ရှမ်းမြောက်တွင် တိုက်ပွဲ စတင်ဖြစ်ပွား

Thursday, November 11, 2010

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲစတင်ဖြစ်ပွားနေဟု သတင်းရရှိသည်။ ဖြစ်စဉ်ကို ဆက်လက်စုံစမ်းနေပါသည်။

သျှမ်းသံတော်ဆင့်သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားမှုကို ပြန်လည်ဖော်ပြ အပ်ပါသည်။

ယနေ့ ညနေ ၅ နာရီ တပ်မဟာ ၁ ၀မ့်ဟိုင်းဌာနချုပ်တောင်ဘက် ကျေးသီး- မိုင်းရှူး ကားလမ်းရှိ ၀မ့်ဆော့မှာ အခြေစိုက်တဲ့ တပ်မ ၃၃ လက်အောက်ခံ အင်အား ၆၀ လောက်ရှိတဲ့ နအဖတပ်က ကားလမ်း အနောက်ဘက်မှာရှိတဲ့ အပစ်ရပ် သျှမ်းပြည် တပ်မတော် တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း အမှတ် ၂၄ ကို ဦးစွာဝင်ရောက် တိုက် ခိုက်ခဲ့ပါတယ်။

ည ၇ နာရီအထိတိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး တိုက်ပွဲဖြစ်ပွါးတဲ့ ကွန်ကျိုင်းရွာ ကတော့ ကျေးသီး-မိုင်းနောင်-မိုင်းရှူးလမ်းခွဲရဲ့တောင်ဘက် ၀မ့်ဆော့ရွာ အနောက်ဘက် ၃ မိုင်လောက်အကွာမှာ ဖြစ်ပါတယ်။

ပြည်သူ့စစ်အသွင်ပြောင်းရေးငြင်းဆန်တဲ့ တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း အမှတ် ၂၄ ကို ဗိုလ်ကြီး လောဝ်တိုင်းက ဦးဆောင်နေပြီးခုခံတိုက်ခိုက်တာပါ။ အခုချိန်မှာ သျှမ်းတပ်ကို နအဖ တပ်က၀ိုင်းရံ ပစ်ခတ်နေပြီး အဲ့ဒီတ၀ိုက်မှာရှိတဲ့ သျှမ်းတပ်ဖွဲ့ကလည်း နအဖတပ် အပြင် ဘက်ကနေ ထပ်မံဝိုင်းရံနေတယ်လို့ဆိုပါတယ်။ နအဖဘက်ကလည်း မိုင်းရှူး ဘက်က စစ်အင်အားတွေ ပို့ဆောင်နေဆဲဖြစ်တယ်။ နှစ်ဘက်စလုံးတပ်ကူတွေ ပို့နေကြလို့ ဒီတိုက်ပွဲဟာ ကြာမြင့်နိုင်တယ်လို့ တပ်မဟာ ၁ က အရာရှိတဦးက သျှမ်းသံတော်ဆင့်ကိုသတင်းပေးပို့ပါတယ်။

ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်မှာစိုးလို့ သျှမ်းတပ်ဘက်က တရှောင်ရှောင် ဝေ့ပတ်နေ တဲ့ကြားက နအဖတပ်က အရင်သွားပစ် ဖြစ်တယ်လို့ SSA-N တပ်မှူးတယောက်က မကျေမချမ်းပြောပြပါတယ်။

16 comments :

  1. Anonymous said... :

    ကချင်..ကချင် ဘယ်မလဲ?....ဝကော..ဝရေ..? တယောက်ချင်းနွှာတာ ခံမလား။ ပေါင်းတိုက်ကြမလား။ စဉ်းစားကြပေတော့။

  1. Anonymous said... :

    Where are the others? This is the right time to act/join the courageous ones.

  1. Unknown said... :

    မစဉ်းစားသေးဘူး။
    ခဏနေအုန်း။
    ရေဗ္ဗကာဝင်း သီးချင်းခွေ ကြည့် နေတယ်။

  1. Anonymous said... :

    ဒီအချိန်မှ ပေါင်းမတိုက်ပဲ ထိပ်တိုက်မတိုက် ချင်လို့ရှောင်နေသေးသတဲ့လား စစ်ဘီလူးတွေက
    ကျူပင်ခုတ် ကျူငုတ်ပါ ထားမှာ မဟုတ်ဘူးနော် ကချင်သော
    ကရင်သော ဗမာသော ဘာတစ်ခုမှ မြင်တော့မှာ မဟုတ်ဘူး
    ချကြစမ်းပါ ဒီကောင်တွေ အပေါ်ပိုင်းလောက်ပဲ ဘုန်းထားတာတွေနဲ့ မာန်တက်နေတာ အောက်ခြေက ယိုင်နေပြီ
    လူတွေကလဲ စုစည်းမှု့မရှိသေးလို့ ဒေါ်စုကြည် ပြန်ထွက်လာခဲ့သော် ဆိုသလို ဖြစ်နေပြီ ဒီအချိန်လိုမျိုးက နောက်
    နှစ်တစ်ရာတောင် ပြန်ဖြစ်လာချင်မှ ဖြစ်လာမယ်ဆိုတာလဲ သိကြဦး ဖောင်ဖျက်တိုက်သင့် တိုက်ကြပါဟ ချချင်နေတာ လက်ကိုယားနေပြီ.............

  1. Anonymous said... :

    အပေါ်က ညီအစ်ကိုတွေပြောတာ ဟုတ်တယ်ဗျ။ ဂျပန်တော်လှန်ရေးတုန်းကလိုပဲ တစ်နိုင်ငံလုံး ကျရာနေရာကနေ၊ ကိုယ်တတ်နိုင်တဲ့ ဘက်က ၀ိုင်းဝန်းတော်လှန်ကြဖို့လိုပြီ။ ဒုတိယလွတ်လပ်ရေးကို ညီညျွတ်စွာယူကြပါစို့။

  1. Anonymous said... :

    နအဖ စစ်တပ်ဆိုတာ မြန်မာတွေကို ကိုယ်စားမပြုပါဘူး။ မြန်မာတွေကိုလည်း သူတို့အမျိုးမျိုး နှိပ်စက်နေတာပါ။
    သူတို့အာဏာအတွက် သူတို့ကာကွယ်နေတာပါ
    ကိုလိုနီ နယ်ချဲ့တွေထက်တောင်ဆိုးသေးတယ်။

  1. Anonymous said... :

    ဘာလုပ်မှာတုန်း အပြတ်တိုက်လိုက်ပြီးတာပဲ တနယ်ရှင်းသွားရင်... ကြာလို့ တပ်က အင်အား၁၀၀၀၀ လောက်ပို့ပြီး.. ဇောင်းထနေကြတယ် ထောင်ဂဏန်းလောက်နဲ့

  1. Anonymous said... :

    .....don't need to shout others.... fight urself

  1. Anonymous said... :

    သေချာတာကတော့ တိုင်းပြည်မှာစစ်တပ်တခုပဲရှိသင့်တယ်
    လူလေးစုပြီး လက်နက်ကိုင် တော်လှန်ရေးအကြောင်းပြပြီး
    စီးပွားရှာစားနေတာများပါတယ်.ဘာလုပ်မှာတုန်း လျှောက်
    မြောက်ပေးနေတာ ကိုယ့်ဟာကိုကောစဉ်းစားကြမိလား ငါကော
    ဘာတုန်းဆိုတာ..လေတွေပစ်နေကြတယ် လက်အားတိုင်း..

