မနေ့ က သတင်းစာ

Sunday, December 12, 2010

အထူးမှတ်ချက် - သတင်း မဟုတ်ပါ။
ပေါက်တတ်ကရ ရေးထားခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးဓာတ်ပုံလို့ ဆိုတယ်။ မနေ့က သတင်းစာထဲမှာ ပါတယ်။
ပုံက အစစ်အမှန်မှ ဟုတ်ရဲ့လား သံသယ ဖြစ်မိတယ်။
ဦးထုပ် တံဆိပ်ကို ကြည့်လေ။ ကာတွန်းဆရာတွေဆွဲကြသလို အရိုးခေါင်းနဲ့မှ မဟုတ်ဘဲ။

မေမြို့ သို့မဟုတ် ပြင်ဦးလွင်မှာ မိန့်ခွန်း ဖတ်နေတုန်း ရိုက်ထားတာ။ ဗိုလ်သင်တန်းဆင်းပွဲ။

မိန့်ခွန်းက တက်လာတဲ့အစိုးရသစ်ကို ဝိုင်းဝန်းကူညီဆောင်ရွက်ကြရမယ် ဆိုတာနဲ့  အဆုံးသတ်တယ်။

ရှေ့ပိုင်းမှာ ရှည်ရှည်ဝေးဝေး လျှောက်ပြောထားတာတွေကတော့ တံတား ဘယ်လောက်ဆောက်ပြီးဘီ၊ ကျောင်းတွေလည်း အများကြီး တကယ် အများကြီး၊ ပြီးတော့ ကတ္တရာလမ်းတွေလည်း မည်းမည်းကြီး အဲ - အများကြီး ဆောက်ပြီးဘီ၊ ပြင်လိုက်တဲ့ လေယာဉ်ကွင်းက ၆၂ ကွင်းတောင် ရှိတယ် စသဖြင့် စသဖြင့်ပေါ့။ ဓာတ်ငွေ့ ရောင်းစားမယ် ဆိုတာတောင် ပါသေးရဲ့။

ဗိုလ်လောင်း ၄ ယောက်။

ခပ်တောင့်တောင့် ခပ်မိုက်မိုက် ထိုင်နေတဲ့ သူတို့ကို ကြည့်ပြီး ဒဏ်ပေးထားတာ လို့ မထင်နဲ့အုံး။ ထူးချွန်ဆု ရတဲ့သူတွေလို့ ဆိုတယ်။ မထူးချွန်တဲ့ ဗိုလ်လောင်းတွေလည်း သူတို့ နောက်ဘက်မှာ အဲဒီလို ထိုင်ရဟန် တူတယ်။

မိန့်ခွန်း ဖတ်နေချိန်မှာ မရယ်နဲ့ မပြုံးနဲ့ မျက်တောင်မခတ်နဲ့ လေမလည်နဲ့ စသဖြင့် စည်းကမ်းချက်တွေ ထုတ်ထားမလား မသိ။ အင်း - ဗိုလ်တယောက်ဖြစ်ရတာ မလွယ်ပါလား။ သင်တန်းမှာ ကျောင်းသားကြီးတွေ ကြင်နာတာလည်း ခံရ ဆိုပဲ။ (ဗိုလ်တွေဟာ ပင်ပန်း ဆင်းရဲ ခက်ခဲမှုတွေ ကြုံခဲ့ရသူတွေမို့ အတိုးချ မိုက်လုံးကြီး လူတွေကို နှိပ်စက်နေကြတယ် ထင်ပါရဲ့။)

ဒါက ဗိုလ်သင်တန်းဆင်းပွဲ တက်ရောက်လာတဲ့ သူများ တဲ့။

တခြားသူတွေ မဟုတ်ပါ၊ ဗိုလ်ချုပ်မှူးကြီးကြိုင်ကြိုင်၊ ချစ်လှစွာသော သမီးတော်၊ ချစ်စွာသော မြေးတော်များ ဖြစ်ပါတယ်။
ရှစ်လုံးတို့၊ တခြားဗိုလ်ချုပ်တို့ပုံက အောက်ဘက် နည်းနည်း ရောက်နေတယ်။
ရှစ်လုံးတို့ခမျာ သတင်းစာထဲမှာလည်း တဆင့် နိမ့်ခံနေရ။ သနားရတော့ မလိုလို။

အနက်ရောင် ၀မ်းဆက်နဲ့ သကောင့်သားက သူဌေးမြေး။
မန်ချက်စတာ ယူနိုက်တက် အသင်းကို ၀ယ်ဖို့  ပူဆာတယ် ဆိုတဲ့သူပေါ့။
တခြား သားတွေ၊ သမီးတွေ၊ မြေးတွေက ဘာတွေ ပူဆာကြမယ် မသိ။
အပူကပ်သမျှ လိုက်လုပ်ပေးရရင်တော့ ပေါတာကြီးလစာနဲ့ ဘယ်လောက်မလဲ။
ခိုးမှပဲ ရတော့မယ်။ မန်ယူဝယ်ဖို့ဆိုရင် ဒမြပါ တိုက်ရမယ်။
ပေါတာကြီးပုံစံက အေးရာအေးကြောင်းလို့ ယူဆရတယ်။
ပူဆာသူတွေ ၀ိုင်းဝိုင်းလည်နေလို့ ခိုးနေရတာ ဖြစ်မယ်။
ခိုးတာက အရှိန် ဘယ်လောက်တောင် လွန်သွားသလဲဆို ဒီနှစ်ထဲ မဲခိုးရတာမျိုး၊ အာဖရိက အလံတွေ ပုံတူ ကူး ခိုးချရတာမျိုးတွေ အထိ ဖြစ်ကုန်တာပဲ ကြည့်တော့။

22 comments :

  1. Anonymous said... :

    မခိုး၇င် မနေနိုင်တာက လွဲလို့  :D
    ss

  1. yangonthu said... :

    ဟားဟားဟား ဟား။ ဟားဟားဟား ဟား။ ဟားဟားဟား ဟား။ ဟားဟားဟား ဟား။ ဟားဟားဟား ဟား။ လို့ ဘဲ ပြောလြိက် ချင်တယ်။။

  1. Anonymous said... :

    ဘိုသန်းရွှေ ရင်ဘတ်က တံဆိပ်တွေက များလှချဉ့်လား။ ဘယ်သူက ပေးထား သတုံး။ ဘာအတွက် ဘာကြောင့် ဘာတွေများ စွမ်းစွမ်းတမံ လုပ်ခဲ့လို့ ရခဲ့တာလဲ။

  1. Anonymous said... :
    This comment has been removed by a blog administrator.
  1. Anonymous said... :

    မဲသူခိုး ဘိုသန်းရွှေ က သူ့မိန်းမ သမီး မြေးတွေကို ဒီလောက် ထိ ရှေ့တန်း ပို့နေတာတွေဟာ စစ်တပ်သမိုင်းမှာ အင်မတန် အရုပ်ဆိုးနေပြီ။ လက်ရှိ စစ်ဘိုချုပ်တွေလဲ ဒါကို ဒီအတိုင်း ထိုင်ကြည့်နေတာတွေ ဟာ ဘိုသန်းရွှေ ငါတကော ကောဘို့ ဖြစ်နေပြီ။ ဘိုမောင်အေး ဘိုရွှေမန်း တို့ ဘာမှ မပြောရဲပုံ ထောက်ရင် လက်ရှိ နိုင်ငံ သမိုင်း ဟာ နောင်တချိန်မှာ ရီစရာ ဖြစ်နေတော့မှာ အမှန်ပဲ။ အဲဒီ အခါကျ သောက်ရှက်ကွဲ ရမှာက နေရွှေသွေးအောင် ဆိုသူနဲ့ သူ့မိသားစုပါ။

  1. Anonymous said... :

    မြန်မာ့ စစ်တပ် သမိုင်း မှာ အင်မတန် အရုပ်ဆိုး အကျဉ်းတန်တဲ့ လုပ်ရပ်တွေကို ဘိုသန်းရွှေ လုပ်ခဲ့တာ ရာဇဝင်တွင်ရစ်မယ်။ ဒင်းမိသားစု သားစဉ်မြေးဆက် ဒင်းဒါဏ်တွေကို ခံရတော့မယ်။ ဒင်း ပညာဥာဏ် ဒီလောက်နဲ တာ ဘယ်လိုမှာ စဉ်းစားလို့မရဘူး။

  1. Anonymous said... :

    ဒီသတင်းကို ဖတ်လိုက်ရချိန်မှာ ဧရာဝတီဘလော့ ရဲ့ အဆင့်အတန်းက အရပ်ထဲမှာ မနာလို အတင်းပြောတတ်တဲ့ မိန်းမကြီးတွေ သန်းရှာရင် အတင်းတုတ်နေသလို မြင်မိတယ်ဗျာ။ ဦးသန်းရွှေ မိသားစုကို ပြောချင်တာကို လက်ခံပါတယ်။ ဒါပေမဲ့ အက်မင်တို့ ပြောတော့ ဧရာဝတီ သတင်းဌာနရဲ့ လက်ခွဲဆိုဗျ။ ဒါဆို ဧရာဝတီ သတင်းဌာနရဲ့ အဆင့်အတန်းကိုပါ ဖော်ပြနေတယ်ဆိုတာ သတိပြုကြပါ။ ပြောတော့ ဘက်မလိုက် မီဒီယာဆို။ သတင်းဌာနအနေနဲ့  သတင်းတင်မယ်ဆိုရင် နဲနဲပါးပါးတော့ လေ့လာပါအုံး။ ဆုရဗိုလ်လောင်း (၄)ဦးနဲ့  သူ့ တို့ မိသားစုကိုတွေ့ တာ သပ်သပ်တစ်နေရာပါ။ ကျောင်ဆင်းပွဲ ကျင်းပနေတဲ့ ခန်းမ မှာ မဟုတ်ပါဘူး။ အခု ရေးတာတွေက အရပ်ထဲက ကောလဟာလကို အတင်းပြောနေတဲ့ ပုံမျိုးဖြစ်နေပြီ။ ဧရာဝတီ သတင်းဌာန ရဲ့ သတင်းတိကျ ခိုင်မာမှု ၊ တင်ပြမှု အဆင့်အတန်းက ဒီလောက်ပဲ ရှိတာလားဗျာ။

  1. ahphyulay said... :

    အင်း....
    ငါ့ မိသားစုကို မင်းတို့ ကြည့် ထား၊ အလွတ်ကျက်ထား ။ ဒါတွေပဲ
    မင်းတို့ သခင်တွေ၊ မင်းတို့ ကိုးကွယ်ရမဲ့ ဟာတွေ ဆိုသလိုပေါ့ ဗျာ..။
    သူ့ ဘေးကလူတွေဦးဏှောက်ကလဲ ချီး အမျိုးအစား ဖြစ်မယ်။
    ပထမတန်းစားတွေပါ။ အော်.. လုပ်စားတာ၊ လုပ်စားတာ..။

  1. သန်းရွှေကို ကြည့်ရတာ သူ့ကိုယ်သူ ဘုရင်လို့ အောက်မေ့နေပုံရတယ်။ ထိုင်းဘုရင်လိုမျိုး တော်ဝင်မိသားစု အဖြစ်နဲ့ ရာသက်ပန် အထက်မှာချည်း နေချင်တယ်၊ ထိုင်းဘုရင်ကို တုဖို့ကလည်း တခြားစီ ဟိုကနဂိုကတည်းက ဘုရင်မင်းဆက်ကလာတာ၊ ပြည်သူကလည်း ချစ်သလို သူကလည်း ပြည်သူအတွက်၊ အလုပ်လုပ်ခဲ့တာ အခုအိုမင်း နေတာတောင် တိုင်းပြည်အတွက် အစားထိုးစွမ်းအင်ကိစ္စ၊ ရေလွမ်းမိုးမှု ကာကွယ်မယ့် ကိစ္စတွေကို အမြဲစဉ်းစား ပေးနေသေးတယ်။ သန်းရွှေကတော့ ဘယ်လိုခိုးရမယ်၊ အာဏာကို ဘယ်လိုဆက်ထိန်းထားရမယ်၊ဘယ်ကောင်ကို ဘယ်နေရာပို့ ထားရင် စိတ်ချရမယ်၊ဘယ်ကောင်ကို ဘယ်လိုတွယ်လိုက်ရင် ကောင်းမယ် စတာတွေပဲ့ စဉ်းစားတာ သူဦးဆောင်ကောင်းလို့ တိုင်းပြည်လည်း အဘက်ဘက်မှာ နောက်ကျကျန်ခဲ့ပြီး အဖတ်ဆည်လို့ မရအောင်ပျက်စီးနေပြီ။ ဆင်နင်းပြီး မြင်းကန်ခံရမယ့် တနေ့တောု့ရောက်ကို ရောက်အုံးမှာ....။

  1.ှုငရဲပြည်အသီးသီးက ပေးပို့ထားတဲ့ တံဆိပ်တွေပါ။ ကြိုတင် ဘွတ်ကင်တွေလေ။
    သူ့လို တံဆိပ်တွေအတွက် သင် အားမကျနဲ့နော်.... သူက ငရဲပြည်ရောက်ရင် လည်း သက်တမ်းအရှည်ဆုံး ဆိုတဲ့ ဂုဏ်ထူးတစ်ခု ပထမဆွတ်ခူးနိုင်တယ်လို့ www.yamamin.com ( ယမမင်း ဒေါ့ကွန်း)က ခတ်မှန်းထားပါတယ်ဆိုတဲ့ အကြောင်း ... မေမေ့သားမှ ထပ်လောင်းလိုက်ပါတယ်ခင်ဗျာ

  1. Anonymous said... :

    When they go into DSA they were only 16 year old, very young, now 4 year Brain Wash in DSA is finish, later they will be sent to Russia for more brain wash and come to Irrawaddy blog Cbox and ..ဆဲကြပါလိမ့်မယ်

  1. Anonymous said... :

    စင်ကာပူကိုလာကြည့်ခိုင်းလိုက်ပါ။ လမ်းတွေနေ့တိုင်းပြင်နေတာ။ လမ်းဖောက်တံတားဆောက်၊ ကျောင်းဆောက်တာနဲ့တိုင်းပြည်တိုးတက် တယ်လို့ခေါ်သလား။ ရဟန်းသံဃာကိုကြတော့သတ်ပြီး ချီးထုတ်သိကြားမင်း ဖြစ်ချင်တယ်နဲ့တူတယ်။ ဂက်စ်ရောင်းစားတယ်။ လျှပ်စစ်မီးတော့ ရအောင် မလုပ်ဘူး။ ရောင်းစားပြီး အိတ်ထဲထည့်တယ်။

  1. Anonymous said... :

    Something's wrong. There're no outdoor pictures. Didn't he attend parade held outdoor?

  1. Anonymous said... :

    Bo laungs are nucleus of armed killers/robbers/dictators. These pre-natals should be removed before they grow bigger. Weeds are easier to kill while they're small/young.

  1. Anonymous said... :
    This comment has been removed by a blog administrator.
  1. Anonymous said... :
    This comment has been removed by a blog administrator.
  1. Anonymous said... :

    ဇောက်မနက်တဲ့ အကြံနဲ့  တိုင်းပြည်ကို အုပ်ချုပ်ပြီး ဘယ်သူကပေးလို့  ရထားတဲ့ ဆုတံဆိပ်တွေပါလိမ့်ဗျာ ။

  1. Anonymous said... :

    စစ်တပ်ကိုချစ်ပါတယ် ။ ဒါပေမယ့် တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ သန်းရွှေ နဲ့ အပေါင်းအပါတစ်စုကို သပ်ချင်စိတ်ပေါက်အောင် မုန်းတယ် ။ မိသားစုကောင်းစားဖို့ပဲ ကြည့်တဲ့ကောင်တွေ ။ တပ်ကအောက်လက်ငယ်သားတွေကို ဘာတခုမှပြန်ကြည့်ကြတာမဟုတ်ဘူး ။ မသိရင်ခက်မယ် ။

  1. ဗဟန်း said... :

    ဒေါ်အောင်ဆန်းစုကြည်ရဲ့သား ဘိုကပြားက တိုက်ပုံနဲ့ လည်ကတုံးနဲ့ အခန်းအနား တွေ တက်နေတဲ့အချိန်မှာ.. အနောက်အားကိုး အနောက်နိုင်ငံတွေရဲ့ ချီး ရည်ကို ရေခဲစိမ် သောက်ချင်တဲ့ နေရွှေသွေးအောင် တို့က တပ်စ်စီးဒိုး အနက်ရောင် ၀တ်စုံ ၀တ်ပြီး နောင်တစ်ခေတ်ရဲ့ငြောင်စစ်သည် အခန်းအနားတက်တာတော့ ရှက်စရာ ဟေ့.. မျိုးချစ်ကြီး ဗိုလ်သန်းကလဲ တုံတုံချိချိနဲ့ သူ့မြေး သူမနိုင်ပုံပေါက်နေပ.. သူ့သမီးတွေနဲ့ သူ့မိန်းမရုပ်ကဖြင့် ရှစ်ခေါက်ချိုး မျက်နှာနဲ့ ထန်ပြနေလိုက်ပုံများ.. ကျောင်းဆင်းဗိုလ်လောင်းများကဘဲ.. သူတို့ရဲ့ အတွင်းခံ ဘောင်းဘီတွေ လျှော်ပေးရတော့မလိုနဲ့... သူတို့ ထိုင်တဲ့ခုံက တင်အောင်မြင့်ဦးရဲ့ ခုံထက် အနည်းငယ် မြင့်ပြီး ခန်းနားကြီးကျယ်ပြနေတာကဖြင့်.. တင်အောင်မြင့်ဦးတို့ အနှစ် ၄၀ ကျော် နေ့မအိပ်ညမအိပ် ကြိုးစားထားခဲ့သမျှဟာ နေရွှေသွေးအောင် လောက် အဆင့်အတန်း မရှိဘူးဆိုတာ ဖေါ်ပြတယ်လို့ထင်ပ.. ဒီအတိုင်းသာ ဆက်လျှောက်နေရင်ဖြင့် စိတ်ထဲ ဗမာပြည်ရဲ့ ဇာဘုရင်မိသားစုလို အစုလိုက်အပြုံလိုက် သမ ခံရမလား.. ကျုပ်ကတော့ ဒင်းတို့ကို ထားဝယ်ကြိမ် ရေစိမ်ပြီး အချက် ၂၀ လောက်ဆီ ဘဲရိုက်ကြပါလို့ မေတ္တာရပ်ခံရမှာဘဲ...

  1. Anonymous said... :

    ဘယ်‌နေရာကိုသွားသွား..ထိုင်တဲ့ခုံ‌တွေကမတန်မရာ...နာဂစ်တုံးကလဲ
    လူ‌တွေဒီ‌လောက်ဒုက်ခ‌ရောက်‌နေတဲ့အချိန်..ဒင်းတို့လာ‌တော့ထိုင်တဲ့ထိုင်ခုံ‌တွေကမြင်မ‌ကောင်းရှုမ‌ကောင်း‌အောင်ခမ်းနားကြီး
    ကျယ်‌နေတယ်..ခန်းမကဖြင့်အမိုးအကာမလုံမလဲနဲ့..သွား‌လေရာ‌နေရာကို
    ဖင်မြတ်‌တွေထိုင်‌တော်မူဖို့အတွက်ရာဇပလင်သယ်သွားရပုံ‌ပေါ်တယ်..
    ဒင်းတို့ပ‌ထွေးတရုပ်သမတကြီး‌တောင်မှသူ့နိုင်ငံကလယ်သမားအဖိုးကြီး‌တွေနဲ့အတူသစ်သားကုလားထိုင်ရိုးရိုး‌လေးမှာထိုင်ပြီးစကား‌တွေပြောလို့...ဒါမျိုးကျ‌တော့အတုယူရ‌ကောင်းမှန်းမသိဘူး..ကြီး‌လေမိုက်‌လေ...ကျီးမိုက်‌တွေ...။

  1. တာတေ said... :

    ကျွန်လောင်းသင်တန်းဆင်းပွဲကြီးဆိုပါလား...

  1. Kyang Wang said... :

    (မနေ့ က သတင်းစာ
    အထူးမှတ်ချက် - သတင်း မဟုတ်ပါ။
    ပေါက်တတ်ကရ ရေးထားခြင်း ဖြစ်သည်။ ) လို့ ရေးထားပီပဲဗျ။ ခင်ဗျား သတင်းဖတ်ချင် http://www.irrawaddy.org/bur/index.php/news/5212-2010-12-11-10-43-44 အဲမှာသွားဖတ်လေ။ နေရာမှားနေတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved