စက်တင်ဘာလ အစောပိုင်း တရုတ်ပြည် ခရီးစဉ်မှာ ဦးသန်းရွှေက ရှိရှိသမျှ မိသားစု ဆွေမျိုး တပြုံတမကြီးကို ခေါ်သွားလို့ ဧရာဝတီကတောင် နိုင်ငံတော် ခရီးစဉ်တွင် မိသားစုကို ဗိုလ်ချုပ်မှူးကြီး ရှေ့တန်းတင် ဆိုပြီး သတင်း ရေးယူရတဲ့ အထိပါပဲ။
အခုရရှိတဲ့ သတင်းတရပ်ကတော့ တရုတ်နိုင်ငံ ပီကင်းမြို့မှာ ဦးသန်းရွှေ မိသားစုက အိမ် ၄ လုံး ဝယ်ပါတယ်တဲ့၊ အမေရိကန် ဒေါ်လာ သန်း ၅၀ ကုန်ကျတယ်လို့လည်း သိရပါတယ်။
အဲဒီဝယ်ထားတဲ့ အိမ်တွေကို မိသားစုကို တပါတည်း ခရီးစဉ်မှာ ပြတယ်လို့ သိရပါတယ်။ ဦးသန်းရွှေ မိသားစုဟာ တရုတ်နိုင်ငံကို ၅ ရက်ကြာ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
ဒါဖြင့် အဓိပ္ပာယ်က အခြေအနေ မကောင်းရင် ဖြစ်ဖြစ်၊ အာဏာ လက်လွတ်ရင် ဖြစ်ဖြစ် တရုတ်ပြည်မှာ သွားနေဖို့ ပြင်ထားတဲ့ သဘောလားဆိုတာကတော့ စာဖတ်သူများပဲ အတွေးနယ် ချဲ့ကြပါကုန်။
(ဓာတ်ပုံ - Reuters)
ဒါကတတိယထွက်ပေါက်အစီအစဉ်ဘဲ။ ဒုတိယအစီအစဉ်က မဲရှုံးခဲ့ရင်စစ်တပ်အာဏာသိမ်းဘို့အဆင်သင့်ဘဲ။ ဒါတွေမဖြစ်ရအောင် ရွေးကောက်ပွဲမှာမဲအပြတ်နဲ့နိုင်အောင်ညစ်ပါတ်မှုပေါင်းစုံနဲ့ခုလုပ်နေရတာဘဲ။ သန်းရွှေရဲ့တာဝန်ကတိုင်းပြည်ကိုလိမ်ဘို့။ ကျုပ်တို့ပြည်သူလူထုကသူလိမ်တာတားလို့မရဘူး။ သုရဲ့လိမ်ညာမှုအစီအစဉ်တွေပျက်အောင်လုပ်နိုင်တာတခုဘဲရှိတယ်။ အဲဒါကတော့ ရွေးကောက်ပွဲကိုတညီတညွတ်သပိတ်မှောက်ဘို့ဘဲ။