ်ခါတုန်းက ကျနော်ကျောင်းဆရာဘဝတုန်းက ကြာလှပြီး အနှစ် သုံးဆယ်လောက်တုန်းက ကျနော်ကအဲဒီ့မှာသတင်းစာသင်တန်းဆိုတာရှိတယ်ဗျ။ အဲတုန်းက စာပေဗိမာန်မှာလုပ်တာ အဲတုန်းက ကျနော်သင်ရတယ်။ ကျနော်ပြန်လာတဲ့အခါကျတော့ တစ်ချို့သတင်းစာဆရာတွေက ကြီးကြီးမားမား ဒုဝန်ကြီးတွေဘာတွေဖြစ်နေတယ်။ တော်တော်လေးပဲ အဆင့်မြင့်တဲ့နေရာတွေဘာတွေရောက်နေတယ်။ ဆရာဦးမြင့်ရေတဲ့ The New Light Of Myanmar ထဲမှာရေးစမ်းပါလို့ ကျနော့်ကိုပြောတယ်။ ဘာရေးရမှာလဲဆိုတော့ ဆရာရေးချင်တာရေးပါလို့ပြောတယ်။ ကျနော် အဂတိလိုက်စားမှုအကြောင်းရေးမယ်လို့ပြောလိုက်တယ်။ သူတို့ဖတ်ကြည့်ပြီးတော့ ဗမာပြည်အကြောင်းစောင်းပြီးတော့ရေးတယ်လို့ သူတို့ကထင်နေကြတယ်။ ဒီတော့ သူတို့ဒါကြီးကိုဂျာနယ်ထဲထည့်လို့မရဘူးဆိုတော့ ကျနော်ထားလိုက်တတယ်။ ဒါပေမယ့် ကျနော် ဒါလေးကိုထည့်ဖို့ ကျနော်ကြိုးစားနေတယ်။

New Light Of Myanmar ထဲမှာထည့်လို့ရှိရင် ကျနော့်အနေနဲ့ကထည့်ချင်တာပေါ့ ........။ အခုလဲပဲကျနော်ကြိုးစားနေတယ်ဗျ။ ဒီစာတမ်းကို အခုဗမာလိုဘာသာပြန်နေတယ်။ ပြန်ပြီးလို့ရှိရင်ကျနော် အနေနဲ့ကတော့ ထပ်ကြိုးစားလိုက်ဦးမယ်။ New Light ထဲမှာပါသွားပြီဆိုရင်တော့ ...... သမ္မတကြီးကတော့ ကျနော့်ကို ဒီစာတမ်းကိုတင်ပြဖို့ သဘောတူထားတယ်။ တင်ပြလို့ရတယ်တဲ့ ဒီစာတမ်းကိုဆွေးနွေးပွဲတွေမှာ တစ်ခါတည်းပြောထားပြီးသား။ သူ့ဆီကခွင့်ပြုချက်ရပြီးဆိုတော့ ကျနော့်အနေနဲ့ သတင်းစာတွေထဲမှာ ထည့်နိုင်မယ်လို့ထင်တယ်။ ကျနော်လဲကြိုးစားပါ့မယ်။ OK ဒီလောက်ပါပဲ။

စာတမ်းကအချက် ၄ ချက်ရှိတယ်ဗျ။ နံပါတ်တစ်က အဂတိလိုက်စားမှုဆိုတာဘာလဲ၊ ဒုတိယအချက်က ဘာဖြစ်လို့အဲလိုဖြစ်ရတာလဲ၊ တတိယအချက်ကတော့ အကျိုးသက်ရောက်မှုတွေဘာရှိသလဲ၊ စတုတ္တအချက် ကတော့ ဒီအချက်တွေကိုဘယ်လိုကိုင်တွယ်မလဲ။ ၄ ပိုင်းရှိတယ်ဆိုတော့ စပြီးတော့ ကျနော်ရှင်းပြပါ့မယ်။ ရှင်းပြရမယ်ဆိုရင်အကြာကြီးရှင်းပြရလိမ့်မယ်။ တတ်နိုင်သလောက် တိုတိုချုံးပြီးတော့ ပြောပါ့မယ်။ အရေးကြီးတဲ့အကြောင်းအရာလေးတွေပေါ့။ ဗမာလိုလဲထွက်လာအုံးမယ်။ ထွက်လာလို့ရှိရင်လဲပေးပါ့မယ်။

တစ်ကမ္ဘာလုံးမှာ အဂတိလိုက်စားမှုနဲ့ပတ်သတ်လို့ တစ်ကမ္ဘာလုံးအနှံအပြားမှာ ဒီဟာနဲ့ပတ်သတ်လို့ အတော်လေးကိုပဲ လူတွေကစိုးရိမ်မှုတွေ အရမ်းဖြစ်နေကြတယ်နော်။ တစ်ကမ္ဘာဆိုတာလဲဘာလဲဆိုတော့ ဘယ်နေရာမှာမဆိုရှိတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံမှာလဲရှိတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံမှာလဲရှိတယ်။ ပုဂ္ဂလိကမှာလဲရှိတယ်၊ အစိုးရမှာလဲရှိတယ်၊ စေတနာ့ဝန်းထမ်းလုပ်တဲ့နေရာတွေမှာလဲရှိတယ်။ အခုဆိုရင်ဘယ်နေရာကြည့်လိုက်ကြည့်လိုက် ဒီပြဿနာရှိတယ်။ ဒါအားလုံးကလက်ခံထားတာ။

ဒုတိယအချက်ကဘာလဲဆိုရင် တစ်ယောက်နဲ့တစ်ယောက်တိုက်ကြတော့မယ်ဆိုရင် ဒီအဂတိ လိုက်စားမှုနဲ့တိုက်ကြတယ်။ ရာထူးပြုတ်ချင်တယ်ဆိုလို့ရှိရင်။ နိုင်ငံရေးအတိုက်အခိုက်တွေမှာလဲ ဒီဟာကို အကြောင်းပြုပြီးတော့ တိုက်ကြတယ်။

တတိယအချက်ကဘာလဲဆိုရင် စီးပွားရေးအပိုင်း။ ဒီအပိုင်းမှာလဲ အတော်လေးဒုက္ခရောက်နိုင်တယ်။ ကျနော်ဆွေးနွေးမှာ စီးပွားရေးအပိုင်းဆွေးနွေးမှာ အဂတိကြောင့် တိုင်းပြည်မှာ ပြဿနာတွေပေါ်နိုင်တယ်။ ဒီဟာကိုလည်းမကိုင်တွယ်ပဲနဲ့ စီးပွားရေးတိုးတက်ဖို့ဆိုတာမလွယ်ဘူး။ ဒါတွေအားလုံးကလဲ အများလက်ခံတယ်။ ဒါကိုလဲပဲလစ်လျုရူလို့မရဘူး။ ဆိုတော့ ကျနော်ထပ်ပြီးတော့ ပြောပြမယ်။

လွယ်ပါတယ် အများပြည်သူအကျိုးအတွက် တိုင်းပြည်အကျိုးအတွက် ပေးထားတဲ့တာဝန်ကို ကိုယ်ကျိုးအတွက်အသုံးပြုတာ ဒါဟာ အဂတိလိုက်စားမှုရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ပဲ။ အဲတော့ ဒွီဖွင့်ဆိုချက်ဟာ ကောင်းလားမကောင်းဘူးလားဆိုတာ ဘယ်အပေါ်မှာမူတည်သလဲဆိုတော့ ဒီလို ဖွင့်ဆိုချက်ပေးလို့ ဘယ်လောက်များ ဒီဟာက အဂတိနဲ့ပတ်သတ်လို့ လူတွေကိုနားလည်နိုင်လဲ၊ အကျိုးသက်ရောက်မှုရှိလဲ။

ဖွင့်ဆိုချက်ဆိုတာ ပေးချင်သလိုပေးလို့ရတယ်။ ကောင်းလာမကောင်းလားဆိုတာက ဒီဖွင့်ဆိုချက် သုံးတဲ့ အတွက်ကြောင့်မို့လို့ အဂတိနဲ့ပတ်သတ်လို့ ဘယ်လောက်များအဓိပ္ပယ်တွေပေါက်လဲ၊ ဘယ်လောက် အကျိုး သက်ရောက်လဲ။ အများအကျိုးအတွက်ပေးထားတဲ့တာဝန်၊ အများအကျိုးအတွက်ပေးထားတဲ့ ဝတ္တရားတွေ၊ အာဏာတွေ ကိုယ်ကျိုးအတွင် အသုံးပြုတယ်။

နောက်တစ်ခုက အရေးကြီးတဲ့ဟာက စီးပွားရေးမှာအရေးကြီးတာက ဘယ်သူမဆိုဘယ်ဝါမဆိုသူများမှာမရှိတဲ့ အခွင့်အရေးတစ်ခု ကိုယ့်မှာရှိလို့ရှိရင် ဈေးကိုင်လို့ရတယ် ဒါပဲ။ ကျနော်ကကျောင်းဆရာလုပ်နေတာဗျ။ ကျောင်းဆရာလုပ်နေတော့ ကျနော်တို့က တစ်လကို တစ်သိန်းရတယ်ဆိုပါတော့။ အဲဒါမလောက်ဘူးဗျ။ အဲတော့ ကျုရှင်ပေးရတယ်။ အဲလိုပေးတာကျနော်တင်မကဘူးဗျ။ တစ်ခြားသူတွေလဲရှိနေတော့ အပြိုင်အဆိုင်တွေရှိနေတယ်။ အဲလိုလေးရှိတဲ့အခါကြတော့ ကျနော်တို့ဘယ်လောက်ရကြလဲဆိုတော့ တစ်လကို ငါးသိန်းရကြတယ်။ ဒါပေမဲ့ဘာတွေ့ရလဲဆိုတော့ တစ်ဖြည်းဖြည်းနဲ့ ကျနော့်ကျောင်းသားတွေက..... တွေအများကြီးရရနေတာ။ ..... ငါးခု ခြောက်ခု ဆရာဦးမြင့်ရဲ့ကျု၇ှင်သွားတဲ့ကျောင်းသားတွေက .... ....တွေအများကြီးအများကြီးရတယ်။ ဘာဖြစ်လို့ ဆရာဦးမြင့်ရဲ့ကျောင်းသားတွေက .... တွေအများကြီးရလဲ မီဒီယာတွေလဲအရမ်းကြီးစိတ်ဝင်စားတယ်။ ကျနော့်ကိုလာတယ် ငါကကွာ သမ္မတရဲ့ဘာညာလျှောက်ပြောတယ်။ ကျနော့်ဆီလာရင်တော့ ကျနော်စာသင်ကောင်းတာပြောမှာပေါ့ ကျနော်ကတော့။ ဒါပေမဲ့မယုံဘူးဗျလူတွေက ဘာလို့သူ့ရဲ့ကျုရှင်သွားတဲ့လူတွေက.... ဒီလောက်ရနေလဲ။ လိုက်တာပေါ့ လိုက်တော့ဘာသွားတွေ့လဲဆိုတော့ ကျနော်လဲပဲသိတယ်မလား အများကြီးအများကြီးလာတာဗျ တစ်ခါတည်းကို လူကသူ့ကလေးတွေရဲ့ရှေ့ရေးအတွက် သိပ်အရေးကြီးတယ်။

ကလေးက... များများရလို့ရှိရင် သူ့အနေနဲ့က Chance အများကြီးရတာပေါ့။ ကျနော့်ဆီလာပြီးတော့ လာကန်တော့ကျတာပေါ့ဗျာ။ စိန်တွေရွှေတွေပုံပြီး။ ကျနော်လဲပဲဘယ်လိုဖြစ်လဲဆိုတော့ သိပ်များသွားလို့ရှိရင်နာမည်ပျက်မှာပေါ့ဗျ။ ဦးမြင့်က မြန်မာ့သမိုင်းမှာ နာမည်ဆိုးမဖြစ်ချင်ဘူး။ ဘာသွားတွေ့လဲဆိုတော့ ကျနော့်ကိုအခွင့်အရေးပေးထားတာ စာမေးပွဲမေးခွန်းတွေကိုစစ်ဖို့ အခွင့်အရေးကျနော့်ကိုပေးထားတယ်။ အဲဒီ့အခွင့်အရေးပေးထားတဲ့အခါကြတော့ အားလုံးက..... တွေရနေကြတာပေါ့။ ဘာလို့ကျနော့်ကိုပေးရလဲဆိုတော့ ကျနော်ကအပေါ်ကကြီးတဲ့လူတွေနဲ့ သိနေတယ်။ ပြဿနာက ...........။ အဲဒါသိတဲ့အခါကြတော့ လူတွေကလာကြတာပဲ။ ကလေးက မမွေးခင်ကတည်းကလာတန်းစီနေပြီ ကျနော့်ဆီမှာ။ ဘာဖြစ်လို့ကျနော့်ကို ဒီအခွင့်အရေးပေးရတာလဲ။ အဲဒါက Issue ။ ကျနော်နဲ့ဘာမှမဆိုင်ဘူး။ အဂတိလိုက်စားတာက ကျနော် မကောင်းလို့မဟုတ်ဘူး။ ဘယ်သူ့ပေးပေးဒါမျိုးကဖြစ်မှာပဲ။

နောက်တစ်ခု ဥပမာပေးထားတယ်ကျနော်။ လိုင်စင်တစ်ခုလျှောက်တယ်ဆိုပါတော့ သူ့ကိုလဲ ကျနော် ပေးလို့ရတယ်။

နောက်တစ်ခုက စည်းမျဉ်းတွေဥပဒေတွေ အဲဒါတွေအရေးကြီးတယ်။ အဲဒီကိစ္စ အဲဒါဘာလဲဆိုတော့ ဒီဟာတွေက ဘာလုပ်လုပ်ဗျ စည်းမျဉ်းတွေထည့်ရတယ်။ စည်မျဉ်းတွေရှိမှ စီးပွားရေးဖြစ်ဖြစ်၊ နိုင်ငံရေးဖြစ်ဖြစ် ဘာပဲလုပ်လုပ်ရှိရတယ်။ ဘောလုံးကစားသလိုပဲ ဘောလုံးကစားရင်လဲ စည်းမျဉ်းစည်းကမ်းတွေရှိတာပဲ အဲဒါမျိုးတွေမရှိပဲနဲ့ ကစားလို့မရဘူး။ လွှတ်ထားပေးမယ်ဆိုရင်သတ်ကြဖြတ်ကြမှာပဲ တစ်ယောက်နဲ့တစ်ယောက်။ လူ့မှာရှိတဲ့လောဘတွေဒေါသတွေကိုလဲထိနးထားဖို့။ ဘုရားနဲ့တရားနဲ့တင်ထိန်းလို့မပြီးသေးဘူးဗျ။ စည်းမျဉ်း ဆိုတာလဲရှိရအုံးမယ်။ အများဒုက္ခရောက်မယ့်ဟာမျိုးတွေကိုကျနော်တို့ကကာကွယ်ပေးရမယ်။ ဝီစီမှုတ်တဲသူရော ကစားတဲ့သူအနေနဲ့ရော လိုက်နာဖို့လိုတယ်။ နို့မို့ဆိုရင် လုပ်ကတာမလွယ်တော့ဘူး။ အားလုံးက ထင်သာ မြင်သာရှိရမယ်။ အားလုံးကနားလည်ရမယ်။ မကစားခင်ကတည်းက တိတိကျကျ လူတွေကိုရှင်းပြထားရမယ်။ ဒီစည်းမျဉ်းတွေကိုတိတိကျကျမသိဘူးဆိုရင် အလုပ်မဖြစ်ဘူး။ အားလုံးကိုလဲ တစ်ပြေးညီလုပ်ပေးရမယ်။ အားလုံးမညီရင်ကစားလို့မရဘူး။

အားလုံးကိုလဲ Apply လုပ်ရင် သာတူညီမျှဖြစ်ရမယ်။ ဘောလုံးပွဲမှာဆိုလဲအဲတိုင်းပဲ ပင်နာတီပေးရမလားမပေးရဘူးလား အနီကတ်ပေးရမလား၊ အဝါကတ်ပေးရမလားသူ့မှာဒစ်ခရက်ရှင်ရှိတယ်။ ပါဝါတွေနဲ့ရျင်းပြထားတာက ကျနော် ဒီမှာ အကောက်ခွန်နဲ့ပတ်သတ်ပြီးရှင်းပြထားတာ။ ဆိုပါတော့ လျှပ်စစ်ပစ္စည်း တွေကိုသွင်းလို့ရှိရင် ၂၅ ရာခိုင်နှုန်းကောက်မယ်လို့ဆုံးဖြတ်တယ်။ ဒါယေဘူယအားဖြင့်ပေါ့။ ပြဿနာက ဒီဟာတွေကိုဘယ်လိုလုပ်တန်ဖိုးဖြတ်မလဲ။ တစ်ခုလုပ်နိုင်တာက လာသမျှပစ္စည်းအားလုံးကို စာရွက်ကြီးထုတ် လျှောက်ရေးထား အားလုံးအတိအကျ ရေးထားပေးလိုက် တန်ဖိုးတွေဖြတ်ထားပေးလိုက်။ ပြဿနာက ပစ္စည်းတွေကတစ်ချိန်လုံးဝင်နေရတာ အသစ်တွေကလဲနေ့စဉ်နေ့စဉ်ထွက်နေတာ။ ဒါကြီးကိုလုပ်ဖို့ဆိုတဲ့ ဟာကြီးက မလွယ်တဲ့ကိစ္စ တစ်ချိန်လုံးကြီး Complete လုပ်ထားဖို့ဆိုတာက ။

နောက်တစ်ခုက ဘယ်အမျိုးအစားလဲဆိုတဲ့ကိစ္စ ဥပမာ ကက်ဆက်ဆိုပါတော့ ကက်စက်လေးကို ချမ်းသာတဲ့အိမ်မှာသီချင်းတွေနားထောင်မယ်ဆိုရင် ဖျော်ဖြေမှုပဲ။ ဒီကက်ဆက်လေးကို ဘယ်လို သဘောထားမလဲဆိုရင် နိုင်ငံခြားဘာသာမှာဒီကက်ဆက်ကလေးကိုသုံးလို့ရတယ် ဒါဆိုရင် သင်ကြားမှု ဖြစ်သွားတယ်။ .... ကြတော့ ၂၀ ရာခိုင်နှုန်းချ၊ သင်ကြားမှုကြတော့ ၁၀ ရာခိုင်နှုန်းထားလိုက်ပေါ့။ ဒါပေမဲ့ ကက်ဆက်ကလဲ ဘုန်းကြီးတရားဟောလဲဖွင့်လို့ရတာပဲ အဲလိုမျိုးဆိုတော့ ဘယ်လိုလုပ်သွားပြီးတော့ ဆုံးဖြတ်မှာလဲ။

နောက်တစ်ခုက ကျနော် အမေရိကကနေပြန်လာတုန်းက ကျနော့်မှာဂစ်တာတစ်လုံးပါလာတယ်။ အဲဒါဒေါ်လာငါးထောင်ပေးရတယ်။ ကျနော်နဲ့အတူတူဆရာတစ်ယောက်ပါတယ်။ အဲဆရာကဘာပါလဲဆိုတော့ ဆေးတစ်ခုပါလာတယ်။ ရေကူးကန်ထဲမှာထည့်တဲ့ဆေးပေါ့လေ။ဲဒါပြန်လာတော့အကောက်ခွန်ဌာန မှာက ကျနော်တို့တပည့်တွေဖြစ်နေတယ်။ ဆရာတဲ့ဆရာ့ဂစ်တာကြီးက ဈေးတအားများနေတော့ စကားများ လိမ့်မယ်တဲ့။ အဲဒါဘာလုပ်ရမလဲမေးတော့ ဒေါ်လာ ၁၀၀ လောက်ပဲထည့်လိုက်ဆိုပြီးတော့ သူလုပ်ပေးတယ်။ အတူတူပြန်လာတဲ့ဆရာရဲ့ဆေးကိုကျတော့ အရေးပေါ်သုံးတဲ့ဆေးဆိုပြီးဖြည့်ပေးတယ်။ အဲလိုလေးတွေတော့ ရှိတယ်ဗျ။ စာအုပ်ကြီးအတိုင်းလုပ်နေလို့တော့မရဘူး။

(မြစ်မခ မီဒီယာဂရု(ပ်) မှ တင်ပေးလျှင် ဆက်လက်ဖော်ပြပါမည်)

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved