ပြည်တွင်း မီဒီယာများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အင်တာဗျူး (၂)

Friday, December 24, 2010


အပိုင်း (၁) ကြည့်ရန် Click Here


ဒေါ်အောင်ဆန်းစုကြည်။ ။ ဖြူဖြူသင်းတို့ ကိစ္စတုန်းကလဲ အန်တီတို့ ဒီလိုပဲ လုပ်ခဲ့ပါတယ်။ တသီးပုဂ္ဂလ အရွေးခံခဲ့တဲ့သူတွေက နေပြီးတော့ ၀ိုင်းပြီးတော့ ပံ့ပိုးပေးတယ်ပေါ့။အဲဒီတော့ ဒီအခက်အခဲလေးကို အန်တီ တို့ကျော်လွှားနိုင်ခဲ့တယ်။ အခုဂီရိကိုသွားကြတဲ့အခါကျတော့ တယောက်နဲ့တယောက်လည်း ပိုသွားမယ်။ အန်တီတို့က NLD ထဲကိုဝင်ဖို့ ဆွယ်နေတာမဟုတ်ဘူး။

မ၀င်တာတောင်မှ ပိုကြိုက်သေးတယ်။ မ၀င်တာကို ဘာဖြစ်လို့ ပိုကြိုက်သလဲဆိုတော့ “ပါတီနာမည်တွေကို အလွဲသုံးစားလုပ်တာတော့မဟုတ်ဘူး နော် ”(ဦးနေမျိုးဝေတို့၏ပါတီအမည်မှာ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဖြစ်ပါသည်) မတူကွဲပြား တဲ့အမြင် တွေပေါ်မှာ ညီညွတ်မှုယူနိုင်တယ်ဆိုတာ ပြချင်လို့။ NLD ကတော့ NLD ပေါ့။ NLD မဟုတ်လည်း လက်တွဲလုပ်လို့ရတယ်။ တကယ်ကိုယ့်ရဲ့ ရည်ရွယ်ချက်ချင်းတူလို့ရှိရင် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်တယ်ဆိုတာကိုပြနိုင်လို့ရှိရင် အန်တီတို့ဒီမိုကရေစီအတွက် ပိုကောင်းတယ်။ နိုင်ငံ အတွက်လည်း ပိုကောင်းတယ်။ အဲသလိုပဲ ယုံကြည်တယ်။

အန်တီတို့က လူငယ်တွေကို ဖိတ်ဖို့ ပြောထားတယ်။ တွေ့ဆုံဆွေးနွေးပွဲပေါ့။ NLD လူငယ်တွေနဲ့ NLD ပြင်ပလူငယ်တွေ တွေ့ဆုံဆွေးနွေးပွဲပေါ့။ လက်လှမ်းမီရာ ဖိတ်မှာပေါ့။ သားတို့လာချင်လို့ရှိရင် ပြောလိုက် ရုံပဲ။ အန်တီတို့ ဖိတ်ပါတယ်။ အန်တီတို့ကလဲ မသိဘူးလေ။ အားလုံးကို လက်လှမ်းမီဖို့ဆိုတာ ကိုယ်လက် လှမ်းမီသလောက်ပဲ ဖိတ်လို့ရတာကိုး။ တမင်ထားခဲ့ချင်တဲ့စိတ်နဲ့ ထားခဲ့မှာတော့ မဟုတ်ပါဘူး။ မသိလို့ တော့ ကျန်ရင် ကျန်သွားမယ်မှာပါ။

မေး။ ။ ကျွန်တော်တို့ တကယ်ကို ဂျာနယ်ကနေပြီးတော့ အန်တီနဲ့ အင်တာဗျူးထားတာကို ဖော်ပြခွင့် ရမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ကြိုးစားပြီး စုစည်းဖော်ပြပေးပါ့မယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ ပိတ်လိုက်ရင် ဘယ်လိုလုပ်မလဲ။ (ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျာနယ်သတင်း ထောက်များ၏ ရယ်သံများ တပြိုင်နက်တည်းထွက်ပေါ်လာသည်)

ဂျာနယ်တစ်စောင်၏တွေ့ဆုံမေးမြန်းခန်း ပြီးပါပြီ။

(Facebook တွင် မြန်မာသတင်းသမားများ ကွန်ရက်က တင်ထားသည့် အင်တာဗျူးကို ကူးယူဖော်ပြပါသည်။ ဓာတ်ပုံ - Getty Images)

1 comments :

  1. Anonymous said... :

    Thanks a lot.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved