တည့်တည့် မပစ်ခဲ့သူများ

Sunday, December 19, 2010


ရန်ကုန်လေဆိပ်မှာ ဓာတ်ပုံအရိုက်ခံနေတဲ့ "အောင်ပွဲရ မြန်မာ့ လက်ရွေးစင် သေနတ်ပစ် အားကစား အဖွဲ့"

ဂျကာတာမှာ လုပ်တဲ့ အရှေ့တောင်အာရှ သေနတ်ပစ်ပြိုင်ပွဲမှာ ၁၁ ယောက် ပါဝင်တဲ့ အဖွဲ့ သွားပြိုင်တာ
ရွှေ ၁၊ ငွေ ၄၊ ကြေး ၂ ရပါတယ် တဲ့။ စုစုပေါင်း ၇ ခု။

အသင်းလိုက် ပြိုင်ပွဲ၊ ၂ယောက်တွဲ ပွဲတွေမှာ ကြေးတံဆိပ်ရလို့ အားလုံးလိုလိုရဲ့ လည်ပင်းမှာ ဆုကိုယ်စီနဲ့ပေါ့။

တော်တယ် လို့ ချီးကျူးရမလား။
ကြိုးစားရန် လိုသေးသည် လို့ ဆိုရမလား။

ပြေးနေတဲ့ ပစ်မှတ်တွေကို ပစ်ရတာမဟုတ်တော့ ဆုတွေ အများကြီး မရခဲ့တာလည်း ဖြစ်နိုင်တယ်။
ရေပြောင်းမြေပြောင်းမို့ လက်တုန်သွားတာလည်း ဖြစ်နိုင်တယ်။
ကျည်ဆံအစစ် သုံးမသုံးလည်း မသိရ။
သတင်းမှာက လူအမည်စာရင်းတွေပဲ ဆိုတော့ အချက်အလက် အစုံ မသိရ။
စိတ်ကြိုက် ပစ်ခွင့်ရရင်တော့ ကိုယ့်လူတွေ ရွှေတံဆိပ်တွေ အကုန် သိမ်းခဲ့မယ့်ပုံ။

3 comments :

  1. ရွှေဝါရောင် said... :

    မတွေးရဲစရာကြီးပါလား :(

  1. ahphyulay said... :

    အင်း...
    ဟုတ်ပါ့ ၊ တစ်တောင့် ဆို တစ်ယောက်ပဲ နေမှာ..။

  1. Anonymous said... :

    သတင်းစာ မဖတ်ဖူးလည်းပြောသေးတယ် စာလုံးပေါင်းကအစ ဟာကွက်လေး ပြောကွက်လေးပါလာရင် ကွင်းစကွင်းပိတ်နဲ့ ပြောဖို့က အရန်သင့်။မဖတ်ပဲလည်း နေနိုင်တာမဟုတ်ဘူး သတင်းစာမဖတ်တဲ့နေ့ဆိုတာ ရှိမှာမဟုတ်ပါဘူး။မဖတ်ဖူးဆိုတဲ့သူတွေက ရှေ့ဆုံးကပါ။

    သူများရဲ့မကောင်းကွက်ဟာကွက်ပဲကြည့်ပြီး အချိန်ဖြုန်းမနေကြနဲ့။ကိုယ့်အလုပ်ရဲ့ဟာကွက် မကောင်းကွက်တွေကိုလည်း ပြုပြင်နိုင်အောင် အရင်ကြိုးစားကြ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved