အမေ ... ကျနော့်ကို ကယ်ပါဦး ...

Friday, October 15, 2010

ထိုင်းနိုင်ငံ နာမည်ကြီး ရုပ်သံဌာန channal 7 စနေနေ့ မွန်းလွဲပိုင်း ၁ နာရီခွဲခန့်မှာ ထုတ်လွှင့်နေကျဖြစ်တဲ့ ရဲမှူခင်းဟာသ တစ်ခုကို သတိရတာနဲ့ စာရေးသူ နားလည်သလောက် တင်ပြလိုက်ပါတယ်။

ဆင်းရဲသား ဆင်ခြေဖုံး ရပ်ကွက်တစ်ခုမှာ လတ်လတ် လတ်လတ် ထ,နေတဲ့ အမျိုးသမီးတစ်ယောက်ကို ဘယ်သူမှ မရှိတဲ့အချိန် ကာမဇောမွှန်နေတဲ့ အမျိုးသား တစ်ယောက်မှ မုဒိန်းကျင့်မှု ဖြစ်ပွားခဲ့ပါတယ်။

ထိုအချိန်တွင်းမှာပဲ ၎င်းပတ်ဝန်းကျင်တွင် သူမအား မနာလို သဝန်တို အချွှန်နှင့် မ, လိုသူများ တိုင်ကြားချက်အရ တာဝန်ရှိသူများ ရောက်လာပြီး ၎င်းအမှုကျူးလွန်သူ အမျိုးသားအား တာဝန်ရှိသူများမှ လက်ထိပ်ခတ် ရိုက်နှက် ထုထောင်း၍ ချုပ်နှောင်ထားကာ အစော်ကားခံရသူ အမျိုးသမီးအား တရားစွဲစေသည်။

တာဝန်ရှိသူမှ “ခင်ဗျား ဒီကောင့်ကို ကာမကျူးလွန်မှု မတရားကျူးလွန်မှုအတွက် သူ့ကို တရားစွဲနိုင်တယ် ... ခင်ဗျား ဘယ်လို ဖြစ်ချင်သလဲ” ဟု မေးလေသည်။

စော်ကားခံရသူ အမျိုးသမီးမှ နေ၍ ... “ကျမ သူ့ကို အတန်တန် တောင်းပန်ပါတယ် ... သူက ဇွတ်သမား ... ဒါပေမယ့် ကျမ သူ့ကို သနားတယ်”

ထိုအခါ တာဝန်ရှိသူမှ “ဟင် ... မင်းကို အနိုင်ကျင့်တဲ့လူကို မင်းက သနားတယ် ... ဟုတ် ...”

“ကျမမှာ HIV ရှိတယ် ဆိုတာကို အတန်တန် တောင်းပန်ပြီး ပြောရက်နဲ့ ဇွတ်လုပ်တာ ... အော်ပြီးပြောတာ ကြားကို မကြားဘူးလေ ... သူကလေ အတင်းပဲ ... ဇွတ် ...”

တာဝန်ရှိသူ စကားမဆုံးမီမှာပင် အနိုင်ကျင့်ခံရသူ အမျိုးသမီး ပြောလိုက်သည့် စကားကြောင့် အနိုင်ကျင့်သူ အမျိုးသားခမျာ အထက်ပါ အမျိုးသမီးအား လက်ညှိုးထိုးလျှက် “အမေ ... ကျနော့်ကို ကယ်ပါဦး (မဲ့ ... ချွေ့ဖုံဒုဝေ့)” အော်လျှက် ဘုံးခနဲ ဘေးတိုက် လဲကျသွားလေသည်။ တာဝန်ရှိသူများလည်း ပါးစပ် အဟောင်းသားဖြင့် ၎င်းအမျိုးသမီးအား လက်ညှိုးထိုး၍ ဘာမှမပြောနိုင်ဘဲ တစ်ခန်းရပ်သွားလေသည်။

မောင်ရွှေမြန်မာတို့ သတိထားကြလေကုန် ... :P ။

2 comments :

  1. Anonymous said... :

    သတိပေး၊ ပညာပေးတဲ့ ဟာသဆိုပေမယ့် ဒီစာကို ထိပ်ဆုံးမှာတင်ထားပြီး၊ တိရစ္ဆာန်တွေ ကာမပြုနေပုံကိုထည့်ထားတာ နည်းနည်းရုပ်ဆိုးနေသလိုပဲ။

  1. Anonymous said... :

    လေးစားပါတယ်.. ကျနော့်ရဲ့ အပြုသဘောဝေဖန်မှုကို လေးလေးစားစားတုန့့် ပြန်ပြီး၊ ပုံလေးကို ဖယ်ထုတ်ပေးတာကို။ ဆက်လက်အားပေးနေပါ့မယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved