ဟာသတွေ အရမ်းပြောတဲ့ ဒေါက်တာဝင်းနိုင် (ဂျပန်ပျံ)

Monday, November 29, 2010


(ဧရာဝတီမေးလ်ကို ရောက်ရှိလာတဲ့ ပေးစာပါ။ စစ်အစိုးရ သတင်းစာပါ ဆောင်းပါးတပုဒ်ကို ပြန်လည် ချေပ ရေးသားထားတာပါ။)

ယနေ့ထုတ်ဝေလျက်ရှိသော ဟာသစာစောင်များတွင် နံပါတ် (၁) နေရာကို ပြိုင်ဘက်မရှိ ရရှိထားတဲ့ မြန်မာ့အလင်း သတင်းစာ (၂၅.၁၁.၂၀၁၀) မှာ ဒေါက်တာဝင်းနိုင်က “ပီတိကိုမျှဝေပါတယ်” ဆိုသော ဟာသဆောင်းပါးတပုဒ်ကို ရေးသားထားပါတယ်။

အဲဒီထဲက တချို့ ကို ဖော်ပြဝေဖန်လိုက်ပါတယ်။

၁။ “သူတို့ရတဲ့ မဲတွေဟာ မိုးပေါ်ကကျလာတဲ့ မဲတွေမဟုတ်ပါဘူး။ မဲရုံတွေမှာ ပေးတဲ့မဲတွေနဲ့ ကြိုတင်မဲပေးထားတဲ့ မဲတွေကို တချိန်တည်းမှာပဲ ရေတွက်တယ်ဆိုတာ တရားမျှတသောလုပ်ရပ်ဖြစ်ပါတယ်။ ကြိုတင်မဲတပြားရဲ့ တန်ဖိုးနဲ့ မဲရုံကမဲတပြားရဲ့  တန်ဖိုးဟာ တူညီပါတယ်။ မဲဆန္ဒ ရှင်တွေရဲ့ အသည်းကြားကလာတဲ့ မဲပြားလေးတွေပါ”

၂၀၁၀ ရွေးကောက်ပွဲမှာ ပြိုင်ဖက်တွေကို ကြံ့ဖွံ့က အလဲထိုးအနိုင်ယူခဲ့တာ ကြိုတင်မဲ (တနည်း ခိုးမဲ) တွေနဲ့ပါ။ ခိုးမဲတွေဟာ မိုးပေါ်ကကျလာတာတော့ မဟုတ်ဘူးပေါ့ဗျာ။ ဒါပေမယ့် ဘယ်ကလာတယ်၊ ဘယ်ကိုသွားတယ်၊ တရားမျှတသလား ဆိုတာကတော့ ဆိုတာကတော့ ...

“အောက်တိုဘာ ၂၀ ရက်နေ့မှာ တပ်ရင်းမှူးက မိန့်ခွန်းပြောမယ်ဆိုပြီး တပ်ရင်းကလူတွေကို အကုန်စုခိုင်းတယ်။ ပြီးတော့ ဒီနေ့ကြိုတင်မဲပေးရမယ်လို့ ပြောတယ်။ အဓိကကတော့ ခြင်္သေ့ဘေးမှာ အမှန်ခြစ်ဖို့ပဲ။ တပ်ရင်းမှာ သူကအကြီးဆုံးဆိုတော့ နားလည်တယ်မလား၊ ဘာညာနဲ့ ဟိန်းလားဟောက်လားပေါ့။ နောက်ဆုံး သူဘာပြောလဲ ဆိုတော့ 'မင်းတို့ငါပြောတာ နားလည်ပုံလည်း မပေါက်ဘူး၊ ကြာပါတယ်ကွာ၊ မင်းတို့ခြစ်နေရင် မခြစ်တတ် ခြစ်တတ်နဲ့ ပယ်မဲတွေဖြစ်နေဦးမယ်၊ငါပဲအကုန်ခြစ်လိုက်တော့မယ်' ဆိုလို့ ကျနော်တို့မှာ မဲစာရွက်တောင်မမြင် လိုက်ရဘူးဗျာတဲ့ဗျား”

ရင်ဖွင့်သွားသူကတော့ မှော်ဘီမြို့ ရဲတပ်ရင်း အမှတ်-၅ မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်ကြပ်ကြီးပါ။ (မှတ်ချက် - ဘိုးသု (ဦးသုဝေ) နိုင်နေတုန်း ဦးအောင်ကြည်ဆီကို အထုပ်လိုက် ရောက်လာတာ ဒီလိုမဲတွေဖြစ်ပါလိမ့်မယ်။)

၂။ “မြန်မာသည် မြန်မာဖြစ်သည်။ မြန်မာနိုင်ငံသည် မြန်မာနိုင်ငံသားမျာ၏ တိုင်းပြည်ဖြစ်သည်”

ဟုတ်တယ်ဟ။ ခင်ဗျားရေးတာကိုဖတ်ပြီးမှ အော်ဒါကို ငါတို့ပိုင်တာပါလားလို့သိတာ။ ဒါပေမယ့် ကိုယ့်ပြည်ဖြစ်ပြီး ကိုယ့်ပြည်က ထွက်တာ ကိုယ်မစားရ၊ ကိုယ်မ၀တ်ရ၊ ကိုယ်မသုံးရ မှတ်ပုံတင်မရှိရင် ဘယ်မှသွားလာလို့မရ၊ တပတ်တခါ ဧည့်စာရင်းတိုင်ရ၊ခွေးတွေ ကြောင်တွေကြောက်ရတာတွေကတော့ ထူးဆန်းမနေဘူးလား။ ပိုထူးဆန်းတာကတော့ ရန်ကုန်မြို့လယ်မှာ ဆောက်ထားတဲ့ Trader Hotel ကို အနည်းငယ်သော နွားတစုကလွဲပြီး မြန်မာပြည်သူအားလုံးနီးပါး မတက်ဖူးသေးတာပါပဲ။

၃။ “ free and fair election ဖြစ်ခဲ့တဲ့ နိုဝင်ဘာရရက်နေ့မှာ အများနည်းတူ မဲပေးနိုင်ခဲ့တဲ့အတွက် ကျနော်ပီတိ ဖြစ်မိပါတယ်”

ငပေါ၊ ဘယ်လိုဒေါက်တာဘွဲ့ရလာခဲ့တာလဲ။ free and fair ဖြစ်မဖြစ် ကွန့်ကွက်တာတွေရှိ မရှိ သိချင်ရင် ငွေဆယ်သိန်းနဲ့ ထောင်ဒဏ်မရှိဘဲ လွတ်လပ်စွာ ကန့်ကွက်နိုင်ပါသည်လို့ တရားဝင် ကြေညာကြည့်ပါလား။ သိန်းစိုးတောင် စိတ်ပျက်သွားမယ်။

ဒါကြောင့် နောက်တခါရေးရင် စဉ်းစားပြီးမှ ရေးပေါ့ကွာ။ ငါ့စကားနွားရတွေ လျှောက်မရေးနဲ့။ နွားသိက္ခာကျတယ်ဗျား။

ညမင်းသား

8 comments :

  1. Anonymous said... :

    သိပ်ကောင်းတယ် ညမင်းသား..အဲဒီလို စောက်ရူးတွေကို အဲဒီလို တဲ့တဲ့ပြောမှာသိမှာ။ ပြောသာပြောရတာပါ။ ဒီကောင်တွေက သောက်ရှက်ကို ရှိတာမဟုတ်ဘူး။

  1. Anonymous said... :

    ဆော်ချင်တာတစ်ခုပဲကြည့်မနေနဲ့။ယုတ္တိရှိအောင်လည်းပြောဦး။ဘယ်နိုင်ငံမှာများအထင်ကရဟော်တယ်တစ်ခုကိုနိုင်ငံရှိလူအားလုံးဝင်ဖူးတယ်လို့များကြားဖူးလို့ လည်း။လူတကာဝင်ရအောင်ဇရပ်မှမဟုတ်တာ။ကိုယ့်လူတို့ကနိုင်ငံကဖြင့်ဘာမှမဟုတ်သေးဘူး။လုပ်ချင်တယ့်ဟာတွေကများနေတယ်။ဒီမိုကရေစီစနစ်မှာနိုင်ငံသားတိုင်းကိုရွှေတစ်ပိသာစီပေးတယ်လို့များသမိုင်းမှာကြားဖူးလို့လား။ဒီမိုကရေစီရတာဓာတ်လုံးအောင်သွားတာမဟုတ်ဘူး။ဘာမှသာမရှိသုံးချင်လိုက်တာကဖြင့်တစ်ပိုင်းသေနေတယ်။ဒါကြောင့်မကြီးပွားတာ။

  1. Anonymous said... :

    to : "ဆော်ချင်တာတစ်ခုပဲကြည့်မနေနဲ့။ယုတ္တိရှိအောင်လည်းပြောဦး။ဘယ်နိုင်ငံမှာများအထင်ကရဟော်တယ်တစ်ခုကိုနိုင်ငံရှိလူအားလုံးဝင်ဖူးတယ်လို့များကြားဖူးလို့ လည်း။........."

    ခင်ဗျား နိုင်ငံတစ်ကာကိုကော ရောက်ဖူးရဲ့လား... တစ်ခြားနိုင်ငံတွေမှာ အဲဒီလိုဟော်တယ်မျိုးကို နိုင်ငံသားတွေက မတည်းတာပဲရှိမယ် သူတို့ဝင်ငွေနဲ့ဆို တည်းမယ်ဆိုတည်းလို့ရတယ်... ကုန်ကုန်ပြောမယ်ဗျာ ကျုပ်လို ဘာမဟုတ်တဲ့ကောင်တောင် ကျုပ်ဝင်ငွေနဲ့ စလုံးမှာ ခုနာမည်ကြီးနေတဲ့ သင်္ဘောကြီးပေါ်မှာ တည်းချင်ရင် တစ်လ သုံးရက်လောက်တော့ သွားနှပ်နိုင်တယ် (ဒါတောင် သူ့နိုင်ငံသား မဟုတ်သေးဘူး) မြန်မာပြည်ကလူတွေ trader မှာတစ်ရက်တည်းဖို့ ဘယ်လောက်လုပ်ရမှာလဲ တစ်လား တစ်နှစ်လား တစ်သက်လား... ခင်ဗျားနဲနဲဦးနှောက်သုံးပြီးမှ ရေးပါဗျာ .... စစ်တပ်လို ထင်ရာတွေ ဒီမှာလာမရေးပါနဲ့ စိတ်ဆင်းရဲလို့ပါ တောင်းပန်ပါတယ်....

  1. Anonymous said... :

    to
    ခင်ဗျား နိုင်ငံတစ်ကာကိုကော ရောက်ဖူးရဲ့လား... တစ်ခြားနိုင်ငံတွေမှာ အဲဒီလိုဟော်တယ်မျိုးကို နိုင်ငံသားတွေက မတည်းတာပဲရှိမယ် သူတို့ဝင်ငွေနဲ့ဆို တည်းမယ်ဆိုတည်းလို့ရတယ်... ကုန်ကုန်ပြောမယ်ဗျာ ကျုပ်လို ဘာမဟုတ်တဲ့ကောင်တောင် ကျုပ်ဝင်ငွေနဲ့


    ကိုယ့်အိုးနဲ့ကိုယ့်ဆန် တန်ရာပေါ့ကွာ။ကျားကြီးတော့ခြေရာကြီးတာပေါ့။မင်းလိုကောင်က ၃ရက်လောက်နှပ်နေနိုင်ပေမဲ့ ကျန်တဲ့ကောင်က ၁လလုံးနှပ်နေခြင်နေနိုင်မယ်။၁ရက်လောက်ပဲနေနိုင်ရင်နေနိုင်မယ်။လျှောက်ကလေးဦးနှောက်နဲ့ လာပြောမနေနဲ့။

  1. Anonymous said... :

    “အောက်တိုဘာ ၂၀ ရက်နေ့မှာ တပ်ရင်းမှူးက မိန့်ခွန်းပြောမယ်ဆိုပြီး တပ်ရင်းကလူတွေကို အကုန်စုခိုင်းတယ်။ ပြီးတော့ ဒီနေ့ကြိုတင်မဲပေးရမယ်လို့ ပြောတယ်။ အဓိကကတော့ ခြင်္သေ့ဘေးမှာ အမှန်ခြစ်ဖို့ပဲ။ တပ်ရင်းမှာ သူကအကြီးဆုံးဆိုတော့ နားလည်တယ်မလား၊ ဘာညာနဲ့ ဟိန်းလားဟောက်လားပေါ့။ နောက်ဆုံး သူဘာပြောလဲ ဆိုတော့ 'မင်းတို့ငါပြောတာ နားလည်ပုံလည်း မပေါက်ဘူး၊ ကြာပါတယ်ကွာ၊ မင်းတို့ခြစ်နေရင် မခြစ်တတ် ခြစ်တတ်နဲ့ ပယ်မဲတွေဖြစ်နေဦးမယ်၊ငါပဲအကုန်ခြစ်လိုက်တော့မယ်' ဆိုလို့ ကျနော်တို့မှာ မဲစာရွက်တောင်မမြင် လိုက်ရဘူးဗျာတဲ့ဗျား”
    သေချာတယ်ဆို Data အပြည့်အစုံတင်ပေးလိုက် အခုခင်ဗျားပြောသလိုဆိုတာလောက်ကတော့ ခလေးတောင်ရေးတတ်တယ်။ photo နဲ့ Data အပြည့်အစုံမပြောနိုင်လို့ကတော့ မင်းတို့ပြောတဲ့စကား ချီးစားပြောတောင် ကြိုက်လို့စားတယ်ပဲထင်တယ်။ ဟောင်ကောင်းတယ်ဟောင်မနေနဲ့ မင်းတို့ကဒေါ်လာရပေမဲ့ ငါတို့ကမျက်စိနော်ကတယ် ။

  1. Anonymous said... :

    ကိုယ်လူ ပြောမှ trader hotel မှာတည်းဖူးတဲ့ သူတွေတောင် နွား ဖြစ်ရအုံးမယ် :P
    အတော် နောက်တဲ့ လူ ... `လူပြက်` လုပ်စားဗျာ ... :P

  1. Anonymous said... :

    တစ်ချို့ လူတွေ က ရိုင်းမှ ရမှာလား မသိပါဘူးဗျာ.. နလပိန်းတုံးတောင်သိတဲ့ ဟာ ကို. ဓာတ်ပုံ နဲ့  အချက်အလက်တွေ လို ချင်သေးတယ်။ ဘယ်သူမှ ဓာတ်ပုံအလွယ်တကူရိုက်လို့ မရအောင်၊ သတင်းယူလို့ မရအောင် လုပ်ခဲ့ တဲ့ ရွေးကောက်ပွဲ မှာ ခင်ဗျားတို့ လို လူတွေ က အပေါက်မှာ စောင့်ပြီး အကူအညီပေးတယ်။ အထဲကလူတွေ က အကုန်ခိုးတယ်။ လူတိုင်းသိတဲ့လျှို့ ဝှက်ချက်ကြီးကို ဖင်ပိတ်ပြီး မငြင်းချင်ပါနဲ့ ။ ဆင်ကောင်ကြီး မြင်နေပြီး မှ ဆင်ခြေရာတွေ ရှာပေးဆိုပြီး လုပ်မနေပါနဲ့ ။
    အစိုးရအား မသထာရေစာ ဒေါ်လာပေးနေသူတစ်ဦး

  1. Anonymous said... :

    တစ်ချို့ လူတွေ က ရိုင်းမှ ရမှာလား မသိပါဘူးဗျာ.. နလပိန်းတုံးတောင်သိတဲ့ ဟာ ကို. ဓာတ်ပုံ နဲ့  အချက်အလက်တွေ လို ချင်သေးတယ်။ ဘယ်သူမှ ဓာတ်ပုံအလွယ်တကူရိုက်လို့ မရအောင်၊ သတင်းယူလို့ မရအောင် လုပ်ခဲ့ တဲ့ ရွေးကောက်ပွဲ မှာ ခင်ဗျားတို့ လို လူတွေ က အပေါက်မှာ စောင့်ပြီး အကူအညီပေးတယ်။ အထဲကလူတွေ က အကုန်ခိုးတယ်။ လူတိုင်းသိတဲ့လျှို့ ဝှက်ချက်ကြီးကို ဖင်ပိတ်ပြီး မငြင်းချင်ပါနဲ့ ။ ဆင်ကောင်ကြီး မြင်နေပြီး မှ ဆင်ခြေရာတွေ ရှာပေးဆိုပြီး လုပ်မနေပါနဲ့ ။
    အစိုးရအား မသထာရေစာ ဒေါ်လာပေးနေသူတစ်ဦး

    ABSOLUTELY CORRECT!

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved