Showing posts with label Voter Education. Show all posts
Showing posts with label Voter Education. Show all posts

Miss Internet ဆု ရဖွယ်ရှိတဲ့ နန်းခင်ဇေယျာ

Thursday, October 11, 2012 1 comments

~





ဂျပန်နိုင်ငံ အိုကီနာဝါကျွန်း နိုင်ငံတကာမယ်ပြိုင်ပွဲကြီးရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့  Miss Internet ဆုအတွက် အွန်လိုင်းမှာ မဲပေးနေတာ နန်းခင်ဇေယျာက မဲအများဆုံး ရနေပါပြီ။

Miss Internet ဆုအတွက် ပြိုင်ပွဲကော်မတီရဲ့ flickr  စာမျက်နှာမှာ မဲပေးနေကြတာပါ။

လိပ်စာက - http://www.flickr.com/photos/64086169@N03/8062634660/in/set-72157631640709082


 
နန်းခင်ဇေယျာကို မဲပေးပုံ

၁။ နန်းခင်ဇေယျာရဲ့ ပုံအထက်မှာ Favourite ဆိုတာကို ကလစ်ပါ။
 flickr မှာ ကိုယ့်အကောင့် ရှိတယ်၊ sign in ထားတယ် ဆိုရင် သူ့ကို မဲပေးမှု ပြီးပါပြီ။
၂။ အကောင့် မရှိသေးဘူး ဆိုရင်တော့ ကလစ်လိုက်တာနဲ့ Facebook သို့မဟုတ် Gmail တို့ကတဆင့် ၀င်ရမယ့် စာမျက်နှာတခု ပေါ်လာပါမယ်။
Gmail ကနေ ၀င်မယ် ဆိုရင် login name, password တို့ကို ထုံးစံအတိုင်း ဖြည့်ရပါတယ်။ ဒါ့အပြင်  flickr  screen name ကို ထည့်ရပါမယ်။ ကိုယ့်နာမည်တခုခု ထည့်လိုက်ရုံပါပဲ။ မွေးနေ့လည်း တောင်းပါလိမ့်မယ်။

လောလောဆယ် မြန်မာက  ၅,၃၂၈ မဲ ရနေပါတယ်။

နိုင်ငံတကာပရိသတ်က ဒီပွဲကို အာရုံမစိုက်ကြဘူးလို့ ယူဆပါတယ်။ မဲပေးမှု အင်မတန် နည်းပါးနေပါတယ်။
ဒါကြောင့် နိုင်ငံအများအပြားက ပြိုင်ပွဲဝင်မယ်တွေဟာ မပြောပလောက်တဲ့မဲအရေအတွက်နဲ့ မြန်မာနောက်က လိုက်နေတာ တွေ့ရမှာပါ။
တချို့ ဆိုရင် ဘဲဥကွဲရုံတင်လေးပါပဲ။
ဒီအတိုင်း ဆက်ဖြစ်နေမယ် ဆိုရင်တော့ Miss Internet ဆုကို မြန်မာကိုယ်စားပြု နန်းခင်ဇေယျာ ရရှိမှာပါ။



Miss Chinese Taipei - ၁၀ မဲ





Miss Philippines ၃၄၈


Miss Japan ၁၂



Miss UK  ၃


Miss Malaysia ၉၇


Miss Srilanka ၁၅


Miss Italy ၇


Miss Canada ၂


Miss India ၁၀၁



Miss Thailand ၁၃၇


Miss Korea ၁၅



Miss Gabon ၂


Miss Haiti ၁၅၈


Miss France ၄၄


Miss Singapore ၁၃


Miss Germany ၂







 











-


အားလုံးကို ပျော်စေချင်သူ

Monday, April 2, 2012 0 comments

မနေ့က ရန်ကုန်မြို့ မဲရုံတခုမှာ တွေ့ရတဲ့ ပယ်မဲ။
ကြားဖြတ်ရွေးကောက်ပွဲမှာ အဲဒီနယ်မြေက ကိုယ်စားလှယ်အားလုံးကို မဲပေး ရွေးချယ်ထားတာပါ (ဓာတ်ပုံ - ဧရာဝတီ)


မဲပေးဖို့က အလုပ်နည်းနည်းရှုပ်ပါတယ်၊ မဲရုံကိုသွား၊ မဲစာရင်းမှာ နာမည်ကြည့်၊ မဲရုံထဲဝင် (လူများရင် တန်းစီ)၊ ID ကတ်ပြ စသဖြင့် အဆင့်ဆင့်ပါပဲ။

နောက်ဆုံး မဲပေးချိန်မှာ ကိုယ့်မဲက ပယ်မဲဖြစ်သွားရင် ပင်ပမ်းရကျိုး မနပ်ပါဘူး။

ရွေးကောက်ပွဲအကြိုကာလ ပညာပေးအစီအစဉ်တွေမှာ ၀င်လေ့လာထားကြရင် ပယ်မဲ နည်းပါလိမ့်မယ်။

ကြားဖြတ်မှာ ပယ်မဲ ရာခိုင်နှုန်းဘယ်လောက်ရှိလဲ မသိရသေးပါ။

မြန်မာပြည်မှာ ရွေးကောက်ပွဲတွေ ပုံမှန် မရှိတဲ့အတွက် မဲမပေးတတ်သူတွေ အများအပြား ရှိမယ်လို့ ယူဆရပါတယ်။

ဒါတွေ သတိပြု

Thursday, November 4, 2010 0 comments

သရုပ်ဖော် - ဟန်လေး
လေ့လာသူတွေနဲ့ ကိုယ်စားလှယ်တွေ ရှေ့မှာ မဲပုံးတွေကို မှန်မှန်ကန်ကန် ချိတ်ပိတ်ရဲ့လား။
Were the ballot boxes sealed correctly in the presence of observers and agents?

မဲစာရွက်တွေကို ပို့တဲ့ကားနဲ့အတူ လေ့လာသူတွေ အမတ်လောင်းတွေရဲ့ ကိုယ်စားလှယ်တွေကို အတူလိုက်ခွင့် ပြုရဲ့လား။
Were observers and candidate agents allowed to accompany the vehicle transporting the ballots?

ကိုယ့်လူနဲ့ကိုယ် လုံလောက်ပြီ

Friday, October 29, 2010 1 comments

သရုပ်ဖော် - ဟန်လေး

မဲရုံပိတ်တဲ့ အချိန်အထိ လူတွေ တန်းစီ စောင့်နေတာရှိလား။
Were there voters standing in queue when the polling station is closed?

မဲရုံပိတ်တဲ့ အချိန်အထိ စောင့်နေရတဲ့ သူတွေကို မဲပေးခွင့်ပြုသလား။
Are there voters standing in queue at the closing time allowed to vote?



ပတ်ဝန်းကျင် အနေအထား သတိထားပါ

Tuesday, October 26, 2010 2 comments

(သရုပ်ဖော် - ဟန်လေး)

မဲရုံအတွင်း (သို့မဟုတ်) အနီး ပတ်ဝန်းကျင်တွင် မဲပေးမှုကို လာရောက် သြဇာ လွှမ်းမိုးမှုများ ရှိသလား။
Are there individuals inside or near the polling center trying to influence the way people vote?


 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved