ကြံ့ဖွံ့ပါတီ လမ်းဘေး ဆိုင်းဘုတ်ထောင်ဆဲ

Friday, November 19, 2010



ပါတီကြေညာဆိုင်းဘုတ်တွေကို နိုဝင်ဘာ ၇ ရက်နောက်ဆုံးထားပြီး ဖြုတ်ကြဖို့ ၊ မဖြုတ်ဘူးဆိုရင် တရက်ကို ဒဏ်ငွေ ကျပ် ၅၀၀၀၀ တပ်ရိုက်မယ်လို့ စည်ပင်ကော်မတီက ထုတ်ပြန်ထားခဲ့တာပါ။ ဒါပေမယ့် ဒီဥပဒေကို လိုက်နာခြင်းမရှိဘဲ ကြံ့ဖွံ့ပါတီရဲ့ ဆိုင်းဘုတ်တွေကို မန္တလေး ဂေါဝန်ဆိပ်ကမ်းမှာ ဒီကနေ့အထိ တွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တဆက်တည်းမှာပဲ ဒီလို ဆိုင်းဘုတ်ထောင်ထားတာဟာ ကြံ့ဖွံ့ပါတီက စည်ပင်ကို တရက် ကျပ် ၅၀၀၀၀ ဆောင်ထားလို့လားလို့ မေးခွန်း ထုတ်လိုက်ကြပြီး ဆောင်ထားရင်လည်း အဲဒီငွေကြေး ရှင်းတမ်းကို လူထုကို အတိအလင်း ထုတ်ပြန်အသိပေးသင့်တယ်လို့ မန္တလေးမြို့ခံတွေက တောင်းဆိုလိုက်ကြပါတယ်။

4 comments :

  1. ahphyulay said... :

    အင်း...
    ဒါရိုက်တာလဲ သူ
    ဇာတ်လိုက်လဲ သူ လေ ..၊
    ဘယ်လိုလုပ်မလဲ ။

  1. Anonymous said... :

    အင်းလေ ... ဒါဏ်ငွေဆောင်လည်း သူ့ အိတ်ထဲပဲ ပြန်ရောက်မှာပဲ။

  1. Anonymous said... :

    ခွေးနဲ့လူနဲ့ဖက်ကိုက်၇လောက်အောင်မလုပ်ကြနဲ့လေ
    ကိုယ်ကလူဆိုတာမေ့မနေကြပါနဲ့

  1. Anonymous said... :

    ဥပဒေရဲ့ အထက်မှာ ကြံ့ဖွင့်ရှိတယ်ဆိုတာ သက်သေပြနေတာပေါ့....
    စည်ပင် ဥပဒေလည်း ဒဏ်ရိုက်ရဲဘူးလေ....အလုပ်ပြုတ်မှာပေါ့ ။ ကျပ်မပြည့်တဲ့  ဖွတ် ထဲက နိုင်ငံတော်အတွက်တော့ ရင်လေးပါ၏ ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved