တနေ့ တနေ့ သတင်းရဖို့ သတင်းချူရ၊ သတင်းနှိုက်ရ၊ မေးရ မြန်းရ စနည်းနာရ၊ မျက်စိနဲ့နားကို အကုန် ဖွင့်ထားရတဲ့ သတင်းထောက်ရဲ့ ဘ၀။
ပြည်ပကနေ ဖုန်းဆက်လို့ သတင်းဌာန နာမည်ပြောလိုက်တယ်ဆိုရင်ပဲ အစိုးရ ဌာနတွေက “ဂွပ်” ဆိုတဲ့ ဖုန်းချသံနဲ့ တုံ့ပြန်မှု ...။ သတင်းကို အချိန်မီ အော်ဒီတာ အဲယောင်လို့ အယ်ဒီတာဆီ မပြနိုင်ရင်လည်း အဟီး ... ရင်မောစရာ။
ရန်ကုန် အခြေစိုက် အစိုးရမဟုတ်သော လူမှုရေး အဖွဲ့အစည်း Myanmar Egress ကနေပြီး iVote စာတန်း ပါတီရှပ်တွေ ပြန်နေတာ သူတို့လက်ချက်လားလို့ ဒီနေ့ မေးဖြစ်တယ်။ သတင်းကို ဘယ်သူပြောတယ်ဆိုတာ အသေး စိတ်မပြောမချင်း ဖြေပိုင်ခွင့်မရှိဘူးဆိုတာရယ်၊ ဒီကိစ္စကို ဖြေဖို့ အထက်က သက်ဆိုင်ရာ လူကြီးတွေနဲ့ တိုင်ပင်ရအုံးမယ်ဆိုတဲ့ တုံ့ပြန်မှုလေးနဲ့ ရင်မောခဲ့ရတဲ့ သတင်းထောက် ဘ၀ကို နားလည်နိုင်ဖို့ ဗျူးထားတဲ့ အသံဖိုင်ကို ဧရာဝတီ ဘလော့ဂ် ပရိသတ်များ အတွက် ဝေမျှလိုက်ပါတယ်။
ကိုထွေး
I Vote by thargyi74
We understand you all. Thanks for your news.