ခေတ်နှင့်အညီ....

Friday, November 5, 2010









ခေတ်မှီဖွံ့ဖြိုး တိုးတက်သောနိုင်ငံတော်သစ်ဆီသို့၊ စစ်မှန်သောနိုင်ငံတော်ရဲ့စေတနာ၊ ခေတ်နှင့် အညီရင်ဘောင်တန်းနိုင်အောင်၊ ခေတ်မှီနည်းပညာ၊ ခေတ်ပညာ တတ်လူငယ်တွေ ပေါ်ထွန်းလာစေရန်စတဲ့ တောက်လျှောက်ကိုခေတ်မှီနေတဲ့ သူတို့ရဲ့နောက်ဆုံးပေါ်နည်းစနစ်တွေနဲ့ စီမံခန့်ခွဲမှုတွေ အောက်က မြန်မာနိုင်ငံကြီးမှာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ လက်ရှိအနေအထားတွေဟာဖြင့် ခေတ်မှီဖွံ့ဖြိုး တိုးတက် လာနေပါတယ်ဆိုတဲ့ဆောင်ပုဒ်အတိုင်းခေတ်မှီ တဲ့အသုံးအဆောင်တွေကို ကျယ်ပြန့်စွာအသုံးချချင်ပေမဲ့ ရှေးထုံးလဲမပယ်နဲ့ဆိုတဲ့အတိုင်း အခုလို ခေတ်မှီလေယာဉ်ကွင်းကြီးမှာ ခေတ်မှီတဲ့ လေယာဉ်ကြီး ပြေးလမ်းကိုခုန်ထွက်သွားတော့ ခေတ်မှီ စက်ပစ္စည်း ကိရိယာတွေကိုမျက်ကွယ်ပြုပြီး ဖြစ်သလိုပံ့ပိုးဆောင်ရွက်ပေးပြီး ခေတ်မှီနေလိုက်တာများ အားရစရာ တွေ့လိုက်ရပါတယ်ခင်ဗျား။

မင်းဦး (Photos: THEE BLOG)

2 comments :

  1. လေယာဉ်ဘီး ကျွံ့တာကို နွားလှည်းဘီး ကျွံသလို သဘောထား လောက်အောင် ခောတ်မှီတယ် ဆိုတော့.......ကွင်းထဲမှာ လေယာဉ်ဘီး ကျွံနေသည် ကူ၍တူးပေးကြပါ ကြီးလွန်း၍ မတူးနိုင်ဘူးလား ပြိုင်တူတူးလျင် မောနိုင်ပါသည်။

  1. Anonymous said... :

    အလံတင်တာတောင် ကြက်ပေါက်ဖိနပ်နဲ့ တင်တဲ့ လူကြီးတွေ အုပ်ချုပ်မှတော့ လေယျာဉ်ကျွံကျတာ ပေါက်ပြားတွေ၊ ဂေါ်ပြားတွေနဲ့ လည်းဘီးကျွံရင်လုပ်တဲ့နည်းပညာ အတိုင်းလုပ်နေတာ မဆန်းဘူးနော်...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved