မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ၊ စီတားပါက် (Setapack)၊ Genting Klang လမ်းပေါ်ရှိ Chong Fatt တရုတ်စားသောက်ဆိုင်တွင် အလုပ်လုပ်နေသော ကချင်ဒုက္ခသည် ၂ ဦးသည် လုပ်ငန်းခွင်၌ မီးလောင်ခံရသော်လည်း အလုပ်ရှင်များက တာဝန်မယူသည့်အပြင် ဆေးရုံသို့လည်း ပို့ဆောင်ပေးခြင်း မရှိကြောင်း သိရသည်။
မီးလောင်ခံရသော ကိုချန်ဖုန်း (၂၉) နှစ်နှင့် ကိုဂွမ်ဆန်အောင် (၂၈) နှစ် တို့သည် ပြီးခဲ့သည့် အောက်တို ဘာ ၉ ရက်၊ စနေနေ့တွင် စားသောက်ဆိုင်၏ စားဖိုဆောင်တွင် အလုပ်လုပ်နေစဉ် ဂက်စ်ပိုက်လိုင်း ပေါက်ကွဲမှုကြောင့် တခြား မလေးရှားနိုင်ငံသား အလုပ်သမား တရုတ် ၃ ဦးနှင့်အတူ မီးလောင်ခံရသည်။
စားသောက်ဆိုင်၏ စာဖိုဆောင်တွင် ဂက်စ်မီးဖို ၅ လုံးအနက် တလုံးမှာ ချွတ်ယွင်းချက်များရှိကြောင်း ဆိုင်ရှင်ကို အသိပေးထားသော်လည်း ကြိုတင် ပြုပြင်ခြင်းမရှိကြောင်း၊ အခင်းဖြစ်သည့်နေ့ကမှ တခြားမီးဖိုများကို အသုံးပြုနေစဉ်အတွင်း ပြုပြင်ရာမှ ပေါက်ကွဲမှု ဖြစ်ရကြောင်း သိရသည်။
ဂက်စ်လိုင်းပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဆိုင်ရှင်များမှ နိုင်ငံသား အလုပ်သမား ၃ ယောက်ကို ဆေးရုံအရေးပေါ်ကား ခေါ်ပြီး ရဲစခန်းထောက်ခံစာလုပ်ကာ ဆေးရုံသို့ ပို့ပေးသော်လည်း မြန်မာနိုင်ငံသား ဒုက္ခသည် ၂ ဦးကို ချန်ထားခဲ့သည်။
ထိုစဉ် အတူအလုပ်လုပ်သော တခြား မလေး-တရုတ်လူမျိုး အလုပ်သမားတယောက်က သူ၏ကားနှင့် နီးစပ်ရာဆေးခန်းသို့ ပို့ဆောင်ပေးသော်လည်း ဆေးခန်းက လက်မခံဘဲ ဆေးရုံကြီးသို့သာသွားရန် ပြောသည်။
ဆေးခန်းမှတဆင့် ကွာလာလမ်ပူ၊ ချိုကစ်ဆေးရုံးကြီးသို့ ဆက်သွားရာ ဆေးရုံတွင်လည်း ရဲစခန်းထောက်ခံစာ
မပါ၍ဟုဆိုကာ အရေးပေါ်ဌာနတွင် လက်မခံဘဲ အပြင်၌သာ စောင့်ခိုင်းထားခဲ့သည်။
သူငယ်ချင်းဖြစ်သူ ကိုလရော်က ချိုးကစ်ရဲစခန်းသို့ ရဲစခန်းထောက်ခံစာ သွားတောင်းရာ ရဲစခန်းမှလည်း
အဖြစ်အပျက်ကို မေးမြန်းပြီး ဆူပူကာ ၃ နာရီခန့်ကြာမှ ထောက်ခံစာ ပေးသည်။
ညနေ ၃ နာရီဝန်းကျင်တွင် ဆေးရုံရောက်သော်လည်း ညသန်းခေါင်ကျော် ၁၂ နောက်မှ ဆေးကုသခွင့်ရခဲ့သည်။ နံနက် ၄ နာရီအချိန်ခန့်တွင် ရဲထောက်လှမ်းရေးများက ကိုလရော်ကို ပြန်ခေါ်ပြီး အဖြစ်အပျက်ကို ထပ်မံ စုံစမ်းမေးမြန်းသော်လည်း အလုပ်ရှင်ကို အရေးယူခြင်း မပြုပေ။
အလုပ်ရှင်ကလည်း မီးလောင်ခံရသော မြန်မာဒုက္ခသည် အလုပ်သမား နှစ်ဦးကို မသိဟု ဗြောင်ငြင်းသည်။
သူငယ်ချင်းများအတွက် ရဲစခန်းသို့ ထောက်ခံစာ သွားတောင်းပေးသော ကိုလရော်ကိုလည်း အလုပ်မှ
ထုတ်ပစ်လိုက်သည်။
အလုပ်ရှင်က မိမိ၏ လုပ်ငန်းခွင်တွင်ထိခိုက်ဒဏ်ရာရသော ဒုက္ခသည်အလုပ်သမား နှစ်ဦးအတွက်
ဆေးကုစရိတ်နှင့် နစ်နာကြေးများအတွက် လုံးဝ တာဝန်မယူပေ။
မီးလောင်ခံရသောသူ နှစ်ဦးအနက် တဦးက ဆေးရုံမှဆင်းပြီး မိမိ၏အိမ်တွင် ဆက်လက်ကုသနေသော်လည်း တခြားတဦးမှာ ဒဏ်ရာအလွန်ဆိုးရွားသောကြောင့် ယခုအချိန်ထိ ဆေးရုံမှ မဆင်းနိုင်သေးပါ။
မလေးရှားနိုင်ငံရှိ မြန်မာလူမျိုး ဒုက္ခသည်များသည် အစိုးရမှ တရားဝင် အလုပ်လုပ်ခွင့် မပေးခြင်းကြောင့်
ဝမ်းရေးအတွက် အလုပ်ရှင်များနှင့် နားလည်မှုယူကာ အလုပ်လုပ်ရာတွင် ဥပဒေ အကာအကွယ် မဲ့နေခြင်းကြောင့် နှိမ်ချဆက်ဆံခြင်းမျိုး ကြုံနေရသည်။
UNHCR သည် မလေးအစိုးရ အာဏာပိုင်များနှင့် ညှိနှိုင်းပြီး မြန်မာဒုက္ခသည်များကို ဒုက္ခသည် အသိအမှတ်ပြု ကဒ်ပြားများ ထုတ်ပေးထားခြင်းဖြစ်သော်လည်း UN ကဒ် ကိုင်ဆောင်ထားသည့် မြန်မာဒုက္ခသည်များမှာ မလေးရှား ရဲနှင့် ရေလာ (Rela) များ၏ ဖမ်းဆီးခြင်းကို မကြာခဏ ခံနေရသည်။
ခင်ဗျားတို့ပြောနေတဲ့ လူ့အခွင့်ရေးအပြည့်ဝရှိသော ဒီမိုကရေစီအပြည့်ဝရှိသော နိုင်ငံတွေမှာက ဒီလိုပဲ လုပ်တတ်သလား?လူ့အခွင်ရေး ဒီမိုကရေစီမရှိတဲ့ ကျုပ်တို့မြန်မာနိုင်ငံမှာ ဒီလိုတစ်ခုခုဖြစ်ရင် ဘယ်ဆေးရုံက လက်မခံတာရှိလဲ?မိခင်တိုင်းပြည်ကလွဲပြီး ဘယ်နိုင်ငံမှ ပိုပြီး မကောင်းနိုင်ပါဘူး...မိခင်တိုင်းပြည်ကို မစော်ကားကြဖို့လိုတယ်...
ဒါနဲ့ အဲဒီတရုတ်ခွေးကောင် ဆိုင်ပိုင်ရှင်ကို တရားစွဲအရေးယူဖို့မလုပ်ကြဘူးလား...ဒီလိုပဲ နိုင်ငံခြားသားနဲ့ဆိုရင် ခေါင်းငုံ့ခံတတ်သလား?မိခင်တိုင်းပြည်က အစိုးရကိုကြတော့ လက်သီးလက်မောင်းတန်းပြီး ဆန့်ကျင် အာခံ သတ္တိပြနိုင်တာပဲ အဲဒီလို လက်သီးလက်မောင်းတန်းပြီး တရုတ်ဆိုင်ရှင်ကို မလုပ်ရဲဘူးလား မကန့်ကွက်ရဲဘူးလား အရေးမယူရဲဘူးလား ဘာလုပ်နေလဲ?