  1. Anonymous said... :

    များသောအားဖြင့် အဲဒီလက်နက်ကိုင်ထားတဲ့ အုပ်စုတွေဟာ မိမိနယ်မြေမှာ လက်နက်ကိုင်ပြီး စီးပွားရေးလုပ်စားနေတဲ့သူတွေပါ...ဘာပြည်သူလူထုတွက်မှ အကျိုးမပေးသလို အကျိုးလည်းမရှိပါဘူး...နိုင်ငံနဲ့လူမျိုးတွက် ဘာမှမသိတဲ့သူတွေပါ...သူတို့သိတာ သူများယောင်လို့ လိုက်ယောင်ပြီး ကြားကောင်အောင် အစိုးရရဲ့မကောင်းမှုတွက် လုပ်နေတာလို့ပဲပြောလိမ့်မယ်...

    နိုင်ငံတစ်ခုမှာ လက်နက်ကိုင်စစ်တပ် တစ်ခုပဲရှိရမည်


    ဘုရင့်နောင်

  1. Anonymous said... :

    ဟုတ်တယ်ကွ မင်းပြောတာမှန်တယ်....

  1. PC said... :

    လေတွေ နဲ့ တိုက်ကြ ...ရလဒ်က လေတောင်မထွက်ဘူး ဆိုတာ မှတ်ထား...ချီးထုပ်တွေ

  1. Anonymous said... :

    နောက်ဆုံးတော့ ပြည်သူလူထုပဲ ဒုတ်ခေ၇ာက်မှာပဲ အဲနယ်ကလူတွေကိုပဲသနားတယ် လက်နက်ကိုင်အဖွဲအစည်းထဲက သေချာ ဖွဲံစည်းထားတဲ့စစ်တပ်တောင်မှ လိုအပ်ချက် မှားယွင်းချက်တွေ ၇ှိနေသေး၇င် အယူအဆ လေးတစ်ခု ဆုပ်ကိုင်ပြီးတပ်တွေသာ အာဏာ၇ခဲ့၇င် ဘယ်လို ဖြစ်လာမလဲ ကိုဘာသာ စီးပွား၇ှာကောင်းအောင် လက်နက်ကိုင်ထားသောအဖွဲအစည်းက အများစုပါ ဆက်ပြော၇င် မကောင်းတော့ဘူးတစ်ခုပဲပြောခဲ့ချင်တယ် နိုင်ငံေ၇းဆိုတယ် အကြီးကြီးလိမ်နိုင်တဲ့ အဖွဲံကို ယုံကြပါမယ် ဘယ်သူကမှ ဟိုဟာလုပ်ပေးနိုင်တယ် ဒီဟာလုပ်ပေးနိုင်တယ်ဆိုပြီးနောက်ဆုံးတော့ အဖျား၇ှုးသွားကြတာပါပဲ အဖြေကတော့................

  1. Anonymous said... :

    တိုင်းရင်းသားတွေ စည်းစည်းလုံးလုံး နဲ့ နအဖ ကို တွန်းလှန်ဖို့အချိန်ရောက်ပြီ
    သူတို့မတရားတာ တွေကတော့ ကန်းကုန်ပြီ တို့ ဒီတစ်သက်လူဖြစ်ရတာ သူတို့ ကျွန်လာဖြစ်တာနဲ့ ဘာခြားလဲ ဘာလူ့အခွင့်အရေးမှ ရမလာခဲ့ဘူး ပြည်သူကို ကာကွယ်စောင့်ရှောက်ရမယ့် အစား ပြည်သူကို နှိပ်စက် ငွေညစ် အနိုင်ကျင့်နေကြတာ တိုင်းရင်းသားလက်နက်ကိုင် အားလုံး စုစု စည်းစည်း စစ်အစိုးရကို တွန်းလှန်ကြပါစို့လား

  1. Anonymous said... :

    အေး...နိုင်ငံတစ်ခုမှာစစ်တပ်တစ်ခုပဲရှိရမယ်ဆိုတာ လူတိုင်းသိတယ်..
    မင်းတို့စစ်တပ်ကလူကြီးပိုင်းတွေ သောက်တလွဲ လုပ်နေတာကိုက မကြိုက်လို့စစ်တပ်တွေ အများကြီးပေါ်လာတာကွ ...ဆယ်စုနှစ် ငါးစုခြောက်စု မကတော့ဘူး....
    မှန်တယ်ကွ မင်းပြောတာ စစ်ဖြစ်ယင် လူထုနာမယ် တိုင်းပြည်နာမယ်
    ဒါပေမယ့် လက်ရှိမင်းတို့ရဲ့တပ်မတော် စစ်အစိုးရကိုယ်တိုင် တိုင်းပြည်ကို ဦးဆောင်ပြီး နှိပ်စက်နေတယ်ဆိုယင် မင်းဘာပြောမှာလဲ...
    မင်းတို့ကပြည်သူကိုနှိပ်စက်ပြီး ရံပုံငွေရှာတယ်...
    တစ်ဖက်မှာကျန်နေတဲ့လူတွေက မင်းတို့ကို ကျည်ဆံမပါတဲ့သေနတ်နဲ့ လာတိုက်ရမှာ လား..
    နိုင်ငံတိုင်းမှာလဒ်စားမှုဆိုတာရှိတယ်ကွ..နည်းတာနဲ့များတာပဲကွာတယ်..
    ဒါပေမယ့်ပြည်သူကိုနှိပ်စက်တဲ့ အစိုးရနည်းတယ်ကွ...
    အခုဟာက..ပြည်သူကိုနှိပ်စက်တဲ့အစိုးရတွေ နည်းနည်းမှာ မင်းရဲ့ စစ်အစိုးရ
    က ထိပ်ဆုံးကပဲ...
    ဘယ်နဲ့ကွာ..မြစ်ရဲ့ ဟိုတစ်ဘက်ကမ်းကို သွားချင်ယင် မြစ်ကိုဖြတ်ကူးရတယ်ကွ..မြစ်ကိုအလျားလိုက်မကူးရဘူး..မင်းရဲ့အဘတွေက
    နှစ် ၂၀ မကတော့ဘူး..မြစ်ကိုအလျားလိုက် ကူးနေတာ....
    ဘယ်တော့ရောက်မလဲ တစ်ဘက်ကမ်းကို..
    မင်းလို စကောလောက်မှေ-ာက်မနက် တဲ့ အကြံနဲ့ ၀င်ဝင်ပြီး လာမပြောနဲ့ကွာ.....ဘလော့ စာမျက်နာ ပုတ်တယ်..
    မင်းက ပုံစံခွက်ထဲသေသေချာချာ ရောက်နေတာကိုး -ွားရဲ့...
    သေသေချာချာ ကိုယ့်ကိုယ် ကိုမှန်ထဲပြန်ကြည့်အုံး....ဂျိုပေါက်နေပြီလား..
    မင်းရဲ့ခေါင်းမှာ...
    နောက်ပြီး မင်းတို့ကိုပေးစားထားတယ်ဆိုတာလည်းေ-ွးဝမ်းသာအောင် လေလည်ပြနေတာ..
    မင်းကိုယ်တိုင်က စစ်သားတစ်ယောက်ဆိုယင် နယ်ဆင်းတဲ့အခါ မင်းတို့ ဘာလုပ်တယ်ဆိုတာ မင်းတို့အသိဆုံးပဲ..
    အေး မင်းကိုယ်တိုင်က ကြံ့ဖွံ့တစ်ယောက်ဆိုယင်လည်း ရပ်ကွက်ထဲမှာ ဘယ်လိုလုပ်တယ် ဆိုတာ မင်းတို့ထက်ပိုပြီး ရိုးရိုးအရပ်သားတစ်ယောက်က
    မသိနိုင်ဘူး...
    (ဘုရင့်နောင်)ဆိုသောငတိ ကိုရည်ညွန်းပါတယ်

    ps.ေ-ာက်ရှက်မရှိ မတန်မရာ (ဘုရင့်နောင်)နာမည်ကိုယူထားလိုက်သေးရဲ့...

  1. Anonymous said... :

    ဒီပေါ်မှာ လာအော်နေလို့မပြီးဘူး... မင်းတို့သွားတိုက်ပါလား။။။ နောက်ကွယ်ကနေ ဖင်ယားမနေကြနဲ့

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved